WW2ဒုတိယကမ္ဘာစစ်ပြီးသည်ကိုနှစ်၃၀ကြာသည်အထိ လက်မခံပဲစစ်ဆက်တိုက်နေသောစစ်သားကြီး

သူ့နာမည်က Hiroo Onoda ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်က ဂျပန်စစ်ဗိုလ်တစ်ယောက်ဖြစ်ခဲ့ပြီး ဖိလစ်ပိုင်လူဘန်းကျွန်းကိုရောက်ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့အသက် ၂၂နှစ်သာရှိသေးပြီး ရန်သူတွေကိုဖြိုခွင်းဖို့တာဝန်နဲ့ရောက်ရှိခဲ့တာပါ။ သူ့ကိုပို့စဉ်က ခေါင်းဆောင်ဖြစ်သူက ဘယ်တော့မှလက်နက်မချဖို့၊ ကိုယ့်ကိုကိုယ်သတ်သေခြင်းနည်းနဲ့ရှောင်မထွက်ဖို့ အမိန့်ပေးထားခဲ့ပါတယ်။

ဒါ့ကြောင့် Hiroo Onoda နဲ့ရဲဘော် ၃ယောက်တို့ဟာ စစ်ရှုံးနေမှန်းသိပေမယ့် ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။ စစ်ပြီးသွားပြီး လက်နက်ချဖို့ပြောခဲ့ပေမယ့် လက်မခံခဲ့ကြပါဘူး။သူတို့ရဲ့မိသားစုတွေရဲ့ဓာတ်ပုံတွေ၊ ဂျပန်ပြည်ရဲ့ဓာတ်ပုံတွေကို သတိရစေဖို့ကျဲချပြီး လက်နက်ချဖို့ပြောခဲ့ပေမယ့် ဒါဟာ လှည့်စားချက်တစ်ခုသာထင်ပြီး ပုန်းအောင်းနေခဲ့ကြပါတယ်။ တောထဲက ငှက်ပျောသီး အုန်းသီးများကိုစားပြီး အသက်ရှင်ခဲ့ကြပါတယ်။

သူတို့ပုန်းအောင်းပြီး ၅နှစ်ကြာတဲ့အခါမှာတော့ ရဲဘော်ရဲဘက်တစ်ဦးဖြစ်တဲ့ Yuichi Akatsu က လက်နက်ချပြီးအလင်းဝင်သွားခဲ့ပါတယ်။ Yuichi Akatsuက တခြားတာဝန်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အတူ သူငယ်ချင်း၃ယောက်ကိုရှာပြီး လက်နက်ချဖို့စည်းရုံးခဲ့ပေမယ့် လုံးဝလက်မခံပဲ ပုန်းအောင်းနေမြဲ ပုန်းအောင်းနေခဲ့ကြပါတယ်။ကျန်တဲ့အထဲကတစ်ယောက်ဟာ လူရှာအဖွဲတစ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားရင်း ၁၉၅၄ ခုနှစ်မှာပစ်သတ်ခံခဲ့ရပါတယ်။ ၁၉၇၂ မှာတော့ အခြားတစ်ယောက်ဟာလည်း လယ်ကွင်းကိုမီးရှို့တာကြောင့်နယ်မြေရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် onoda တစ်ဦးတည်းသာကျန်ပါတော့တယ်။ အမျိုးမျိုးစည်းရုံးရှင်းပြပေမယ့် လက်မခံပဲ ပုန်းအောင်းနေမြဲပါ။

သူ့သတင်းကိုကြားပြီးစိတ်ဝင်စားသွားတဲ့ Norio Suzuki ဆိုတဲ့ဂျပန်လူမျိုးတစ်ယောက်ဟာတောထဲဝင်ကာ onoda ကိုလိုက်လံရှာဖွေခဲ့ပါတယ်။ တွေ့တဲ့အခါ ရင်းနှီးအောင်ပေါင်းသင်းပြီး ဂျပန်တွေလက်နက်ချသွားပြီဖြစ်ကြောင်း၊ အေးအေးဆေးဆေး အိမ်ပြန်လို့ရပြီဖြစ်ကြောင်း နားချခဲ့ပေမယ့်လက်မခံခဲ့ပါဘူး။ အတန်တန်ပြောတဲ့အခါမှ သူ့ခေါင်းဆောင်ရဲ့အမိန့်ကို အခုချိန်ထိနာခံနေဆဲဖြစ်ကြောင်း အခြားမည်သူပြောတာကိုမှ လက်မခံကြောင်း ပြန်ပြောခဲ့ပါတယ်။

ဒါနဲ့ Norio Suzuki ဟာဂျပန်ကိုပြန်လာပြီး ကမ္ဘာစစ်အတွင်းက onoda ရဲ့ခေါင်းဆောင်ကိုလိုက်ရှာတဲ့အခါ စာအုပ်လုပ်ငန်းလုပ်နေတာကိုတွေခဲ့ရပါတယ်။ ဒါနဲ့ခေါင်းဆောင်ဖြစ်သူကိုပါ onoda ရှိတဲ့ဖိလစ်ပိုင်ကျွန်းကိုခေါ်လာပြီး လက်နက်ချဖို့အမိန့်ထုတ်တော့မှ သူအနှစ်၃၀ ကိုင်လာတဲ့ ရိုင်ဖယ်ကိုလက်ကချပြီးပြန်လိုက်လာပါတော့တယ်။ သူ့ရဲ့ဒါးကိုတော့ လက်နက်ချတဲ့အနေနဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ် ကိုပေးခဲ့ပါတယ်။

သူ ဂျပန်ကိုပြန်ရောက်ခဲ့ပေမယ့် အဆင်မပြေတော့ပါဘူး။ နှစ်ပေါင်းများစွာခေတ်ကြီးနဲ့ကင်းကွာနေတာကြောင့် ခေတ်မီနေတဲ့ ဂျပန်နိုင်ငံမှာအဆင်ပြေဖို့အတွက်ရုန်းကန်ရပါတယ်။ ရုန်ကန်မှု့တွေလုပ်နေရင်း ဘရာဇီးကိုပြောင်းရွေ့ကာ လယ်သမားအဖြစ်အသက်မွေးခဲ့ပြန်ပါတယ်။၁၉၈၄ မှာတော့ဂျပန်ကိုပြန်လာပြီးကလေးငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ အဖွဲ့တွေဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကြီးပြီးလို့ နှစ်ပေါင်း၃၀ ကြာပေမယ့် လက်နက်မချတဲ့စစ်သားကြီးဟာ အသက်၉၁နှစ်အရွယ် ၂၀၁၄ ဇန်နဝါရီလ ၁၆ ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။