US ဗဟိုဘဏ်က အတိုးနှုန်း လစဉ်ဆက်တိုက် မြှင့်တင်မည်၊ မြန်မာပြည် ဒေါ်လာစျေး ဆက်တက်ဦးမည်

Post Views:
742
US ဗဟိုဘဏ်က အတိုးနှုန်း လစဉ်ဆက်တိုက် မြှင့်တင်မည်၊ မြန်မာပြည် ဒေါ်လာစျေး ဆက်တက်ဦးမည်၊ ကုန်စျေးနှုန်းတွေ ဆက်တက်မည်..
အမေရိကန် US ဗဟိုဘဏ်က အတိုးနှုန်းကို လစဉ်ဆက်တိုက်မြှင့်သွားမှာ ဖြစ်တယ်။ ၂၀၂၂ အကုန်မှာ ၄-၄.၂၅% ထိရောက်အောင် မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်ဆိုသဗျ။ အခုက ၂.၂၅% ထိ မြှင့်ပြီးပြီ။ စက်တင်ဘာမှာ ၇၅ bp, နိုဝင်ဘာမှာ ၅၀ bp နဲ့ ဒီဇင်ဘာမှာ ၅၀ bp မြှင့်တင်မယ်လို့ဆိုထားတယ်။ US နိုင်ငံသားတစ်ယောက်ရဲ့ စုငွေစာရင်းမှာ နှစ်ကုန်ရရှိမဲ့ ပျမ်းမျှအတိုးငွေ နှစ်ဆတိုးသွားပြီလို့ ဆိုနိုင်ပါတယ်။
US မှာငွေဖောင်းပွမှု အညွှန်းကိန်း (CPI) 8.3 ရှိနေပြီး စားကုန်နဲ့လောင်စာ အနေနဲ့တော့ 6.3% ရှိနေပါတယ်။ (ယူကရိန်းကို ထောက်ပံ့နေတဲ့ ငွေကြေးတန်ဖိုးတွက်ရင်လည်း ဘီလျံရှိနေပါပြီ။) ဒီအချက်တွေက ရင်းနှီးမြှပ်နှံသူတွေကို အရမ်းကာရော risk ယူရမဲ့အလုပ်တွေမလုပ်ဖို့၊ လူနဲ့လုပ်ငန်းတွေ ချေးငွေ ယူတာလျော့ချဖို့ တွန်းအားပေးလိုက်သလိုပါပဲ။
ချေးငွေတွေရဲ့ အတိုးတွေလည်းတက်မှာဖြစ်လို့ ငွေကျုံ့မှုကိုဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။ (Fed ရဲ့ ငွေဖောင်းပွမှုတိုက်ဖျက်ရေး အစီစဉ်ပါ။)
မိမိတို့နဲ့ ဘယ်လိုပါတ်သက်လဲမေးရင် ဒေါ်လာတန်ဖိုး ဆက်ပြီး မြှင့်တက်နေနိုင်တာဖြစ်လို့ ဒေါ်လာနဲ့ဝယ်ရတဲ့ ကုန်စျေးနူန်းတွေကျဖို့ မရှိ၊ တက်ဖို့သာရှိပါမယ်။ အတိုးမြှင့်နေတဲ့အတွက် အကြွေးယူလေ၊ အတိုးနစ်လေဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် လက်ငင်းငွေသားလိုအပ်ချက်ပိုပြီး မြှင့်မားလာနိုင်တယ်လို့ ခန့်မှန်းရခြင်းပါ ခင်ဗျာ။ (Kyaw San)
“ယနေ့ ဒေါ်လာစျေး သတင်း”.. ပြင်ပငွေကြေးဈေးကွက်မှာ ဒေါ်လာဈေး ကျရိပ်အနည်းငယ်ပြခဲ့ပေမယ့် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၀၀၀ အထက် ဈေးတန်းမှာပဲ ဆက်လက်ရှိနေတယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေဆီက သိရပါတယ်။
ဒီနေ့စက်တင်ဘာ ၁၉ ရက်မှာ ပြင်ပဒေါ်လာဈေးမှာ တစ်ဒေါ်လာကို ကျပ် ၃၂၀၀ ကနေ ၃၃၀၀ ဝန်းကျင်မှာ ကြိုက်ရောင်းကြိုက်ဝယ် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလအတွင်း ပြင်ပဒေါ်လာဈေးအနေနဲ့ ကျပ် ၃၂၀၀ ကနေ ၃၅၀၀ ဝန်းကျင်မှာရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က တစ်ဒေါ်လာ ကျပ် ၃၂၀၀ က အနိမ့်ဆုံးဈေးတန်းတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ သန်း ၂၀၀ ကို လိုအပ်ချက်ရှိနေတဲ့ကဏ္ဍတွေမှာ ဖြည့်တင်းပေးထားတယ်လို့ ဆိုပေမယ့် ပြင်ပဒေါ်လာဈေးကွက်မှာတော့ တစ်ဒေါ်လာ ကျပ် ၃၀၀၀ အောက် ကျဆင်းလာတာမရှိသေးပါ။
Crd
Crd