USမှာထရမ့်ဆင်းပြီးဘိုင်ဒင်အတက်နဲ့ဂွာတီမာလာမှပိတ်မိနေတဲ့ဟွန်ဒူရပ်စ်ရွှေ့ပြောင်းတွေဘ၀

အခု US မှာ ထရမ့်ဆင်းပြီး ဘိုင်ဒင်တက်တော့မယ်ဆိုတော့ ဟွန်ဒူရပ်စ်ရွှေ့ပြောင်းတွေ အားတက်ပြီး US မှာ ခိုလှုံဖို့ အုပ်လိုက်ချီလာတာ ၈၀၀၀ လောက်ရှိပြီး အခု ဂွာတီမာလာထဲ ရောက်နေတယ်။ သောကြာနေ့ထဲက ရောက်လာတဲ့ အဲဒီလူအုပ်ကို ဂွာတီမာလာလုံထိန်းတပ်တွေက ဖြိုခွဲခဲ့လို့ အခုရှေ့တိုးမရ နောက်ပြန်မရနဲ့ ပိတ်မိနေကြတယ်။

ဂွာတီမာလာလုံထိန်းတွေက ဟွန်ဒူရပ်စ်ရာဂဏန်းလောက်ကိုတော့ ဟွန်ဒူရပ်စ်ထဲ ပြန်နှင်ထုတ်နိုင်ခဲ့တယ်လို့ ပြောနေတယ်။
မြန်မာတွေပါးစပ်နဲ့ဆို ခိုးဝင်တွေလို့ အလွယ်တကူသမုတ်ခံရမယ့် အဲဒီရွှေ့ပြောင်းတွေက ဇာတိ ဟွန်ဒူရပ်စ်မှာ ဥပဒေမဲ့ ဖြစ်ရတဲ့အထဲ ဟာရီကိန်းကနှစ်ဆင့်တိုက်ပြီး ကိုဗစ်ကပ်ဘေးပါထိလို့ နိုင်ငံစွန့်လာကြတာ

နောက်ခံလေးနည်းနည်းပြန်တို့ရရင် ..ထရမ့်လက်ထက်မှာ မွတ်စလင်အများစုအာဖရိကနိုင်ငံတွေကို ဗီဇာပိတ်တယ်၊ အဲဒီနိုင်ငံတွေကို မိလ္လာတွင်းထဲကနိုင်ငံတွေလို့ပြောလို့ အာဖရိကဘက်က ဒေါသထွက်ကြသေးတယ်၊ ဗီဇာပိတ်တဲ့စာရင်းကို ထပ်ချဲ့တာ မြန်မာတောင် ပါသွားသေးတယ်၊ ထရမ့်အမြင်မှာ မြန်မာကို အာဖရိကနိုင်ငံတွေနဲ့တောင် သိပ်ကွဲပုံမရဘူး၊ ဒါပေမယ့် ပြည်တွင်းပြည်ပက ထရမ့်လိုလားသူတွေထဲမှာ မြန်မာတွေလည်း အများကြီးပါတယ်- တရုတ်မုန်းတီးရေးကို ဆွပေးတာကြောင့် ဖြစ်နိုင်တယ်။

တောင်ပိုင်း မက်ဆီကိုနယ်စပ်မှာလည်း ဗဟိုအမေရိကဒေသက ရွှေ့ပြောင်းတွေ မဝင်နိုင်အောင် တံတိုင်းကြီးဆောက်နေတယ်၊ မက်ဆီကိုကနေ တံတိုင်းဖိုး ပိုက်ဆံတောင်းမယ် ဘာညာပြောပြီး နောက်ဆုံးကျတော့လည်း အမေရိကန် ပြည်သူတွေရဲ့ အခွန်ငွေကနေပဲ ဘီလျံချီ ကျခံရတယ်။ ပင်တဂွန်ရန်ပုံငွေထဲကနေ ခေါင်းစဉ်ပြောင်းသုံးတာတွေလည်း ပါတယ်။
ဒါပေမယ့်လည်း မက်ဆီကန်ဘက်ကနေ တရားမဝင် ဝင်တာလည်း ဝင်တုန်းပဲ၊ မက်ဆီကန်တွေတင်မက ပဋိပက္ခတွေနဲ့ မပြေလည်တဲ့ ဟွန်ဒူရပ်စ်တို့ ဂွာတီမာလာတို့လည်း မက်ဆီကန်ဘက်ကနေ အမေရိကန်ထဲ ဝင်ခိုလှုံဖို့ ကြိုးစားကြတယ်။ မိသားစုလိုက်လာတဲ့ အဲဒီရွှေ့ပြောင်းတွေကိုဖမ်းပြီး အကျဉ်းစခန်းတွေထဲ ထည့်ထားတော့ သားသမီးတွေနဲ့ မိဘတွေ တစ်ကွဲစီထားလို့ ထရမ့်အစိုးရ နာမည်ပိုပျက်ခဲ့တယ်၊ လူ့အခွင့်အရေးအုပ်စုတွေက ကောင်းကောင်းကြိတ်ကြတယ်။

ထရမ့်က အဲဒီလိုရွှေ့ပြောင်းတွေ ကြားခံနိုင်ငံတစ်ခုကို ဖြတ်ပြီးမှ အမေရိကန်ထဲရောက်လာရင် ကြားထဲက အဖြတ်ခံတဲ့ နိုင်ငံကိုပါ အရေးယူဖို့လုပ်ခဲ့တယ်။ ဒါကြောင့် ဂွာတီမာလာတို့ မက်ဆီကိုတို့က ရွှေ့ပြောင်းတွေကို နှိမ်နင်းတာ..၊ အခု ကိုဗစ်ရောဂါ အခြေအနေကြောင့်လည်း ကိုဗစ်မစစ်ဘဲ နိုင်ငံခြားသားအဝင်မခံနိုင်တဲ့ အခြေအနေ၊ ငတ်လို့ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းတွေကလည်း ဘယ်လိုလုပ် ကိုဗစ် စစ်လာနိုင်မှာတဲ့လဲ။

လောလောဆည်တော့ ဟွန်ဒူရပ်စ်ရွှေ့ပြောင်း ၂၀၀၀ လောက်ဟာ ဟွန်ဒူရပ်စ်နဲ့ အဲလ်ဆာဗေဒိုနယ်စပ်နားက ဟိုင်းဝေးလမ်းဘေးမှာ စခန်းချပြီး ဒုက္ခရောက်နေကြတယ်။ တချို့က တောင်တန်းဆီကို ချီတက်ပြီး မက်ဆီကိုနယ်စပ်ဘက် ဦးတည်နေတယ်၊ အဲဒီနယ်စပ်မှာလည်း အစောင့်တွေရှိတာပဲ။
ဟွန်ဒူရပ်စ်တို့လို ဥပဒေမစိုးမိုးတဲ့နိုင်ငံတွေ၊ ဗင်နီဇွဲလားလို စစ်တပ်ကို အာဏာရှင်ကချုပ်ကိုင်ထားတဲ့နိုင်ငံတွေက ဒုက္ခရောက်တဲ့ပြည်သူတွေ အုပ်စုလိုက် နိုင်ငံစွန့်ခွာပြီး ခိုလှုံရာရှာကြတဲ့ မြင်ကွင်းတွေက သတိတွေပေးနေတယ်.. သတိတွေ..။

Min Myat San မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi