ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအမြန်သွား စစ်ရေယာဥ်များ FAC(Submarine Chasers)

တပ်မတော်(ရေ)အတွက် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး(Anti-Submatine Warfare – ASW)ကို အားသစ် လောင်းမည့် ရန်ငြိမ်းအောင်အတန်းအစား(Yan Nyein Aung class)

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအမြန်သွား စစ်ရေယာဥ်များ FAC(Submarine Chasers)
ရန်ငြိမ်းအောင်အတန်းအစား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဥ်များဖြစ်သော ရန်ငြိမ်းအောင်(၄၄၃) နှင့် ရန်ရဲအောင်(၄၄၆) ၂ စီး အား တပ်တော်ဝင်အသုံးပြုခဲ့သည်။
အရွယ်အစားအားဖြင့် အလျား ၆၃ မီတာ၊ ဗျက် ၇.၅ မီတာ၊ ရေစူး ၁.၈၅ မီတာ နှင့် ခန့်မှန်းတန်ချိန် ၆၀၀ ရှိသော စစ် ရေယာဥ်များဖြစ်သည်။ စစ်ရေယာဥ် ၂ စီး ကို သံမဏိအပြင် ပေါ့ပါးခိုင်မာသည့် အလျူမီနီယံဖြင့် ပေါင်းစပ်တည်ဆောက် ထားသောကြောင့် တန်ချိန်လျှော့ချနိုင်ကာ လျှင်မြန်မှုကို ပိုမို စေသည်။ စစ်ရေယာဥ်များ၏ ထူးခြားချက်မှာ Warterjet ဟုခေါ်သည့် တွန်းကန်အားစနစ်ကို အသုံးပြုထားသော ကြောင့် တစ်နာရီ ရေမိုင် ၃၅ မိုင် နှုန်းဖြင့် ခုတ်မောင်းနိုင် လာပြီး ပင်လယ်ပြင်တွင် လှုပ်ရှားစစ်ကစားမှု ပိုမိုကောင်း မွန်လာခြင်း ဖြစ်သည်။ စစ်ရေယာဥ် ၂ စီး အား ရန်သူစစ် ရေယာဥ်၏ ရေဒါမှ ဖမ်းယူမှုခက်ခဲစေရန် ကိုယ်ပျောက်နည်း ပညာ ဒီဇိုင်းဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ပင်လယ် ပြင်တွင် ကြာရှည်စွာနေထိုင်မှုမှာ ရက်ပေါင်း ၃၀ ဖြစ်သည်။

ရေငုပ်သင်္ဘောတိုဂ်ဖျက်ရေးစစ်ရေယာဥ်အနေဖြင့် အိန္ဒိယမှ ထုတ်လုပ်သည့် Shyena တော်ပီဒိုများကို အကျိုးရှိရှိအသုံး ချခြင်းပင် ဖြစ်သည်။ အဆိုပါတော်ပီဒိုမှာ အဆင့်မြင့်အပေါ့ စားတော်ပီဒို(Advanced Light Weight Torpedo – TAL)အမျိုးအစား ဖြစ်သည်။ အလေးချိန် ၂၂၀ ကီလိုဂရမ် ရှိပြီး အလျား ၂. ၇၅ မီတာ ၊ အချင်း ၃၂၄ မီတာ အရွယ်အစား ရှိကာ ၅၀ ကီလိုဂရမ် ရှိသော ထိပ်ဖူးကို တပ်ဆင်ထားသည်။

ထိပ်ဖူးအနေဖြင့် High Explosive(HE)ခေါ် ပေါက်ကွဲအားပြင်းထိပ်ဖူးဖြစ်သည်။ လျှပ်စစ်အင်ဂျင်ကို အသုံးပြုထား ကာ ရေအနက် ၅၄၀ မီတာ၊ အကွာအဝေး ၁၉ ကီလိုမီတာ ရှိ ရေငုပ်သင်္ဘောကို တိုက်ခိုက်နိုင်သည်။ တော်ပီဒို၏ အမြန်နှုန်းအနေဖြင့် တစ်နာရီ ရေမိုင် ၃၃ မိုင် ဖြစ်သည်။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ရေယာဥ်တွင် လက်နက်တပ်ဆင်မှုအနေဖြင့် တရုတ်ထုတ် ပုံစံ-၆၆ နှစ်လက်ပူး ၅၇ မမ ကို တပ်ဆင်ထားသည်။ ထို့အပြင် အနိမ့်ပျံပစ်မှတ်များကိုတိုက်ခိုက်ရန်အတွက် ၂၅ မမ နှစ်လက်ပူး 2M-3M လေယာဥ်ပစ်စက်သေနတ်ကြီးကိုလည်း တပ်ဆင်ပေးထားသည်။စစ်ရေယာဥ်အနေဖြင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဖြစ်သည့်အတွက် ပုံစံ-၈၁ ASW rocket launchers ၂ စုံ၊ Shyena တော်ပီဒို ၃ လုံး ပစ်လွှတ်နိုင်သည့် triple-tubes torpedo launchers ၂ စုံ ၊ Large Depth Charge throwers ၂ စုံ တို့ဖြစ်သည်။ ရေငုပ်သင်္ဘောထောက်လှမ်း ရန်အတွက် BLACKFISH(hull-mounted sonar)အား တပိဆင်ပေးထားသည်။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းကမ်းရိုးတန်းရှည်လျားသည့် နိုင်ငံဖြစ်သည့်အတွက် ပိုင်နက်ပင်လယ်ကိုကာကွယ် ရန်မှာ မလွယ်ကူသည့် အခြေအနေဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အော်တို့နှင့် ထိစပ်နေသောကြောင့် ရေကြောင်း ဆိုင်ရာခြိမ်းခြောက်မှုကို တွန်းလှန်ရန် ဦးစားပေးအနေဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ရေယာဥ် ၂ စီး အနေဖြင့် မိမိဘာသာတိုက်ပွဲဝင်ခြင်းအတွက် ရေတပ်စု(Fleet)အနေ ဖြင့်သာ ပူးပေါင်းတိုက်ပွဲဝင်ရန်ဖြစ်သည်။ ရန်သူမှ လူသူမနေထိုင်သည့် မိမိပိုင်ကျွန်းအား တိုက်ခိုက်သိမ်းပိုက်ထားသည့်အခြေအနေတွင် အဆိုပါစစ်ရေယာဥ် ၂ စီး ပါဝင်သော ရေတပ်စု(Fleet)ဖြင့် ပြန်လည်ရယူမည် ဖြစ်သည်-
ဖရီးဂိတ်စစ်ရေယာဥ် (၁)စီး၊ကော်ဗက်စစ်ရေယာဥ်(၂)စီး၊အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဥ်(ဒုံးပျံ) ၂ စီး၊အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဥ်(အမြောက်) ၂ စီး၊ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ရေယာဥ် ၂ စီး၊ထောက်ပံ့ရေးစစ်ရေးယာဥ် ၂ စီး၊ဖရီးဂိတ်စစ်ရေယာဥ်ဦးဆောင်သော စစ်ရေယာဥ်စုမှ ရှေ့/ နောက်ဦးဆောင်ပုံပြုချီတက်ခြင်း(Single Line Column Formation)ဖြင့် ခုတ်မောင်းလာကာ လေကြောင်းရန် ကာကွယ်ရေးအတွက် Diamond Formation ဖြင့်ပုံပြု ချီတက်ပြီး လက်ယှက်ထိုး အပြန်အလှန်ကာကွယ်ပေးထား မည်ဖြစ်သည်။ ဖမ်းယူရရှိသည့် မိုးကုတ်စက်ဝိုင်းလွန်ပစ် မှတ်(Over the horizon target)အား စစ်ရေယာဥ်(ဒုံးပျံ) များမှ တိုက်ခိုက်မည် ဖြစ်သည်။ ထို့အပြင် စစ်ရေယာဥ်များ မှ အမြောက်လက်နက်များဖြင့် ရန်သူအား တိုက်ခိုက်ခြင်းကို လုပ်ဆောင်ပြီးနောက် အပြီးသတ်ချေမှုန်းခြင်း မပြုဘဲ အခြေစိုက်စခန်းသို့ပြန်လာကာ ကျောက်ချရပ်နားထား မည် ဖြစ်သည်။

သိမ်းပိုက်ထားသော ကျွန်းအား အပြီးသတ်ချေမှုန်းရန် အတွက် လေတပ်အကူအညီဖြင့် တိုက်ခိုက်ရန်အတွက် လေတပ်မှ အောက်ပါစစ်လေယာဥ်များ ပါဝင်လာမည် ဖြစ် သည်-Su-30 တိုက်လေယာဥ် ၄ စီး၊MiG-29 တိုင်လေယာဥ် ၄ စီး၊JF-17 တိုက်လေယာဥ် ၄ စီး၊F-7 တိုက်လေယာဥ် ၄ စီး၊A-5 တိုက်လေယာဥ် ၄ စီး၊G-4 တိုက်လေယာဥ် ၄ စီး၊ကွပ်ကဲမှုလေယာဥ် ၁ စီး၊ပင်လယ်ပြင်ကင်းထောက်လေယာဥ် ၂ စီး၊ရှာဖွေကယ်ဆယ်ရေးလေယာဥ့် ၁ စီး၊ရှာဖွေကယ်ဆယ်ရေးရဟတ်ယာဥ် ၃ စီး၊Su-30 တိုက်လေယာဥ်များ၊ MiG-29 တိုက်လေယာဥ်များ၊
JF-17 တိုက်လေယာဥ့်မျာ၊F-7 တိုက်လေယာဥ်များမှ ပျံတက်ကာ ဝေဟင်စိုးမိုးရေးနှင့် လက်နက်တပ်ဆင်ကင်း ထောက်ခြင်းကို ဆောင်ရွက်မည်ဖြစ် သည်။ Su-30 နှင့် MiG-29 တိုက်လေယာဥ်များမှ ဝေဟင် စိုးမိုးရေးအပြင် ကျွန်းပေါ်ရှိ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ချိန်တွင် JF-17 တိုက်လေယာဥ်များမှ ရန်သူ၏ စစ်ရေယာဥ်များကို တိုက်ခိုက်မည်ဖြစ်သည်။ A-5 နှင့် G-4 တိုက်လေယာဥ်များမှ ကျွန်းပေါ်ရှိ ရန်သူပစ်မှတ်များအား အပြီးသတ်ချေမှုန်း မည်ဖြစ်သည်။

ကွပ်ကဲမှုလေယာဥ်နှင့် ပင်လယ်ပြင်ပင်းထောက်လေယာဥ် များပျံသန်းပြီးနောက် ရရှိသည့် သတင်းအချက်အလက်ပေါ် မူတည်၍ ရေတပ်စုမှ ရန်သူရေတပ်အား အပြီးသတ်မောင်း ထုတ်ရန် ပဲ့ထိန်းဒုံးတပ်ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဥ် ဦးဆောင်၍ ရှေ့/နောက်ပုံပြုချီတက်၍ စစ်နည်းဗျုဟာ မြောက်ပုံပြုချီတက်ခြင်း(Crusing Formation)ဖြင့် ပြောင်းလဲကာ Battle Formation ဖြင့် ရန်သူစစ်ရေယာဥ် များအား တိုက်ခိုက်ချိန်တွင် ရန်သူ့ ရေငုပ်သင်္ဘောများကို Hull-mounted sonar မှ ဖမ်းယူရရှိသည်နှင့် Circular Formation သို့ပြောင်းလဲကာ ရေငုပ်တိုက်ဖျက်ရေးစစ် ရေယာဥ်များအကူအညီဖြင့် ချေမှုန်းမည်ဖြစ်သည်။

ရန်သူ၏ ရေငုပ်သင်္ဘောများကို ချေမှုန်းပြီးသည်နှင့် ကိုယ်ပျောက် ဖရီးဂိတ်စစ်ရေယာဥ်ကြီးဦးဆောင်၍ Arrow head formation သို့ပြောင်းလဲကာ ရန်သူ၏ ဗဟိုချက်သို့ အမြန် ဆုံးချဥ်းကပ်တိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ ရေတပ်ကိုတွန်း လှန်တိုက်ခိုက်မည်ဖြစ်သည်။ ဗဟိုချက်နေရာသို့ တိုက်ခိုက် ရသည့်အတွက် ရန်သူအား ပုံရိပ်ယောင်များဖန်တီး၍ မိမိ အားတိုက်ခိုက်မှုလွဲမှားစေရန် ဆောင်ရွက်မည် ဖြစ်သည်။

ကျွန်းပေါ်ရှိ ရန်သူအားတိုက်ခိုက်ပြီးနောက် ရန်သူရေတပ် အား တွန်းလှန်တိုက်ထုတ်ပြီးချိန်တွင် ကယ်ဆယ်ရေး လေယာဥ်နှင့် ရှာဖွေကယ်ဆယ်ရေးရဟတ်ယာဥ်များမှ ပင်လယ် ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်မည်ဖြစ်သကဲ့သို့ စစ်ရေယာဥ်အချင်းချင်းအပြန်အလှန် ထောက်ပံ့ခြင်း Replenishnent At Sea(RAS)ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် မိမိကျွန်းအား ထပ်မံလာရောက်တိုက် ခိုက်ခြင်းကို ခုခံရန် ပြင်ဆင်ထားရှိမည် ဖြစ်သည်။

crd -thar thar lay မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။KokolinOo