တရုတ်နှင့်အိန္ဒိယတို့၏ တိုက်လေယာဉ်များထက် ဈေးပေါနေသည့် ရုရှားတို့၏ Su-75 Checkmate

ပြီးခဲ့သည့် Moscow Air Show 2021 (MAKS 2021) ၌ ရုရှားနိုင်ငံအနေဖြင့်
ပဉ္စမမြောက်မျိုးဆက်အဖြစ် Su-75 Checkmate ဟုအမည်ရသည့် တိုက်လေယာဉ်ကိုထုတ်ဖော်ပြသခဲ့ပေသည်။ အဆိုပါတိုက်လေယာဉ်အနေဖြင့်
တရုတ်တို့၏ FC-31 စတဲ့လ်တိုက်လေယာဉ်နှင့် ဈေးကွက်အတွင်း၌ အဓိကယှဉ်ပြိုင်သူအဖြစ် တည်ရှိလာနိုင်သည်ဟုလည်း သုံးသပ်ထားကြ ပေသည်။

FC-31 ကို တရုတ်တို့၏ Shenyang ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးစမ်းသပ်ပျံသန်းမှုကို လွန်ခဲ့သည့် ၈ နှစ်က ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ တရုတ်တို့အနေဖြင့် နမူနာအစီးရေ ၂ စီး၊သို့မဟုတ် ၃ စီးခန့် ထုတ်လုပ်ခဲ့သည်ဟုဆိုသည်။

Su-75 Checkmate အနေဖြင့် အမြင့်ဆုံးပျံသန်းမှုနှုန်း Mach 1.8 မှ Mach 2 အထိရှိမည်ဖြစ်ပြီး Flight range 3,000 km၊ payload 7,400 kg သယ်ဆောင်နိုင်မည်ဟုဆိုသည်။ ၂၀၂၃ ခုနှစ်၌ ပထမဆုံးအကြိမ်အဖြစ် ပျံသန်းရန်စီစဉ်ထားပြီး ၂၀၂၆ ခုနှစ်၌ တပ်တော်ဝင်နိုင်ရန် ရည်မှန်းထားသည်။

FC-31 သညြ အငဂြငွနြှဈလုံးတပြ ပဉျစမမှောကမြွိုးဆကတြိုကလြယောဉဖြှဈ ပှီး အလေးခွိနြ ၂၈ တနသြယဆြောငနြိုငကြာ အငဂြငွတြှနြးကနအြားသညြ ၂၄ တနရြှိပှီး ၁၂၅၀ ကီလိုမီတာပတလြညအြတှငြး စဈဆငနြိုငသြညြ။

စိတ်လှုပ်ရှားစရာကောင်းသည်မှာ ဈေးနှုန်းပိုင်းဆိုင်ရာဖြစ်သည်။ တန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၂၅-၃၀ သန်းတန်ကြေးသာ ပေါက်နေခြင်းဖြစ်ပြီး FC-31 သည် အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့် တန်ကြေးရှိမည်ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် အိန္ဒိယ၏ LCA Tejas Mk-I သည် အမေရိကန်ဒေါ်လာ ၄၂ သန်း တန်ကြေးခန့်သည်ဖြစ်ရာ အတော်ကွာခြားနေသည့် ဈေးတန်ဖိုးဖြစ်သည်ကို လည်းတွေ့ရှိရသည်။

Su-75 Checkmate မှာ မောင်းသူမဲ့နဲ့ နှစ်ယောက်မောင်းဆိုပြီး ရှိလာနိုင်မယ့်အပြင် အမေရိကန်တို့ရဲ့ အက်ဖ်-၃၅ နဲ့တောင် ယှဉ်နိုင်တယ်လို့ဆိုပြန်သည်။
Su-75 Checkmate ဟာ ပဉ္စမမြောက်မျိုးဆက်တွေထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး အထူးသဖြင့် Swedish JAS-39 Gripen နဲ့ JF-17 Fierce Dragon များနှင့် နှိုင်းယှဉ်လျှင်ဖြစ်သည်။ ၎င်းကို Egypt, Iran, India, Vietnam, Belarus နှင့် အခြားအာဖရိကနိုင်ငံများအနေဖြင့် ဝယ်ယူရန်စိတ်ဝင်စားနေကြသည်ဟုလည်း သိရှိရသည်။

အဆိုပါနိုင်ငံများတွင် အမှန်တကယ်အားဖြင့် အက်ဖ်-၁၆၊ အက်ဖ်-၄၊ Mirage 2000 နဲ့ MiG-29 တိုက်လေယာဉ်တွေမျိုး ပိုင်ဆိုင်ထားကြပြီးလည်းဖြစ်သည်။
အထူးသဖြင့် ယခုလေယာဉ်သည် MiG-29 နေရာ အစားထိုးဖို့အတွက် သင့်တော်တယ်လို့ဆိုနေကြပြီး ပြုပြင်ထိန်းသိမ်းမှုစရိတ်လည်း နည်းပါးမှာဖြစ် သည့်အတွက်ကြောင့် အဆိုပါတိုက်လေယာဉ်ပိုင်ဆိုင်ထားတဲ့ နိုင်ငံများအတွက် အစားထိုးစရာ တိုက်လေယာဉ်တစ်စီးများ ရလာပြီလားလို့ သုံးသပ်ရမိပါသည်။

ကမ္ဘာ့သတင်းစုံ
worldnews
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ပြီးခဲ့သည့် Moscow Air Show 2021 (MAKS 2021) ၌ ရုရှားနိုင်ငံအနေဖြင့်
ပဉ္စမမြောက်မျိုးဆက်အဖြစ် Su-75 Checkmate ဟုအမည်ရသည့် တိုက်လေယာဉ်ကိုထုတ်ဖော်ပြသခဲ့ပေသည်။ အဆိုပါတိုက်လေယာဉ်အနေဖြင့်
တရုတ်တို့၏ FC-31 စတဲ့လ်တိုက်လေယာဉ်နှင့် ဈေးကွက်အတွင်း၌ အဓိကယှဉ်ပြိုင်သူအဖြစ် တည်ရှိလာနိုင်သည်ဟုလည်း သုံးသပ်ထားကြ ပေသည်။

FC-31 ကို တရုတ်တို့၏ Shenyang ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးစမ်းသပ်ပျံသန်းမှုကို လွန်ခဲ့သည့် ၈ နှစ်က ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ တရုတ်တို့အနေဖြင့် နမူနာအစီးရေ ၂ စီး၊သို့မဟုတ် ၃ စီးခန့် ထုတ်လုပ်ခဲ့သည်ဟုဆိုသည်။

Su-75 Checkmate အနေဖြင့် အမြင့်ဆုံးပျံသန်းမှုနှုန်း Mach 1.8 မှ Mach 2 အထိရှိမည်ဖြစ်ပြီး Flight range 3,000 km၊ payload 7,400 kg သယ်ဆောင်နိုင်မည်ဟုဆိုသည်။ ၂၀၂၃ ခုနှစ်၌ ပထမဆုံးအကြိမ်အဖြစ် ပျံသန်းရန်စီစဉ်ထားပြီး ၂၀၂၆ ခုနှစ်၌ တပ်တော်ဝင်နိုင်ရန် ရည်မှန်းထားသည်။

FC-31 သည် အင်ဂျင်နှစ်လုံးတပ် ပဉ္စမမြောက်မျိုးဆက်တိုက်လေယာဉ်ဖြစ် ပြီး အလေးချိန် ၂၈ တန်သယ်ဆောင်နိုင်ကာ အင်ဂျင်တွန်းကန်အားသည် ၂၄ တန်ရှိပြီး ၁၂၅၀ ကီလိုမီတာပတ်လည်အတွင်း စစ်ဆင်နိုင်သည်။