Social Media App တွေသုံးချိန်မှာ Mobile Data သက်သာစေမယ့် နည်းလမ်းလေးတွေ၊Data တွေဈေးတက်တော့မဲ့အချိန်မှာ သိထားသင့်တယ်နော်

တစ်ရက်တစ်ရက် ဖုန်းအသုံးပြုမှုကြာချိန်ကလည်း အနည်းဆုံး ၃ နာရီမက ရှိပါတယ်။ ဖုန်းအသုံးပြုမှုများလာသလို ဖုန်း Mobile Data အတွက် ကုန်ကျစရိတ်ကလည်း ပိုပိုတက်လာနေပါတယ်။ဖုန်းအင်တာနက်ကို အ သုံးပြုမှုအများဆုံးက Gaming Apps တွေနဲ့…

Facebook ၊ Instagram ၊ Netflix စတဲ့ Social Media နဲ့ ဖျော်ဖြေရေး Apps တွေပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ဒေတာသုံးစွဲမှုများတဲ့ Social Media Apps တွေ သုံးရာမှာ ဖုန်းဘေလ်အကုန်သက် သာအောင် နည်းလမ်းတွေ ပြောပြချင်ပါတယ်။….

(၁) Facebook

အခုခေတ်က ဖုန်းသုံးသူတိုင်း Facebook နဲ့ မကင်းဘူးလို့တောင် ပြောနိုင်ပါတယ်။ Facebook မှာ ဒေတာအစားဆုံးအပိုင်းက Autoplay ဗွီဒီယိုတွေပဲ ဖြစ်ပါတယ်။ Autoplay ကို ပိတ်ထားတာ ဒါမှမဟုတ် WiFi Only ပဲ ရွေးထားက Mobile Data အစား သက်သာစေပါတယ်။ Facebook apps ရဲ့ Settings & Privacy ကနေ Media and Contacts ကို သွားပြီး Videos & Photo > Autoplay ကတစ်ဆင့် One Wi-Fi Connections Only ဒါမှမဟုတ် Never Autoplay ကို ရွေးချယ်ရမှာပါ။…

(၂) Instagram

Instagram ကလည်း Autoplay ဗွီဒီယို နဲ့ ဓါတ်ပုံတွေမှာ ဒေတာစားသုံးမှု မြင့်ပါတယ်။ဒေတာအစားသက် သာဖို့ဆို Instagram App ရဲ့ အောက်ဘက်ညာဘက် Settings ကနေ Cellular Data Use ကို သွားပြီး Use Less Data ကို ဖွင့်ပေးနိုင်ပါတယ်။ Facebook နဲ့ Instagram တွေမှာ Resources နဲ့ ဒေတာအစားသက်သာတဲ့ Lite ဗားရှင်းလည်း ထွက်ထားလို့ Lite Version နဲ့ သုံးဖို့လည်း ပြောချင်ပါတယ်။…

(၃) Netflix

Netflix မှာ ရုပ်ထွက်မြင့်တဲ့ High Video Quality နဲ့ ဗွီဒီယိုကြည့်တာကလည်း ဒေတာအလွန်ကုန်ပါတယ်။ ဒီလို Heavy-Data Apps မျိုးက WiFi ရတဲ့အချိန် သုံးတာက ပိုကောင်းပါတယ်။ တကယ်လို့ Mobile Data နဲ့ သုံးချင်တယ်ဆိုရင် Low-Quality Streams လုပ်ပြီး ကြည့်သင့်ပါတယ်။ ဒီလိုလုပ်ဖို့ Netflix Apps အောက် ခြေက More ဆိုတဲ့ ခလုတ်ကနေ တစ်ဆင့် App Settings ထဲ ဝင် Video Quality ကို သွားပြီး Standard ကို ပြောင်းထားပေးရမှာ ဖြစ်ပါတယ်။….

(၄) YouTube

YouTube မှာ Mobile Data အကုန်အကျသက်သာစေမယ့် Feature တစ်ခု ပါပါတယ်။ ဒီ Feature က Video Quality ကို ကွန်ရက်ပေါ်လိုက်ပြီး အလိုအ လျောက် ချိန်ညှိပေးတာ ဖြစ်ပါတယ်။ ဖုန်းထဲက YouTube Apps ရဲ့ Settings ကို သွားကြည့်မယ်ဆိုရင် Video Quality Preferences ဆိုတဲ့ section တစ်ခု တွေ့မှာပါ။ ဒီ Section ထဲက Video Quality On Mobile Networks အောက်မှာ Auto ၊ Higher Picture Quality နဲ့ Data Saver ဆိုပြီး ၃ ခု ရှိပါတယ်။….

Mobile Data သမားတွေအတွက်တော့ Data Saver ကို ရွေးထားသင့်ပါတယ်။ တခြား features တွေအနေနဲ့ Data Saving Mode ဖွင့်တာ ၊ Autoplay Next Video ပိတ်တာတွေလည်း Settings ထဲမှာပဲ ရှာပြီး လုပ်ဆောင်နိုင်ပါတယ်။….

(၅) Telegram

နောက်ပိုင်း လူသုံးများလာတဲ့ Social Media Apps တစ်ခုက Telegram ပါ။ Telegram မှာ Auto Download တွေ ပွင့်နေရင်လည်း ဖုန်း Mobile Data စားပါတယ်။ Telegram ကို ဖုန်း Mobile Data နဲ့ သုံးမယ်ဆိုရင် ‌ဒေတာအစားသက်သာဖို့ အရင်ဆုံး App ရဲ့ Settings ကို ဖွင့်ပြီး Data and Storage ထဲ ဝင်ကြည့် ပါ။ Automatic Media Download ဆိုတဲ့ section အောက်မှာ Options ၃ ခုရှိပြီး အပေါ်ဆုံး When Using Mobile Data ဆိုတာလေးကို ပိတ်ပေးထားရမှာပါ။ Roaming လုပ်ချိန် ဒေတာအစား သက်သာချင်ရင် တတိယ Options ကို ပိတ်ထားနိုင်ပါတယ်။….

ပြီးရင် အောက်မှာ Auto Play Media ဆိုတဲ့ Sections ရှိပါတယ်။ ဒီ section အောက်က GIFs နဲ့ Videos ဆိုတဲ့ Options နှစ်ခုလုံး ပိတ်ထားသင့်ပါတယ်။ နောက် ဆုံးအဆင့်အနေနဲ့ ဒေတာပိုပြီး အကုန်အကျသက်သာအောင် လုပ်နိုင်တာက အောက်ဆုံးမှာ Calls ဆိုတဲ့ section ထဲ ဝင်ပြီး Less Data For Call ကို Never ပေးရုံပါပဲ။…

အခုပြောခဲ့တာတွေက ဒေတာသုံးစွဲမှုမြင့်တဲ့ Social Media Apps တွေမှာ ဒေတာအကုန်အကျသက်သာအောင် တိုက်ရိုက် Settings ချိန်နိုင်တဲ့ နည်းလမ်းတချို့ ဖြစ်ပြီး Mobile Data သိပ်မကုန်စေမယ့်နည်းလမ်းလေးတွေကို နောက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။…

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

တစ္ရက္တစ္ရက္ ဖုန္းအသုံးျပဳမႈၾကာခ်ိန္ကလည္း အနည္းဆုံး ၃ နာရီမက ရွိပါတယ္။ ဖုန္းအသုံးျပဳမႈမ်ားလာသလို ဖုန္း Mobile Data အတြက္ ကုန္က်စရိတ္ကလည္း ပိုပိုတက္လာေနပါတယ္။ဖုန္းအင္တာနက္ကို အ သုံးျပဳမႈအမ်ားဆုံးက Gaming Apps ေတြနဲ႕…

Facebook ၊ Instagram ၊ Netflix စတဲ့ Social Media နဲ႕ ေဖ်ာ္ေျဖေရး Apps ေတြပဲ ျဖစ္ပါတယ္။ဒီတစ္ေခါက္မွာေတာ့ ေဒတာသုံးစြဲမႈမ်ားတဲ့ Social Media Apps ေတြ သုံးရာမွာ ဖုန္းေဘလ္အကုန္သက္ သာေအာင္ နည္းလမ္းေတြ ေျပာျပခ်င္ပါတယ္။….

(၁) Facebook

အခုေခတ္က ဖုန္းသုံးသူတိုင္း Facebook နဲ႕ မကင္းဘူးလို႔ေတာင္ ေျပာနိုင္ပါတယ္။ Facebook မွာ ေဒတာအစားဆုံးအပိုင္းက Autoplay ဗြီဒီယိုေတြပဲ ျဖစ္ပါတယ္။ Autoplay ကို ပိတ္ထားတာ ဒါမွမဟုတ္ WiFi Only ပဲ ေ႐ြးထားက Mobile Data အစား သက္သာေစပါတယ္။ Facebook apps ရဲ႕ Settings & Privacy ကေန Media and Contacts ကို သြားၿပီး Videos & Photo > Autoplay ကတစ္ဆင့္ One Wi-Fi Connections Only ဒါမွမဟုတ္ Never Autoplay ကို ေ႐ြးခ်ယ္ရမွာပါ။…

(၂) Instagram

Instagram ကလည္း Autoplay ဗြီဒီယို နဲ႕ ဓါတ္ပုံေတြမွာ ေဒတာစားသုံးမႈ ျမင့္ပါတယ္။ေဒတာအစားသက္ သာဖို႔ဆို Instagram App ရဲ႕ ေအာက္ဘက္ညာဘက္ Settings ကေန Cellular Data Use ကို သြားၿပီး Use Less Data ကို ဖြင့္ေပးနိုင္ပါတယ္။ Facebook နဲ႕ Instagram ေတြမွာ Resources နဲ႕ ေဒတာအစားသက္သာတဲ့ Lite ဗားရွင္းလည္း ထြက္ထားလို႔ Lite Version နဲ႕ သုံးဖို႔လည္း ေျပာခ်င္ပါတယ္။…

(၃) Netflix

Netflix မွာ ႐ုပ္ထြက္ျမင့္တဲ့ High Video Quality နဲ႕ ဗြီဒီယိုၾကည့္တာကလည္း ေဒတာအလြန္ကုန္ပါတယ္။ ဒီလို Heavy-Data Apps မ်ိဳးက WiFi ရတဲ့အခ်ိန္ သုံးတာက ပိုေကာင္းပါတယ္။ တကယ္လို႔ Mobile Data နဲ႕ သုံးခ်င္တယ္ဆိုရင္ Low-Quality Streams လုပ္ၿပီး ၾကည့္သင့္ပါတယ္။ ဒီလိုလုပ္ဖို႔ Netflix Apps ေအာက္ ေျခက More ဆိုတဲ့ ခလုတ္ကေန တစ္ဆင့္ App Settings ထဲ ဝင္ Video Quality ကို သြားၿပီး Standard ကို ေျပာင္းထားေပးရမွာ ျဖစ္ပါတယ္။….

(၄) YouTube

YouTube မွာ Mobile Data အကုန္အက်သက္သာေစမယ့္ Feature တစ္ခု ပါပါတယ္။ ဒီ Feature က Video Quality ကို ကြန္ရက္ေပၚလိုက္ၿပီး အလိုအ ေလ်ာက္ ခ်ိန္ညွိေပးတာ ျဖစ္ပါတယ္။ ဖုန္းထဲက YouTube Apps ရဲ႕ Settings ကို သြားၾကည့္မယ္ဆိုရင္ Video Quality Preferences ဆိုတဲ့ section တစ္ခု ေတြ႕မွာပါ။ ဒီ Section ထဲက Video Quality On Mobile Networks ေအာက္မွာ Auto ၊ Higher Picture Quality နဲ႕ Data Saver ဆိုၿပီး ၃ ခု ရွိပါတယ္။….

Mobile Data သမားေတြအတြက္ေတာ့ Data Saver ကို ေ႐ြးထားသင့္ပါတယ္။ တျခား features ေတြအေနနဲ႕ Data Saving Mode ဖြင့္တာ ၊ Autoplay Next Video ပိတ္တာေတြလည္း Settings ထဲမွာပဲ ရွာၿပီး လုပ္ေဆာင္နိုင္ပါတယ္။….

(၅) Telegram

ေနာက္ပိုင္း လူသုံးမ်ားလာတဲ့ Social Media Apps တစ္ခုက Telegram ပါ။ Telegram မွာ Auto Download ေတြ ပြင့္ေနရင္လည္း ဖုန္း Mobile Data စားပါတယ္။ Telegram ကို ဖုန္း Mobile Data နဲ႕ သုံးမယ္ဆိုရင္ ‌ေဒတာအစားသက္သာဖို႔ အရင္ဆုံး App ရဲ႕ Settings ကို ဖြင့္ၿပီး Data and Storage ထဲ ဝင္ၾကည့္ ပါ။ Automatic Media Download ဆိုတဲ့ section ေအာက္မွာ Options ၃ ခုရွိၿပီး အေပၚဆုံး When Using Mobile Data ဆိုတာေလးကို ပိတ္ေပးထားရမွာပါ။ Roaming လုပ္ခ်ိန္ ေဒတာအစား သက္သာခ်င္ရင္ တတိယ Options ကို ပိတ္ထားနိုင္ပါတယ္။….

ၿပီးရင္ ေအာက္မွာ Auto Play Media ဆိုတဲ့ Sections ရွိပါတယ္။ ဒီ section ေအာက္က GIFs နဲ႕ Videos ဆိုတဲ့ Options ႏွစ္ခုလုံး ပိတ္ထားသင့္ပါတယ္။ ေနာက္ ဆုံးအဆင့္အေနနဲ႕ ေဒတာပိုၿပီး အကုန္အက်သက္သာေအာင္ လုပ္နိုင္တာက ေအာက္ဆုံးမွာ Calls ဆိုတဲ့ section ထဲ ဝင္ၿပီး Less Data For Call ကို Never ေပး႐ုံပါပဲ။…

အခုေျပာခဲ့တာေတြက ေဒတာသုံးစြဲမႈျမင့္တဲ့ Social Media Apps ေတြမွာ ေဒတာအကုန္အက်သက္သာေအာင္ တိုက္ရိုက္ Settings ခ်ိန္နိုင္တဲ့ နည္းလမ္းတခ်ိဳ႕ ျဖစ္ၿပီး Mobile Data သိပ္မကုန္ေစမယ့္နည္းလမ္းေလးေတြကို ေနာက္ေဆာင္းပါးမွာ ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။…

crd