ရန်သူရဲ့ မြို့တွေကို မီးမိုးတွေရွာစေနိုင်တဲ့ ရုရှားရဲ့TOS-1 Buratino

ရန်သူရဲ့ မြို့တွေကို မီးမိုးတွေရွာစေနိုင်တဲ့ ရုရှားရဲ့TOS-1 Buratino

Buratinoဟာ 2001 ခုနှစ်တွင် TOS-1A အောင်မြင်စွာအဆင့်မြှင့်တင်နိုင်ခဲ့ပြီး အကွာအတေး 6000 ကီလိုမီတာအထိ ကျယ်ပြန့်လာတဲ့အပြင် ပြွန်တွေကိုလည်း ပြန်လည်ပြုပြင်ထားကာ ကိုယ်ထည်ပိုင်းကိုလည်းအဆင့်မြှင့်တင်ထားပါတယ်၊ စစ်မြေပြင်မှာ တခြားလက်နက်တွေဟာ နေရာကောင်းရပေမယ့် TOS-1နဲ့ TOS-1Aကတော့ လူကြိုက်အများဆုံး ထုတ်ကုန်ဖြစ်လာခဲ့ပါတယ်၊

၎င်းတို့ကိုမိတ်ဆက်ပေးပြီး ဆယ်စုနှစ်အကြာTOS-1 သည် ရုရှားရဲ့ ကျယ်ပြန့်ပြီး သေစေနိုင်တဲ့ လက်နက်‌ တွေထဲက တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်၊

1960 ကနဦးပိုင်းတွင် အမေရိကန်နဲ့ ဆိုဗီယက် (FAEs)တို့ဟာ လေထဲမှာပေါက်ကွဲစေတဲ့ စနစ်ကို စိတ်ဝင်တစားရှိ နေခဲ့ပါတယ်၊FAE တွက် ဓာတုမိုးတိမ်တွေကို ဖြန့်ကျက်ပေးတဲ့ လက်နက်နှစ်ခုပါဝင်ပါတယ် ထိုတိမ်တွေဟာ လောင်ကျွမ်းပြီး ပြင်းထန်သော ပေါက်ကွဲမှု လှိုင်းတွေကိုဖြစ်စေပါတယ်၊ FAE ဟာ လေထုကိုပေါက်ကွဲစေပါတယ်၊ ဒါကြောင့် ‌၎င်းးဟာ ဘန်ကာနဲ့ ဥမင်လိုဏ်ခေါင်းကဲ့သို့အလုံပိတ်နေရာတွေမှာ အားသာချက်အဖြစ်ပေါက်ကွဲစေရန်ထိထိရောက်ရောက်အသုံးချနိုင်ပါတယ်၊

ဗီယက်နမ်စစ်ပွဲကာလတွင် အမေရိကန်ဟာ FAEကို ဖြန့်ကျက်ခဲ့ပြီး ဆိုဗီယက်စစ်တပ်ဟာ ၎င်းတို့ကိုယ်ပိုင် Thermobaric လက်နက်စနစ်အတွက် အလုပ်လုပ်နေကြရပါတယ်၊ 1980ခုနှစ်တွင် ၎င်းကို မိတ်ဆက်ပေးခဲ့ပြီး “heavy flamethrower system ပါဝင်တဲ့ TOS-1 Buratino ကို T-72 စစ်ပွဲသုံး သံချပ်ကာကားက သံချပ်ကာကား ကိုယ်ထည်မှ တည်ဆောက်ထားတာဖြစ်ပါတယ်၊ ၎င်းဟာ 220-millimeter ဒုံးကျည် နှစ်မျိုးကို သယ်ဆောင်နိုင်ပြီး လောင်ကျွမ်းစေနိုင်သော လေထုနဲ့ လောင်စာအကြားပေါက်ကွဲစေနိုင်ပါတယ်၊ Buratino ဆိုတဲ့နာမည်နဲ့ နှာခေါင်းရှည်ရှည်Pinocchio ဇာတ်ကောင်ဟာဆိုရင် ရှည်ထွက်နေတဲ့ လောက်ချာ30 စနစ်ကို ကိုယ်စားပြုတာဖြစ်ပြီး15စက္ကန့်အတွင်း ပြည့်၀တဲ့ စွမ်းဆောင်ရည်ကိုပေးပါတယ်၊

TOS-1 ဒုံးကျည်စနစ်သည် အကွာအဝေး 3.5မီတာ အတွင်းသာပစ်နိုင်ပြီး ဧရိယာ 200×400 မီတာအတွင်း ဖုံးလွှမ်းနိုင်ကာ အထောက်အပံ့ လက်နက်ပလက်ဖောင်းအဖြစ် ခိုင်မြဲစေပါတယ်၊လက်တွ့ကျကျပြောရမည်ဆိုလျှင် TOS-1သည် အချိန်တိုတိုအတွင်း ကြီးမားကျယ်ပြန့်တဲ့ ဧရိယာထဲက ရန်သူခံတပ်တွေကို ဖျက်ဆီးနိုင်တာ ကြောင့်ဖြစ်ပါတယ်၊

TOS-1 Salvo နဲ့ သေဆုံးရခြင်းဟာ စိတ်မချမ်းသာစရာ ဖြစ်ရပ်တစ်ခုပါပဲ၊ ပေါက်ကွဲမှုဟာ လူတယောက်ရဲ့ အကွာအဝေးအပေါ်မူတည်ပြီး ဖိအားလွန်ကဲခြင်းနဲ့နောက်ဆက်တွဲလောင်ကျွမ်းမှု‌ရဲ့ ပေါက်ကွဲမှုလှိုင်းဟာ ကိုယ်တွင်းကလီစာတွေကိုတောင် လောင်ကျွမ်းစေပါတယ်၊ ဒါ့အပြင် အရိုးကျိုးခြင်း နားစည်ပေါက်ပြဲခြင်း၊မျက်လုံးကွယ်ခြင်း၊အောက်ဆီဂျင်ပြတ်လပ်ခြင်းနှင့် နောက်ဆုံး သတိမေ့မျောခြင်းတို့ကိုပါဖြစ်စေပါတယ်၊

TOS-1ရဲ့ အဖျက်စွမ်းအင်ကို ဆိုဗီယက်တွေ အာဖဂ္ဂန်နစ္စတန်ကို ဝင်ရောက်ကျူးကျော်ချိန်တုန်းကပထမအကြိမ် မြင်တွေ့ခဲ့ရပြီးဒုတိယအကြိမ်ကတော့ ChenChen စစ်ပွဲအတွင်းမှာဖြစ်ပါတယ်၊ နောက်ဆုံးတွင် FAE စနစ်ကြောင့် ဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ကာ ChenChen မြို့ Grozny တွင် ပေါက်ကွဲလောင်ကျွမ်းကာ များပြားစွာသော အရပ်သားတွေ သေဆုံးခဲ့ပါတယ်၊

အီရတ် စစ်တပ်ဟာ အီရတ်အစ္စလာမ်ပြည်‌ထောင်စုနှင့် Levantစစ်သွေး‌ကြွတွေကို ဆန့်ကျင်ရန် 2014မှ 2017အထိ ထိုလက်နက်တွေကို အသုံးပြုခဲ့ကြပါတယ်၊ TOS-1s ကို ဆီးရီးယားစစ်တပ်က ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်း အစိုးရဆန့်ကျင်အဖွဲ့တွေကိုလည်း အသုံးပြုခဲ့ပြီး အစီရင်ခံစာများအရ 2016ခုနှစ်တွင် စနစ်တခုလုံးကို သူပုန်တွေက ဖျက်စီးခဲ့တယ်လို့သိရပါတယ်၊

လက်တလောထွက်ရှိခဲ့တဲ့ ဗီဒီယို အထောက်အထားများအရ2020 Nagorno-Karabakhစစ်ပွဲတွင် Karabakh ကိုဆန့်ကျင်ရန် Azerbaijan ရဲ့စစ်တပ်က TOS-1A salvosကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံရပါတယ်၊ ဆော်ဒီအာရေဗျဟာ မကြာသေးမီက ရုရှားနဲ့ ဒေါ်လာ 3ဘီလီယံ သတောတူစာချုပ်ချုပ်ခဲ့ပြီး TOS-1A salvos ကိုဝယ်ယူခဲ့ပါတယ်၊

Russia’s Kavkaz-2020 စစ်လေ့ကျင့်ရေး‌တွင် TOS 2 Tosochka ကို ပထမဆုံး စတင်တွေ့ခဲ့ရတာဖြစ်ပါတယ်၊ ထိုလက်နက်ဟာ ယခုအချိန်တွင် စမ်းသပ်ဆဲဖြစ်ပြီး နောက်ထပ် အဆင့်မြှင့်တင်မှုတွေကိုပါ လုပ်ဆောင်လျက်ရှိပါတယ်၊
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

zawgyi










writer:Evelyn

သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team