ဗြိတိန်ရဲ့ Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးကဘာလို့ ထိန်းချုပ်မျော်စင်၂ခုဖြစ်နေတာလဲ(US လေယာဉ်တင်သင်္ဘောတွေတောင်တခုဘဲပါပါတယ်)

ဗြိတိန်ရဲ့ နောက်ဆူံပေါ်လေယာဉ်တင်သင်္ဘောဟာ ပထမဆုံးTwin Islandဒီဇိုင်းဖြစ်ပါတယ်၊ ဒါပေမယ့် ဘာကြောင့် ဗြိတိန်ရေတပ်ဟာ ထိုဒီဇိုင်းကို အသုံးပြုတာလဲ? ဒီအဖြေကိုတော့ အောက်မှာဖော်ပြထားတဲ့ အင်ဂျင်ပိုင်းကိုဖတ်ကြည့်ရင်နားလည်ပါလိမ့်မယ်၊

အတိအကျပြောရမည်ဆိုလျှင် Queen Elizabeth လေယာဉ်တင်သင်္ဘောမှာ အင်ဂျင်စက်ခန်း၂ခန်းပါရှိပြီး ရေရှည် အသုံးပြုနိုင်ဖို့နဲ့ နေရာပိုလျှံဖို့အတွက် သီးသန့်ခွဲခြားထားရှိပါတယ်၊ ဒုတိယကမ္ဘာစစ်ကာလတုန်းက HMS Arc Royal ဟာ တော်ပီဒို ပစ်ချက်ကြောင့် ပျက်ဆီးခဲ့ပြီး အင်ဂျင်စက်ခန်းတွေရေမြုပ်ခဲ့ပါတယ်၊ ဒါ့ကြောင့် HMS Queen Elizabeth သင်္ဘောနဲ့ HMS Prince Whale သင်္ဘောတို့ကို တွန်းကန်စနစ်နှစ်မျိုး ကိုတပ်ဆင်ပေးထားပါတယ်၊တမျိုးကတော့ လည်ပတ်နေပြီဖြစ်ပြီး ကျန်တမျိုးကတော့ စိတ်ချရတဲ့အခြေအနေမရှိသေးပါဘူး။

သို့ပေမယ့် ဒီစနစ်တွေဟာ အိတ်ဇော ပိုက်အစုံနဲ့ အောက်ကိုဆင်းစေဖို့အတွက် ပြဿနာတွေရှိလာခဲ့ပါတယ်၊ ဓာတ်ငွေ့အိတ်ဇောပိုက်တွေဟာ အချင်း၂.၄မီတာရှိပြီး ကွေးညွတ်ဖို့မလွယ်ကူတာကြောင့် အက်ဂျင်စက်ခန်းရဲ့အပေါ်ကို ထောင်ထားရပါတယ်၊ ထိုအိပ်ဇောပိုက်တွေဟာ ကျွန်းရဲ့ Megastructuresထဲမှာ ထည့်ထားတာကြောင့် နောက်ဆုံးပေါ် ဗြိတိန် လေယာဉ်သင်္ဘောကြီးဟာ ရှည်လျားတဲ့ ကျွန်းတခု သို့မဟုတ် ကျွန်းဆွယ် ၂ခုသဖွယ်တည်ရှိနေပါတယ်၊

ဗြိတိန်အင်ဂျင်နီယာတွေဟာ ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းရရှိဖို့အတွက် စေ့စေ့စပ်စပ်ခွဲခြမ်းလေ့လာလျက်ရှိပါတယ်၊ ဒါ့ကြောင့် ရလဒ်ကိုသိပြီဆိုတာနဲ့ ကျွန်မတို့ဟာ Twin Islandဒီဇိုင်းရဲ့ အားသာချက်၅ချက် နဲ့ အဓိကအားနည်းချက်၁ချက်ကို ဆွေးနွေးလေ့လာရပါမယ်၊

ပထမအားသာချက်ကတော့ အသေးစားကျွန်းနှစ်ခုဟာ ကြီးမားတဲ့ကျွန်းကြီးတခုထက် ခြေရာလက်ရာ နည်းပါးပါတယ်၊ ကျွန်းနှစ်ကျွန်းကြားရဲ့ကွက်လပ်နေရာမှာ လေယာဉ်တင်ထားလို့ရပြီး ထိုနေရာဟာ အသုံးပြုဖို့အသင့်တော်ဆုံးဖြစ်ပါတယ်၊

ဒုတိယအားသာချက်ကတော့ လေယာဉ်အတွက်လေပြင်းထန်မှု နည်းပါးပါတယ်၊ လေပြင်းထန်မှုဟာ လေယာဉ် လည်ပတ်ဖို့အတွက် အဓိကအဟန့်အတားဖြစ်စေတာကြောင့် လေထန်မှုနည်းလေ ပိုကောင်းလေဖြစ်ပါတယ်၊

တတိယအားသာချက်ကတော့ သင်္ဘောလည်ပတ်ရေးနှင့် လေယာဉ်ထိန်းချုပ်ရေးနှစ်မျိုးစလုံးကို တိုးတတ်စေပါတယ်၊ ကျွန်းအရှေ့ဘက်တွင် လှေသင်္ဘောများရှိခြင်းကြောင့် တံတားပေါ်ကသင်္ဘောသားများအတွက် ပိုမို ထင်ထင်ရှားရှားမြင်ရစေပြီး အထူးသဖြင့် ဒီရေအတက်အကျကို ကောင်းကောင်း မြင်ရနိုင်ပါတယ်၊ပုံမှန်အားဖြင့်ဆိုရင် Flycoလို့ခေါ်တဲ့ လေယာဉ်ထိန်းချုပ်နည်းဟာ ‌တံတား အဆက်မှာ ပြုလုပ်လျက်ရှိပေမယ့် Flyco ထိန်းချုပ်နည်းအတွက်ရည်ရွယ်ထားတဲ့ ဒုတိယကျွန်းဟာ လေယာဉ်ဆင်းသတ်ဖို့အတွက် အသင့်တော်ဆုံးနေရာဖြစ်ပါတယ်၊

Flyco တာဝါဟာဆိုရင် 290ဒီဂရီသင်္ဘောကုန်းပတ် ရှိပြီး သုံးမီတာရှည်လျားကာ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ ပြတင်းပေါက်ကြီးလည်း သုံးခုရှိပါတယ်၊ လေယာဉ်ဆင်းသက်ရာတွေ လေယာဉ်မှုးတွေနဲ့လည်းဆက်သွယ်နိုင်တာကြောင့် လေယာဉ်ထိန်းချုပ်ရေးသမားများအတွက် သတိပိုစေပါတယ်၊
စတုတ္ထမြောက် အားသာချက်ကတော့ Twin Islandဒီဇိုင်းဟာ အဓိကရေဒါကို ပိုမိုကောင်းမွန်စေဖို့ ခွဲခြားနိုင်ပါတယ်၊ ထိုသို့ ရေဒါကို နှစ်မျိုးခွဲခြား တာကြောင့် အနှောက်အယှက်ဖြစ်စေတဲ့ အချက်ပေးမှုတွေကိုလျော့နည်းစေပါတယ်၊

ပဉ္စမမြောက်နဲ့နောက်ဆုံး အားသာချက်ကတော့ သီးခြားယူနစ်အဖြစ် တည်ဆောက်နိုင်ပြီး သင်္ဘောကိုယ်ပိုင်းထဲ ကုန်စည်တွေ ထည့်သွင်းနိုင်ပါတယ်၊ ဒါဟာ မော်ဂျူးတွေနဲ့ပြုလုပ်ထားတဲ့ ကျွန်းတည်ဆောက်တာထက်ပိုလွယ်ပါတယ်၊

ဒါဆို အားနည်းချက်ကရောဘယ်အချက်တွေလဲ?
အားနည်းချက်တွေဟာဆိုရင်ရုပ်ပိုင်းဆိုင်ရာ ခွဲခြားမှုကြောင့်ဖြစ်ပါတယ်၊ အရှေ့ဘက်ကျွန်းဟာ သင်္ဘောထိန်းချုပ်ရေးအတွက်အသုံးပြုပြီး အနောက်ဘက်ကျွန်းကိုတော့ Flyco ပျံသန်းထိန်းချုပ်မှုအတွက်အသုံးပြုလျက်ရှိပါတယ်၊ ရွေ့လျားနေတဲ့ သင်္ဘောပေါ်လေယာဉ် ပျံတက်ခြင်း၊ဆင်းသက်ခြင်းလုပ်တဲ့ကိစ္စဟာ အလွန်တိကျရမယ့် ကိစ္စဖြစ်ပါတယ်၊ လေယာဉ် ပျံသန်းခြင်းဆင်းသက်ခြင်းပြုလုပ်ရာတွင် သင်္ဘောရဲ့ အရှိန်ဟာတိကျဖို့လိုတာကြောင့် သင်္ဘောထိန်းချုပ်မှုနဲ့ လေယာဉ်ထိန်းချုပ်မှု နှစ်မျိုးလုံး အချိတ်အဆက်ရှိရမှာဖြစ်ပါတယ်၊ သင်္ဘော ထိန်းချုပ်ရေးအရာရှိနဲ့ လေယာဉ်ထိန်းချုပ်ရေးအရာရှိတွေဟာအတူတကွအလုပ်လုပ်ကြရတာကြောင့်ကျွန်းမတူပါက ဆက်သွယ်ရေးစနစ်ကို မှီခိုရပါတယ်၊ဘယ်အရာမဆို ‌ကျင့်သားရဖို့ အချိန်တခုတော့ယူရပါတယ်၊

တဖက်ကျွန်းက တခုခုအထိခိုက်ဖြစ်ခဲ့ရင် တဖက်က လုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နိုင်ပါတယ်၊ဆိုလိုတာကတော့ အကယ်၍တဖက်ကျွန်းကဆက်‌သွယ်ရေးစနစ် ပြတ်တောက်ခဲ့ရင် ကျန်ရှိတဲ့ တဖက်က ဆက်လက်ပြီး လုပ်ငန်းလည်ပတ်စေဖို့ဆောင်ရွက်နိုင်ပါတယ်၊
Writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team