Mark Zuckerberg ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၇၀ ဘီလီယမ် လျော့နည်းသွား

Mark Zuckerberg ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၇၀ ဘီလီယမ် လျော့နည်းသွား






Post Views:
8

Meta CEO Mark Zuckerberg ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒီနှစ်မှာ ဒေါ်လာ ၇၀ ဘီလီယမ် လျော့နည်းသွားပြီး ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းမှာ နံပါတ် ၂၀ နေရာကို ရောက်သွားပါတယ်။

Facebook CEO Mark Zuckerberg speaks about "News Tab" at the Paley Center, in New York on October 25, 2019.

Bloomberg ရဲ့ ဘီလီယမ်နာ အညွှန်းကိန်းအရ Zuckerberg ဟာ ဒီနှစ် အစပိုင်းမှာ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၂၅ ဘီလီယမ် ရှိပါတယ်။ အဲဒီနောက်မှာ ဒေါ်လာ ၅၅.၃ ဘီလီယမ်အထိ ကျဆင်းသွားပြီး ၅၅ ရာခိုင်နှုန်းကျော်တောင် နည်းပါးသွားတာပါ။

Mark Zuckerberg to come to Brussels: Parliament official – POLITICO

Facebook ဟာ ပထမဆုံး အကြိမ် သုံးစွဲသူ အရေအတွက် ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ် နောက်ဆုံးကွာတားမှာ နေ့စဉ် သုံးစွဲသူ အရေအတွက် ၁ သန်းလောက် နည်းပါးသွားခဲ့ပါတယ်။ Meta ရဲ့ အသားတင် ဝင်ငွေဟာ ၂၀၂၁ ခုနှစ် ကွာတား ၂ မှာ ၃၆ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၃ ဘီလီယမ်ကျော် ကျဆင်းသွားခဲ့ပါတယ်။

Bloomberg ရဲ့ ဘီလီယမ်နာ အညွှန်းကိန်းအရ ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် စာရင်းမှာ Tesla နဲ့ SpaceX CEO Elon Musk က နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၂၆၈ ဘီလီယမ် ရှိပါိတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံး ၅ ယောက်ထဲပါဝင်သူတွေက အိန္ဒိယလုပ်ငန်းရှင် Gautam Adani , Amazon တည်ထောင်သူ Jeff Bezos , ပြင်သစ် လုပ်ငန်းရှင် Bernard Arnault နဲ့ ယခင် Microsoft CEO Bill Gates တို့ ဖြစ်ပါတယ်။ Zuckerberg ကတော့ နံပါတ် ၂၀ နေရာကို ကျသွားပါတယ်။

Ref : businessinsider

crd




Crd

arkarta