■■■တောင်တရုတ်ပင်လယ်မှာ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်နေစဉ် တရုတ် အိန္ဒိယ နယ်စပ်မှာလည်း တရုတ် S-400 များတပ်ဖြန့်

■■■တောင်တရုတ်ပင်လယ်မှာ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်နေစဉ် တရုတ် အိန္ဒိယ နယ်စပ်မှာလည်း တရုတ် S-400 များတပ်ဖြန့်

အိန္ဒိယနှင့်အငြင်းပွား နယ်နိမိတ်များတွင် တရုတ် S-400 များတပ်ဖြန့်ခြင်းဟာ ပြင်းထန်သောခြိမ်းခြောက်မှုဟု အိန္ဒိယ ပြော –

Ladakh နယ်စပ်ဒေသ၌ နှစ်နိုင်ငံအငြင်းပွားမှုနှင့် ပတ်သက်၍တရုတ်နှင့် အိန္ဒိယတို့ ဆွေးနွေးမှုများတွင် ရှေ့မတိုးနောက်မဆုတ်လက္ခဏာများရှိနေကြောင်း အိန္ဒိယ၏ ဖက်ဒရယ်အတိုက်အခံကွန်ဂရက်ပါတီက ၎င်းတို့စစ်ဘက်ကို သတိပေးပြောကြားခဲ့ပါတယ်။နယ်စပ်လုံခြုံရေးဟာ အိန္ဒိယ၏လုံခြုံရေးအကျိုးစီးပွားကိုအကြီးအကျယ်စိန်ခေါ်မှုတွေ ရှိနေပါတယ်။“ဒါက တရုတ်အနေနဲ့ S-400 ကို နယ်စပ်မှာ တပ်ဖြန့်တာပထမဆုံးအကြိမ်ပဲ” လို့ ဆိုပါတယ်။

ဒါဟာ အိန္ဒိယအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုပဲ ဆိုပါတယ်။S-400 စနစ်များ တပ်ဖြန့်လာခြင်းဟာ တရုတ်၏Western Theatre Command ကို အားဖြည့်ရန်နှင့်အခြားအဆင့်မြင့် နောက်ဆုံးပေါ်လက်နက်စနစ် များဖြစ်သည့်Type 99A တင့်ကားများ၊ J-16 နှင့် J-20 ကိုယ်ပျောက်တိုက်လေယာဉ်များ၊ H-6 ဗုံးကြဲလေယာဉ်များလဲ ပါဝင်နေတာဖြစ်ပါတယ်။

အိန္ဒိယ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Khera က၎င်းတို့၏ လေကြောင်းစွမ်းအားအတွက် ဖြစ်နိုင်ချေရှိသောစိန်ခေါ်မှုနှင့် ပတ်သက်၍ အသေးစိတ်ရှင်းပြခဲ့ပါတယ်။တကယ်တော့ အိန္ဒိယ စစ်ဘက်အနေဖြင့် နယ်စပ်မှာရှိနေတဲ့ခြိမ်းခြောက်မှုကို သတိထားဖို့လိုပါတယ်။ဒီ S-400s တွေက Jammu, Kashmir နဲ့ Ladakh မှာရှိတဲ့အိန္ဒိယလေယာဉ်တွေနဲ့ ဘယ်လောက်ဝေးလဲ။အတည်မပြုနိုင်သော ၎င်းတပ်ဖြန့်မှုဟာ တရုတ်နယ်စပ်Ningchi Airbase ကနေဆိုလျင် အိန္ဒိယသို့ ၁၅ ကီလိုမီတာလောက်သာ ဝေးကွာနေတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ S-400s တွေဟာ ရုရှားထံမှ 40N6E ဒုံးကျည်အသစ်များလက်ခံရရှိထားသဖြင့် ၎င်းတို့ဟာ ကီလိုမီတာ ၄၀၀ ကွာဝေးသောပစ်မှတ်များကို ထိတွေ့နိုင်ပြီး အိန္ဒိယပိုင်နက်ထဲက လေယာဉ်များကိုပစ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။အိန္ဒိယဟာ ၎င်း၏ Ladakh နယ်စပ်ကိုကာကွယ်ရန်MiG-29 တိုက်လေယာဉ်များကိုသာ အဓိကအားထားနေသော်လည်းမကြာသေးမှီကမှ Rafale ဂျက်တိုက်လေယာဉ်အနည်းငယ်နှင့်ပိုမိုစွမ်းရည်ကောင်းသော Su-30MKI လေယာဉ်များကိုတပ်ဖြန့်ထားတာ ဖြစ်ပါတယ်။

တပ်ဖြန့်ထားတဲ့ အိန္ဒိယရဲ့ မည်သည့် တိုက်လေယာဉ်များမှာမှခေတ်မှီကိုယ်ပျောက်စွမ်းရည်များ မရှိသလို S-400 ကိုစိန်ခေါ်နိုင်စွမ်းရှိမရှိ မသေချာပါ။နယ်နိမိတ် အငြင်းပွားနေသော်လည်း ပေကျင်းနှင့် ဒေလီတို့အကြားဆက်ဆံရေးသည် အပြုသဘောဆောင်ပြီး ၎င်းတို့နှစ်နိုင်ငံဟာကုန်သွယ်မှုပမာဏမြင့်တက်လာသည်နှင့်အမျှ ထိပ်တိုက်ရင်ဆိုင်မှုကိုမရှာလိုကြောင်း အကြိမ်ကြိမ်ကြေငြာခဲ့ကြာတာပဲ ဖြစ်ပါတယ်။

လက်ရှိအနေအထားမှာတော့ တရုတ်၏စစ်ဘက်လှုပ်ရှားမှုများအရှိန်မြင့်တက်လာတာနဲ့အမျှ ၎င်းနှင့်ရန်ဘက်နိုင်ငံများရဲ့ လုံခြုံရေးကိုအမေရိကန်ပါဝင်ပြီး ဦးစားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။အိန္ဒိယရဲ့ QUAD အုပ်စု မဟာမိတ်တွေကလဲ အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ လှုပ်ရှားနေတာကို တွေ့မြင်ရပါတယ်။

crd