J -16D အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်ဟာ တရုတ်ရဲ့ လျှို့ဝှက်လက်နက်ဖြစ်လာနိုင်မလား?

❌❌❌ Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

J -16D အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်ဟာ တရုတ်ရဲ့ လျှို့ဝှက်လက်နက်ဖြစ်လာနိုင်မလား?

ယခုမေးခွန်းတွင်ပါဝင်တဲ့ လေယာဉ်ဟာ ထိုင်ခုံနှစ်လုံးပါတွဲစနစ်ပါဝင်တဲ့ J-16 Red Eagle တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး ၎င်းဟာဆိုရင် ရုရှား Sukhoi Su-30MKK Flanker ကို ကူးယူ တည်ဆောက်ထားတဲ့ တရုတ်ရဲ့ ကော်ပီပဲဖြစ်ပါတယ်၊

တရုတ်ဟာ  ရန်သူ့လေကြောင်းရန်ကာကွယ်ရေးကို အမှန်တကယ် ရင်ဆိုင်နိုင်ပြီလား။ SEAD လေယာဉ်များဟာ ထိုင်ဝမ်၊ဂျပန်တို့နှင့်ပဋိပက္ခတိုက်ပွဲကြားတွင်အသုံးချခွင့်ရှိပါလိမ့်မယ်၊သို့သော်လည်းအီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်များဟာ ရန်သူ့လေယာဉ်များနှင့် သင်္ဘောဖျက် ဒုံးကျည်များကိုပစ်ချရန် SM-2, SM-6 နှင့် Sea Sparrow မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ ပါဝင်သောအမေရိကန်ရေတပ်စစ်သင်္ဘောများနှင့်တန်ပြန်တိုက်ခိုက်နိုင်ပါတယ်၊

အမေရိကန်ရေတပ်ရဲ့ EA-18G Growler အီလက်ထရောနစ်တိုက်ခိုက်ရေးတိုက်လေယာဉ်များသည်မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များကိုလမ်းညွှန်ပေးနိုင်ပြီး ရန်သူ့ရေဒါကိုဖျက်ဆီးရန်ရည်ရွယ်ထားသောစစ်လေယာဉ်အမျိုးအစားများအနက်မှတစ်ခုဖြစ်ပါတယ်၊ထိုမစ်ရှင်အားရန်သူ့လေကြောင်းရန်ကာကွယ်ရေးနှိမ်နင်းရေး (SEAD) ဟုလူသိများကြပြီး အခြေခံအားဖြင့်ခေတ်မီလေတပ်ဟာ ရန်သူအားသိသိသာသာတိုက်ခိုက်ရေးလေယာဉ်များဖြင့်ခုခံတိုက်ခိုက်လိုလျှင်အထောက်အပံ့မပေးနိုင်သောဆုံးရှုံးမှုများကိုရှောင်ရှားရန်အတွက် ထိရောက်သော SEAD လက်နက်ကိုလိုအပ်ပါတယ်၊

Growler သည် F-18 Super Hornet တိုက်လေယာဉ်မှဆင်းသက်လာပြီးသယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေးလေယာဉ်များကို အခြေခံ၍ ဝေဟင်တွင်အနှောင့်အယှက်ပေးသောလက်နက်များထက်ပိုမိုမြန်ဆန်၊ ပိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်၊ ထို့ပြင် Growlers များအားမစ်ရှင်များတွင် တိုက်ခိုက်ရန်အပိုဆောင်းစွမ်းအားများကိုပံ့ပိုးရန်ခွင့်ပြုထားကာ၊ ၎င်းတို့နဲ့ လိုက်ပါလာသောတိုက်လေယာဉ်များကိုအမီလိုက်ရန်နှင့် အန္တရာယ်ရှိသောလေကြောင်းရန်ကာကွယ်ရေးအဖြစ် အကူအညီပေးနိုင်ပါတယ်၊

တရုတ်လေကြောင်းအင်ဂျင်နီယာတွေဟာ နိုင်ငံရပ်ခြားမှ နည်းပညာများ ကူးချခြင်း အထူးသဖြင့် တရုတ်သွင်ပြင်လက္ခဏာအဖြစ် ပြန်လည်မွမ်းမံမှုတွေကို တခါမှ ဂုဏ်ယူခြင်းမရှိခဲ့ပါဘူး၊ဒါကြောင့် Growlers ကို သူတို့ရဲ့ မူပိုင်အဖြစ် ကူးချတယ်ဆိုတာဟာ အံ့ဩစရာအကြောင်းမရှိပါဘူး၊

မေးခွန်းတွင်ပါဝင်တဲ့ လေယာဉ်ဟာ ထိုင်ခုံနှစ်လုံးပါတွဲစနစ်ပါဝင်တဲ့ J-16 Red Eagle တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး ၎င်းဟာဆိုရင် ရုရှား Sukhoi Su-30MKK Flanker ကို ကူးယူ တည်ဆောက်ထားတဲ့ တရုတ်ရဲ့ ကော်ပီပဲဖြစ်ပါတယ်၊

Red Eagle ကို အမေရိကန် F-15E နှင့်အကြမ်းဖျင်းအားဖြင့်နှိုင်းယှဉ်နိုင်ပြီး တိုက်လေယာဉ်အခြေပြုရေဒါနည်းပညာတွင် Active Electronically Scanned Array radar (AESA) အပါအဝင် အီလက်ထရောနစ်နည်းပညာ အသစ်များနှင့်အတူ ရုရှားရဲ့ မူရင်း လေယာဉ်ကို အဆင့်မြင့်စေပါတယ်၊ တရုတ်ဟာ ယုံကြည်စိတ်ချရသောစွမ်းဆောင်ရည်မြင့်ဂျက်အင်ဂျင်များထုတ်လုပ်ရန်ကြီးမားသောပြဿနာများရှိနေသော်လည်း၎င်းရဲ့ အရပ်ဘက်အီလက်ထရောနစ်ကဏ္ဍနှင့်အတူ ပြောင်းလဲမှုများကြောင့်အဆင့်မြင့်လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရာတွင် ပို၍ အောင်မြင်လျှက်ရှိပါတယ်၊

J-16D မူကွဲမှ “ D”စကားလုံး သည်တရုတ်ဘာသာဖြင့်“ အီလက်ထရောနစ်”  diànzǐ မှဆင်းသက်လာတာဖြစ်ပြီး ၎င်းကို၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၈ ရက်  တွင်ပထမဆုံးပျံသန်းမှုပြုလုပ်ခဲ့ပါတယ်၊ထို့‌နောက် ဓာတ်ပုံများကို  သုံးရက်အကြာတွင်အများပြည်သူသို့ဖြန့်ချိခဲ့ပါတယ်၊ ဓာတ်ပုံများက ကျွန်တော်တို့ကိုပြောပြထားတဲ့အကြောင်းအရာတချို့ကို ကြည့်လိုက်ရအောင်၊ 

J-16D တွင် 30မီလီမီတာ ရှိတဲ့ အမြှောက်ပါဝင်ပြီး လေယာဉ်ချင်းအနီးကပ်တိုက်ပွဲတွင် အနီရောင် ရောင်ခြည်သုံး အာရုံခံစနစ်ကို ဖယ်ရှားထားပါတယ်၊ အဲ့ဒီအစား လေယာဉ်ကိုယ်ထည်တလျှောက်တွင် ဧရီယာတိုင်သစ်တွေနဲ့ အီလက်ထရောနစ် အဆင်တန်ဆာများတပ်ဆင်ထားပါတယ်၊  ပိုမိုအဆင့်မြင့်‌တဲ့AESA ရေဒါစနစ်တပ်ဆင်ဖို့အတွက် J-16Dရဲ့ ထိပ်ပိုင်းကိုပုံစံအသစ်ပြန်လည်သွင်းထားပါတယ်၊အရေးအကြီးဆုံးက‌တော့ EA-18G Growler ရဲ့ တောင်ပံများပေါ်တွင်အမေရိကန် ALQ-218 အီလက်ထရောနစ်အထောက်အပံ့တိုင်းတာကိရိယာ ကဲ့သို့ အီလက်ထရောနစ်စစ်ဆင်ရေးကိရိယာသစ်များကိုတပ်ဆင်ထားပါတယ်၊ ၎င်းတို့ဟာဆိုရင် ရေဒါကြိမ်နှုန်းကိုခွဲခြမ်းစိတ်ဖြာနိုင်ပြီး ရေဒါထုတ်လွှတ်သည့်ကိရိယာများရဲ့ တည်နေရာကိုဆုံးဖြတ်ပေးနိုင်သောလျှပ်စစ်သံလိုက်အာရုံခံကိရိယာများဖြစ်သလို ရေဒါများအားပိတ်ဆို့စေခြင်းနှင့်၎င်းတို့ကိုဖျက်ဆီးရန်အတွက်အလွန်အသုံးဝင်မည့်အချက်အလက်များလည်းဖြစ်ပါတယ်၊

PLAAF အကြောင်းသိရသမျှတော့ ဒီလောက်ပါပဲ၊နောက်ဆုံးပေါ်တိုက်လေယာဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုဖော်ပြလေ့မရှိတဲ့အတွက် တခြားဖော်ပြထားတဲ့ အချက်အလက်တွေကို ကြည့်လိုက်ရအောင်

J-16D လေယာဉ်ဟာ ရေဒီယိုထုတ်လွှင့်ချက်တွေကိုဖျက်စီးခြင်း နှင့် ရေဒါဖျက် ဒုံးကျည်များကိုပိုမိုထိရောက်စေရန် စက်လက်နက်ပစ္စည်း ပေါင်းစပ်ထားသောကြောင့်  ၎င်းတို့ကို အသုံးပြုရန် ရည်ရွယ်ထားတာဟာ အသိအသာပါပဲ၊ ဖြစ်နိုင်ချေမှာ ၎င်းဟာ အတောင်ပံများနှင့်လေယာဉ်ကိုယ်ထည်အောက် တွင် အဖျက်စနစ်ပါဝင်တဲ့ ကိရိယာ 2ခု 3ခုလောက်ကိုသယ်ဆောင်ပြီး တစ်ခုစီကနေ မတူညီတဲ့ ကြိမ်နှုန်းတွေကို ထုတ်လွှတ်ပေးပါတယ်၊ထိုကိရိယာ များဟာ AESA နည်းပညာကို အသုံးပြုထားတယ်လို့ထင်ရပါတယ်၊

အီလက်ထရောနစ် စစ်ဆင်ရေးသုံး ဂီယာတွေ အလေးချိန်အများဆုံးတင်နိုင်ရုံသာမက လက်နက်တင်ဆောင်ရန် နေရာ12 နေရာအနက် 6နေရာတောင် ကျန်ရှိပါသေးတယ်၊ တရုတ်မှာ ရန်သူရဲ့ အဝေးမှ စောင့်ကြည်တိုက်ခိုက်နိုင်ဖို့အတွက် စီစဉ်ထား သော ဓာတ်ရောင်ခြည်ဆန့်ကျင်တဲ့ ဒုံးကျည်လက်နက် (ARM) သုံးမျိုးရှိပါတယ်၊ CM-103 ဒုံးကျည်ဟာ အကွာအဝေး ၆၂ မိုင်အထိ‌ ရောက်ရှိနိုင်ပြီး၎င်းရဲ့ ၁၇၆ ပေါင်အလေးချိန်ရှိသောထိပ်ဖူးနှင့်ရေ‌ပြင်နှင့်မြေပြင်ပစ်မှတ်များကိုထိမှန်စေနိုင်ပါတယ်၊ တရုတ်တွင် YJ-91 ဟုလူသိများသောရုရှား Kh-31P ဒုံးကျည်မူရင်းကို ကူးယူထုတ်လုပ်ထားသော‌ ကော်ပီဟာ ၎င်းထက်အနည်းငယ်ပိုရှည်ပြီး သင်္ဘောဖျက်ကိရိယာများပါဝင်ပါတယ်၊နောက်ဆုံးအနေနဲ့ PL-12 လေယာဉ်ပစ်ဒုံးကျည်ကနေဆင်းသက်လာတဲ့ LD-10 ARM ဒုံးကျည်ရှိပါ သေးတယ်၊J-16D ဟာ အခြေခံလက်နက်များဖြစ်တဲ့Red Eagle ကို တိုက်လေယာဉ်ရဲ့ တောင်ပံအောက်ဖက်‌တွင် သယ်ဆောင်ထားနိုင်ပါတယ်၊

တရုတ်ဟာ အီလက်ထရောနစ်စစ်ဆင်ရေးစွမ်းရည်ဖြင့်အခြားတိုက်လေယာဉ်ဗုံးကြဲလေယာဉ်များကိုပျံသန်းလျက်ရှိပြီး  PLA လေတပ်နှင့် Naval လေတပ်တို့တွင် အစင်း 240ခန့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်၊ တာဝေးပစ်စစ်ဆင်ရေးများနှင့်အမြင့်ဆုံးမြန်နှုန်း Mach 1.75 ထိပျံနိုင်သည့် Flying Leopard ဟာ ရေဒါဖျက်ဒုံးကျည်များအပါအဝင်ခဲယမ်းပေါင်ချိန်နှစ်သောင်းခန့်ကိုသယ်ဆောင်နိုင်သလို အခြေခံ JH-7 နှင့်အဆင့်မြှင့်ထားသော JH-7A နှစ်ခုစလုံးဟာလည်း စစ်ဆင်ရေးကိရိယာများစွာပါ ဝင်ပါတယ်၊ သို့သော်လည်း Flying Leopard သည်လေယာဉ်ပျံတွင်တပ်ဆင်ထားသောအီလက်ထရောနစ်စစ်ဆင်ရေးကိရိယာများမရှိသဖြင့်ရည်ရွယ်ချက်ရှိရှိဒီဇိုင်းထုတ်ထားသောလေယာဉ်ထက်အီလက်ထရောနစ်စစ်ဆင်ရေးနယ်ပယ်တွင် သုံးဖို့ ကန့်သတ်ထားပါတယ်၊

တရုတ်ဟာ ခပ်ဝေးဝေးသို့ မပျံသန်းနိုင်တဲ့ ပိုကျယ် ပြီး ပိုနှေးသောလေယာဉ်များကိုလည်း ထိန်းသိမ်းထားလျက်ရှိပါတယ်၊ ၎င်းတို့တွင်နည်းဗျူဟာ‌မြောက် ကိရိယာတန်ဆာ များနှင့်အခြား အီလက်ထရောနစ်စစ်ဆင်ရေးဂီယာများ ကို တပ်ဆင်ထားတဲ့ Y-8GX ၊ Y-9GX သယ်ယူပို့ဆောင်ရေး‌ လေယာဉ်နှစ်ဒါဇင်နှင့် H-6 ဗုံးကြဲ လေယာဉ်ကိုအခြေခံပြုလုပ်ထားသော HD-6 အီလက်ထရောနစ်လေယာဉ်များပါ ဝင်ပါတယ်၊  Xianglong “ Soaring Dragon” မောင်းသူမဲ့ဒရုန်းအသစ်များကိုလည်း နည်းဗျူဟာကျကျ တိုက်ခိုက်ရန်အတွက်အသုံးချနိုင်ပါတယ်၊

ပေကျင်းဟာ ဆန္ဒရှိလျှင် J-16D နှင့်ညီမျှသောသယ်ယူပို့ဆောင်ရေးအခြေခံ လေယာဉ်မျိုးတည်ဆောက်နိုင်ပါတယ်၊ J-15 Flying Shark တိုက်လေယာဉ်များသည် တရုတ်နိုင်ငံရဲ့ Type 001 လေယာဉ်တင်သင်္ဘောနှစ်စင်းမှ Flanker လေယာဉ်အမျိုးအစားနဲ့ တူညီသောလက္ခဏာရပ်‌ တွေ ရှိပြီး J-15SD နဲ့ အလားတူအဆင့်မြှင့်တင်မှုကို ပြုလုပ်နိုင်ဖွယ်ရှိပါတယ်၊  သို့သော် J-15Sတရုတ်လေယာဉ်တင်သင်္ဘောများရဲ့အမြင့်ဆုံးပျံတက်နိုင်သောအကန့်အသတ်များကြောင့် တစ်ခုတည်းသောလေယာဉ်ကတော့ တန်ချိန်အနိမ့်ဆုံးသာသယ်ဆောင်နိုင်ပါတယ်၊ မည်သို့ပင်ဆိုစေ J-16D ကိုမည်သည့်အတိုင်းအတာအထိလက်ခံမည်ကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး၊

နောက်ဆုံးတော့တရုတ်ဟာသူ့ရဲ့ကိုယ်ပိုင်ဒုံးကျည်စနစ်တွေကိုသူ့ရဲ့ဝင်ရောက်ခွင့် ဧရိယာငြင်းဆိုတဲ့ဗျူဟာမှာဘယ်လိုအသုံးချလဲဆိုတာကို သေချာသိတာကြောင့် ပိုမိုကျော်ကြားလာခဲ့ပါတယ်၊ တရုတ်သည်  ရန်သူ့လေကြောင်းရန်ကာကွယ်ရေးကို အမှန်တကယ်ရင်ဆိုင်နိုင်ပြီလား၊ SEAD လေယာဉ်များဟာ ထိုင်ဝမ်၊ဂျပန်တို့နှင့်ပဋိပက္ခတိုက်ပွဲကြားတွင်အသုံးချခွင့်ရှိပါလိမ့်မယ်၊သို့သော်လည်းအီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်များဟာ ရန်သူ့လေယာဉ်များနှင့် သင်္ဘောဖျက် ဒုံးကျည်များကိုပစ်ချရန် SM-2, SM-6 နှင့် Sea Sparrow မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ ပါဝင်သောအမေရိကန်ရေတပ်စစ်သင်္ဘောများနှင့်တန်ပြန်တိုက်ခိုက်နိုင်ပါတယ်၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် (မကြာမီ) သြစတေးလျရေတပ်များအပါအဝင် Aegis တိုက်ခိုက်ရေးစနစ်ဖြင့်ပေါင်းစပ်လိုက်သောအခါပိုမို၍အစွမ်းထက်လာပါတယ်၊

ဥပမာအားဖြင့် JH-7ss က YJ-91 ရေဒါဖျက်ဒုံးကျည်နဲ့ အီလက်ထရောနစ် စစ်ဆင်‌ ရေးတို့ကို ပေါငိးစပ်အသုံးပြုထားတယ်ဆိုတာ Aegis သင်္ဘောတွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်စေလိမ့်မယ်လို့ တရုတ်ဆောင်းပါးမှာ သုံးသပ်ထားပါတယ်၊ ဟုတ်ပါတယ်၊ ရေဒါစနစ်တမျိုးထဲကို အသုံးပြုထားခြင်းဟာ လေတပ်ကို ခုခံရာတွင် အောင်မြင်မှုမရစေနိုင်ပါဘူး၊သို့သော်ထိုသို့ အသုံးပြုခြင်းဟာ ၎င်းရဲ့ ထိရောက်သောရေဒါထောက်လှမ်းမှုနှင့်ပစ်မှတ်အကွာအဝေးများတိုင်းတာနိုင်မှုကိုကျဆင်းစေပြီးတိုက်ခိုက်ရေးဒုံးကျည်များသို့မဟုတ်လေယာဉ်များရဲ့ ကာကွယ်မှုကို ကျော်လွှားသွားနိုင်ပါတယ်၊

ယခုအချိန်တွင် ဘေကျင်းဟာ နိုင်ငံခြားစစ်ပွဲများကိုစိတ်မဝင်စား‌သေးပေ။ သို့သော်လည်း ၎င်းဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းစစ်ရေးအင်အားချိန်ခွင်လျှာကိုပြောင်းလဲရန်ကြိုးပမ်းလျက်ရှိပါတယ်၊  ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် တရုတ်စစ်တပ်ကိုအမေရိကန်စစ်တပ်ကဲ့သို့အပြည့်အစုံ ထောက်ပံ့ပေးနိုင်မည့်J-16D ကဲ့သို့အထူးလေယာဉ်များတီထွင်ရန်စိတ်ဝင်စားလျက်ရှိပါတယ်၊

Sébastien Roblin ဟာ Georgetown University မှပဋိပက္ခဖြေရှင်းရေးမဟာဘွဲ့ကိုရရှိခဲ့ပြီး တရုတ်နိုငိငံ ရှိ ငြိမ်းချမ်းရေးကော်ပိုရေးရှင်း အတွက်တက္ကသိုလ်နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပါတယ်၊ သူဟာ ပြင်သစ်၊ အမေရိကားတို့တွင်ပညာရေး၊ တည်းဖြတ်ခြင်းနှင့်ဒုက္ခသည်ပြန်လည်နေရာချထားရေးတို့၌အလုပ်လုပ်ခဲ့ပြီး  War Is Boring  လုံခြုံရေးနှင့်စစ်ရေးသမိုင်းကြောင်းကိုရေးခဲ့ကာ ဒါဟာ ၂၀၁၇ မှာပထမဆုံးပေါ်ထွက်လာခဲ့ပါတယ်၊

Ref : The National Internet

Trans : Evelyn