iPhone 14 ဝယ်နိုင်ဖို့ အခြားနိုင်ငံသားတွေ တစ်နှစ်စာ ဝင်ငွေထဲက ဘယ်လောက်သုံးရလဲ

Post Views:
8
iPhone 14 ဝယ်နိုင်ဖို့ အခြားနိုင်ငံသားတွေ တစ်နှစ်စာ ဝင်ငွေထဲက ဘယ်လောက်သုံးရလဲ..?
ဇယားရဲ့ အောက်ဆုံးကနေ စကြည့်ပါ Luxembourg Switzerland USA တို့ဟာ သူတို့ရဲ့ လူတစ်ယောက် ပျမ်းမျှတစ်နှစ်စာ ဝင်ငွေထဲကနေ 1% လောက်လေး သုံးရုံနဲ့ iPhone 14 ရပြီ.. (ဇယားအောက်ဆုံးပုံ)
ကျနော်တို့နဲ့ အနီးဆုံး Thailand မှာတောင် ပျမ်းမျှတစ်နှစ်စာဝင်ငွေရဲ့ 17% လောက်ပဲ သုံးရတယ်.. အဲ့တော့ ပုံမှန်အလုပ်ရှိရင် ဝါသနာပါရင် လူတိုင်းဝယ်နိုင်တယ်.. (ဇယားအလယ်ပုံ)
အဲ့ကနေ များလာလိုက်တာ ထိပ်ဆုံး Bangladesh, Nigeria တို့မှာ 60% ဝန်းကျင်ထိ ရောက်လာတယ်.. တစ်နှစ်ရှာထားတာရဲ့ တစ်ဝက်ကျော်လောက် ပုံပေးမှ ရတော့တယ်.. သနားစရာလေးပေါ့.. ဟုတ်လား.. ဟို့.. သူများ မသနားနဲ့ဦး ကိုယ်တွေ ရွှေမြန်မာ စာရင်းထဲတောင် မပါနိုင်ရှာဘူး.. (ဇယားထိပ်ဆုံးပုံ)
ဘာလို့ မပါနိုင်လဲဆို 100% ကျော်သွားလို့.. အခြေခံလစာကို ၁၂ နဲ့ မြောက်ကြည့် တစ်နှစ်လုံးဝင်ငွေတောင် iPhone တလုံးမဝယ်နိုင်ဘူးဗျာ..
အနှစ်ချုပ်ပြောရရင် iPhone ကဈေးကြီးနေတာမဟုတ်ဘူး.. ကိုယ်တွေနိုင်ငံက မွဲပြာကျနေတာ.. ဒီမွဲပြာကျနေတဲ့ နိုင်ငံကနေ ပြန်ထဖို့ ရုန်းကန်ကြတဲ့ထဲ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကြရအောင်ပါ..
ဘယ်ပြောနိုင်မလဲ တစ်ချိန်မှာ ကျနော်တို့ ဝင်ငွေထဲက 10% လောက်လေးနဲ့ အမြင့်ဆုံး iPhone တို့ Samsung တို့ကို လူတိုင်း ဝယ်နိုင်တဲ့ကာလတွေ ရောက်ရင် ရောက်လာမှာပေါ့.. (Mr.Min)
Crd
Crd