သင့် iPhone မှာ Malware ကူးစက်နေတာကို သိပြီဆိုရင် သင် ဘာလုပ်မလဲ? အရင်ဆုံး ပြုလုပ်ကြတာက Malware မတိုက်ခိုက်နိုင်အောင် ဖုန်းကို ပါဝါပိတ်လိုက်ကြတာပါ။ ဒါပေမယ့် အဲဒါနဲ့တင် မလုံလောက်တော့ပါဘူး။
Technical University of Darmstadt မှ သုတေသနပညာရှင်တွေက ဖုန်း ပါဝါပိတ်ထားရင်တောင် အလုပ်လုပ်တဲ့ Malware ၁ မျိုးကို တီထွင်လိုက်ပါတယ်။ လျှပ်စစ် စွမ်းအင် မရဘဲနဲ့ Malware က ဘယ်လို အလုပ်လုပ်ပါသလဲ? ရိုးရှင်းတဲ့ အဖြေက ဒီနေ့ခေတ် ဖုန်းတွေဟာ ပါဝါ ပိတ်ထားရင်တောင် အပြည့်အဝ မပိတ်ကြလို့ ဖြစ်ပါတယ်။
သုတေသန ပညာရှင်တွေက ဖုန်း ပါဝါ ပိတ်ထားရင်တောင် Malware ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အောက်ပါ ၁ မိနစ်ကြာ ဗီဒီယိုမှာ ရှင်းပြထားပါတယ်။
အဲဒီ Malware ဟာ ၂၀၁၈ ခုနှစ်ကတည်းက iPhone တွေမှာ ပါလာတဲ့ Low Power Mode ကို အသုံးပြုကြတာပါ။ iPhone XR နဲ့ XS ကတည်းက စတင်ပါလာတာ ဖြစ်ပြီး အဲဒီ Mode က ဖုန်းရဲ့ ကျန်တဲ့ အရာအားလုံး ပိတ်နေချိန်မှာ ပါဝါ အနည်းငယ်နဲ့ NFC, Ultra-Wideband နဲ့ Bluetooth Chip တွေကို အလုပ်လုပ်စေပါတယ်။
သင့် ဖုန်း ပျောက်တဲ့ အချိန်မှာ ရှာဖွေဖို့ အသုံးဝင်ပေမယ့် Malware အမျိုးအစား အသစ်တွေရဲ့ အန္တရာယ် ရှိလာပါတယ်။
Ref : tnw
Crd