အမှန်တရားတော့ဘုရားဘဲသိမယ် G7 နှင့် အမေရိကန်တို့၏ စွပ်စွဲချက်အပေါ် အီရန်ပယ်ချ

G7 နှင့် အမေရိကန်တို့၏ စွပ်စွဲချက်အပေါ် အီရန်ပယ်ချ

ရေနံတင်သင်္ဘောတိုက်ခိုက်မှုတွင် ဒရုန်းဖြင့်တိုက်ခိုက်အသုံးပြုခဲ့ကြောင်း အနောက်နိုင်ငံများ၏စွပ်စွဲချက်များကို အီရန်က စနေနေ့တွင်ပယ်ချခဲ့ပြီး အစ္စရေးနိုင်ငံအား အစ္စလာမ်မစ်သမ္မတနိုင်ငံကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့်ဖန်တီးခဲ့သည်ဟု ပြန်လည်တုံ့ပြန်ပြောလိုက်ပါတယ်။

အစ္စရေးထိန်းချုပ်ထားတဲ့ Zodiac ရေကြောင်းလမ်းမှ မောင်းနှင်နေတဲ့ ရေနံတင်သင်္ဘော MT Mercer Street ကို ပြီးခဲ့သည့်သီတင်းပတ်က အိုမန်ကမ်းရိုးတန်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့မှုကြောင့် ဗြိတိန်နိုင်ငံသားတစ် ဦး နှင့် ရိုမေးနီးယား သင်္ဘောသားတစ်ဦး အသီးသီး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

G7 နိုင်ငံခြားရေးဝန်ကြီးတွေကတော့ အီရန်မှာဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုအ တွက် စွပ်စွဲမှုတွေပြုလုပ်လိုက်သလို အမေရိကန်ကြည်းတပ်ကလည်း ဒရုန်းဟာ အီရန်ထုတ်ဖြစ်တယ်ဆိုတဲ့အချက်ပေါ် စုံစမ်းစစ်ဆေးမှုတွေအရ အတည်ပြုလိုက်ပါတယ်။

” ကျွန်ုပ်တို့ဘက်ကတော့ ဒီ ဂျီ ၇ နဲ့ အမေရိကန်တို့ရဲ့ စွပ်စွဲချက်နဲ့ အခြေအမြစ်မရှိတဲ့ စကားတွေအပေါ် အပြင်းအထန်ကန့်ကွက်ပါတယ်” လို့လည်း အီရန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Saeed Khatibzadeh က တုံ့ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုနဲ့ အီရန်အပေါ်စွပ်စွဲချက်တွေဟာ သိသာထင်ရှားသည့် အချိန်ကိုက်ဖြစ်ပေါ်စေသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အီရန်သမ္မတဟောင်းအက်ဘရာဟမ်ရာစီက ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ရက်ပိုင်းအလိုက ပြောကြားခဲ့ပါသေးတယ်။
ရာစီဟာ Ayatollah Ali Khamene ဆီကနေ သမ္မတရာထူးကို ဩဂုတ် ၃ ရက်နေ့က လွှဲပြောင်းရယူခဲ့တာလည်းဖြစ်ပါတယ်။

အီရန်ဘက်က ဒရုန်း ၃ စင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၎င်းတို့ထဲက ၁ စီးက အကြွင်းအကျန်အဖြစ် ကျန်ရစ်ခဲ့တာကြောင့် ဒီဖြစ်ရပ်ကို အမေရိကန်က စုံစမ်းစစ်ဆေးကာ အီရန်ထုတ်ဖြစ်ကြောင်းလည်း အတည်ပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါဟာရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုပါ၊ နိုင်ငံတကာ ဥပဒေကို ရှင်းရှင်းလင်းလင်းချိုးဖောက်တာဖြစ်တယ်၊ ဒီတိုက်ခိုက်မှုအတွက် အကြောင်း ပြချက်မရှိဘူး လို့လည်း ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများက ကြေညာချက်မှာ ပြောကြားထားပါတယ်။

အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် Abolfazl Shekarchi က အမေရိကန်၏စွပ်စွဲချက်နဲ့ပတ်သက်လို့ “အမေရိကန်တွေက ရေထဲမှာ အီရန်ရဲ့ ဒရုန်းအစိတ်အပိုင်းတွေကို တွေ့ခဲ့တယ်လို့ပြောကြတယ်၊ ဒါကသူတို့ရဲ့အထောက်အထားတွေပါ။ ဒါပေမယ့်ဘယ်ဓာတ်ခွဲခန်းက ဒီဒရုန်းဟာ အီရန်ထုတ်ဖြစ်တယ်ဆိုတာ သေချာပြောဆိုတာလဲလို့ IRNA သတင်းဌာနသို့ပြောကြားထားပါတယ်။

“ ဒါကအမေရိကန်တွေရဲ့နည်းလမ်းတွေပါ၊ ဇာတ်လမ်းတွေကို ပုံဖျက်ပြီး အီရန်ကိုစွပ်စွဲဖို့သုံးတာပါ…ဒါကအီရန်ကိုဖိအားပေး ဖို့သူတို့ရွေးချယ် ထားတဲ့နည်းလမ်းဘဲ” ဟုသူကဆက်လက်ပြောဆိုခဲ့ပါတယ်။
သမ္မတအသစ် Shekarchi ကတော့ ဒီ စွပ်စွဲချက်တွေဟာ အီရန်အား စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
WNUp
khekcaihmedai
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

G7 ႏွင့္ အေမရိကန္တို႔၏ စြပ္စြဲခ်က္အေပၚ အီရန္ပယ္ခ်

ေရနံတင္သေဘၤာတိုက္ခိုက္မႈတြင္ ဒ႐ုန္းျဖင့္တိုက္ခိုက္အသုံးျပဳခဲ့ေၾကာင္း အေနာက္နိုင္ငံမ်ား၏စြပ္စြဲခ်က္မ်ားကို အီရန္က စေနေန႔တြင္ပယ္ခ်ခဲ့ၿပီး အစၥေရးနိုင္ငံအား အစၥလာမ္မစ္သမၼတနိုင္ငံကို ပ်က္ျပားေစရန္ ရည္ရြယ္ခ်က္ျဖင့္ဖန္တီးခဲ့သည္ဟု ျပန္လည္တုံ႔ျပန္ေျပာလိုက္ပါတယ္။

အစၥေရးထိန္းခ်ဳပ္ထားတဲ့ Zodiac ေရေၾကာင္းလမ္းမွ ေမာင္းႏွင္ေနတဲ့ ေရနံတင္သေဘၤာ MT Mercer Street ကို ၿပီးခဲ့သည့္သီတင္းပတ္က အိုမန္ကမ္းရိုးတန္းမွာ ဒ႐ုန္းနဲ႔တိုက္ခိုက္ခဲ့မႈေၾကာင့္ ၿဗိတိန္နိုင္ငံသားတစ္ ဦး ႏွင့္ ရိုေမးနီးယား သေဘၤာသားတစ္ဦး အသီးသီး ေသဆုံးခဲ့တာလည္းျဖစ္ပါတယ္။

G7 နိုင္ငံျခားေရးဝန္ႀကီးေတြကေတာ့ အီရန္မွာျဖစ္ေပၚခဲ့တဲ့ တိုက္ခိုက္မႈအ တြက္ စြပ္စြဲမႈေတြျပဳလုပ္လိုက္သလို အေမရိကန္ၾကည္းတပ္ကလည္း ဒ႐ုန္းဟာ အီရန္ထုတ္ျဖစ္တယ္ဆိုတဲ့အခ်က္ေပၚ စုံစမ္းစစ္ေဆးမႈေတြအရ အတည္ျပဳလိုက္ပါတယ္။

” ကၽြန္ုပ္တို႔ဘက္ကေတာ့ ဒီ ဂ်ီ ၇ နဲ႔ အေမရိကန္တို႔ရဲ့ စြပ္စြဲခ်က္နဲ႔ အေျခအျမစ္မရွိတဲ့ စကားေတြအေပၚ အျပင္းအထန္ကန႔္ကြက္ပါတယ္” လို႔လည္း အီရန္ နိုင္ငံျခားေရးဌာန ေျပာေရး ဆိုခြင့္ရွိသူ Saeed Khatibzadeh က တုံ႔ျပန္ေျပာဆိုထားပါတယ္။

ဒါ့အျပင္ ေရနံတင္သေဘၤာတိုက္ခိုက္ခံရမႈနဲ႔ အီရန္အေပၚစြပ္စြဲခ်က္ေတြဟာ သိသာထင္ရွားသည့္ အခ်ိန္ကိုက္ျဖစ္ေပၚေစေသာ ျဖစ္ရပ္တစ္ခုျဖစ္ေၾကာင္း အီရန္သမၼတေဟာင္းအက္ဘရာဟမ္ရာစီက က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ ရက္ပိုင္းအလိုက ေျပာၾကားခဲ့ပါေသးတယ္။
ရာစီဟာ Ayatollah Ali Khamene ဆီကေန သမၼတရာထူးကို ဩဂုတ္ ၃ ရက္ေန႔က လႊဲေျပာင္းရယူခဲ့တာလည္းျဖစ္ပါတယ္။

အီရန္ဘက္က ဒ႐ုန္း ၃ စင္းနဲ႔တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ၎တို႔ထဲက ၁ စီးက အႂကြင္းအက်န္အျဖစ္ က်န္ရစ္ခဲ့တာေၾကာင့္ ဒီျဖစ္ရပ္ကို အေမရိကန္က စုံစမ္းစစ္ေဆးကာ အီရန္ထုတ္ျဖစ္ေၾကာင္းလည္း အတည္ျပဳေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒါဟာရည္ရြယ္ခ်က္ရွိရွိနဲ႔ ပစ္မွတ္ထားတဲ့တိုက္ခိုက္မႈပါ၊ နိုင္ငံတကာ ဥပေဒကို ရွင္းရွင္းလင္းလင္းခ်ိဳးေဖာက္တာျဖစ္တယ္၊ ဒီတိုက္ခိုက္မႈအတြက္ အေၾကာင္း ျပခ်က္မရွိဘူး လို႔လည္း ဂ်ီ-၇ နိုင္ငံျခားေရးဝန္ႀကီးမ်ားက ေၾကညာခ်က္မွာ ေျပာၾကားထားပါတယ္။

အီရန္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ဗိုလ္မႉးခ်ဳပ္ Abolfazl Shekarchi က အေမရိကန္၏စြပ္စြဲခ်က္နဲ႔ပတ္သက္လို႔ “အေမရိကန္ေတြက ေရထဲမွာ အီရန္ရဲ့ ဒ႐ုန္းအစိတ္အပိုင္းေတြကို ေတြ႕ခဲ့တယ္လို႔ေျပာၾကတယ္၊ ဒါကသူတို႔ရဲ့အေထာက္အထားေတြပါ။ ဒါေပမယ့္ဘယ္ဓာတ္ခြဲခန္းက ဒီဒ႐ုန္းဟာ အီရန္ထုတ္ျဖစ္တယ္ဆိုတာ ေသခ်ာေျပာဆိုတာလဲလို႔ IRNA သတင္းဌာနသို႔ေျပာၾကားထားပါတယ္။

“ ဒါကအေမရိကန္ေတြရဲ့နည္းလမ္းေတြပါ၊ ဇာတ္လမ္းေတြကို ပုံဖ်က္ၿပီး အီရန္ကိုစြပ္စြဲဖို႔သုံးတာပါ…ဒါကအီရန္ကိုဖိအားေပး ဖို႔သူတို႔ေရြးခ်ယ္ ထားတဲ့နည္းလမ္းဘဲ” ဟုသူကဆက္လက္ေျပာဆိုခဲ့ပါတယ္။
သမၼတအသစ္ Shekarchi ကေတာ့ ဒီ စြပ္စြဲခ်က္ေတြဟာ အီရန္အား စိတ္ပိုင္းဆိုင္ရာစစ္ဆင္ေရးေဆာင္ရြက္ေနျခင္းျဖစ္တယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။
WNUp
khekcaihmedai