Facebookသုံးနေတဲ့ မိခင်ရဲ့ပေါ့ဆမှုကြောင့် ကလေးတစ်ဦး ရေနစ်သေဆုံး – What’s Today


Post Views:
12

တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ဟာ လူသားတွေရဲ့ အခြေခံကျတဲ့အသုံးဆောင်တစ်ခုလိုဖြစ် လာခဲ့ပါပြီ။ ဒါပေမယ့် တိုးတက်မှုကြောင့် အမြင်တွေကျယ်လာခဲ့ပေမယ့် တစ်ဖက်မှာဆုတ်ယုတ်မှုကလည်း ဒုနဲ့ဒေးပါ။ အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမရဲ့(၆)လအရွယ်ကလေးကိုဂရုမစိုက်ဘဲလူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့Facebookကိုအသုံးပြုနေတာကြောင့်ကလေးမှာရေနစ်ပြီးသေဆုံးသွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲဒီတရားခံမိခင်ရဲ့အမည်မှာ Cheyenne Summer Stuckey(21)ဖြစ်ပြီး သူမဟာ ကလေး(၄)ယောက်ရဲ့မိခင်လည်းဖြစ်ပါတယ်။ သူမဟာ သေဆုံးသွားတဲ့(၆)လအရွယ် သမီးအငယ်ဆုံးကိုရေချိုးပေးဖို့အတွက်စီစဉ်ခဲ့ပါတယ်။ရေချိုးတဲ့ဇလုံထဲမျာကလေးကိုထားပြီးရေတွေကိုလည်း ပိုက်ခေါင်းမှ တစ်ဆင့်ဖွင့်ထားခဲ့ပါတယ်။ နောက်တော့ သူမဟာ ရေချိုးခန်းထဲမှ အပြင်ထွက်ပြီးဖုန်းကနေတစ်ဆင့်လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebookကို မိနစ်(၂၀)ခန့် အ သုံးပြုခဲ့တာဖြစ်ပြီး ရေချိုးခန်းထဲပြန်သွားချိန်မှာတော့ ကလေးက ရေမွှန်းကာ သေဆုံးနေတာဖြစ်ပါတယ်။

ဒါပေမယ့်Stuckey(21)နှစ်ကိုရဲတွေကစစ်မေးရာမှာတော့သူမဟာFacebookမသုံးဘဲအပြင်ကိုခဏထွက်လာတာဖြစ်ကြောင်း၊ကလေးတစ်ဦးဦးရဲ့ဆွဲလှဲမှုကြောင့်(၆)လအရွယ်သမီးမှာရေနစ်သွားတာဖြစ်နိုင်ကြောင်း၊ဆေးရုံမရောက်ခင်ကလေးမှာမြောနေပြီးသူမကအခြေခံအသက်ရှုနည်းနဲ့ ကယ်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်အလောင်းအားစစ်ဆေးတဲ့ဆရာဝန်မှတ်ချက်အရကလေးမှာရေနစ်ပြီးသေတာဖြစ်ကြောင်းအတိအကျထွက်ဆိုခဲ့သလိုတရားခံမိခင်ရဲ့ဖုန်းကို စစ်ဆေးရာမှာလည်း အင်တာနက်သုံးထားတာကိုတွေ့ခဲ့ပြီး သူမကို တရားခံအဖြစ်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။



