F-35 တိုက်လေယာဉ်ဟာ နျူကလီးယားစစ်ပွဲကို ပါဝင်ဆင်နွှဲနိုင်သလား – The Geek Text

F-35 တိုက်လေယာဉ်ဟာ နျူကလီးယားစစ်ပွဲကို ပါဝင်ဆင်နွှဲနိုင်သလား – The Geek Text



Post Views:
13

F-35 တိုက်လေယာဉ်ဟာ နျူကလီးယားစစ်ပွဲကို ပါဝင်ဆင်နွှဲနိုင်သလား

F-35 ဟာ အမေရိကန်ရဲ့ နာမည်ကြီး တိုက်လေယာဉ်မှန်း သိကြမှာပါ။ မျိုးကွဲ A၊ B နဲ့ C ဆိုပြီး ၃ မျိုး ထုတ်လုပ်ပါတယ်။ B က ထောင်လိုက်တက်ဆင်းနိုင်လို့ လေယာဉ်တင် သင်္ဘောတွေမှာ အသုံးပြုပါတယ်။

ခုတင်ပြမှာကတော့ အနာဂတ် နျူစစ်ပွဲတွေမှာ ဒီလေယာဉ်ဟာ အံဝင်ဂွင်ကျ ဖြစ်မဖြစ်ဆိုတာကိုပါ။ ကြည့်ရအောင်နော်။

F-35 Lighting II ကို နောက်ထပ် ဗားရှင်းအသစ် မြှင့်တင်လိုက်တဲ့အတွက် နျူစစ်ပွဲတွေမှာ ပါဝင်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။

ဒီတော့ နျူဗုံးသယ်ဆောင်ဖို့ ဗုံးကျဲလေယာဉ်ကြီးတွေတောင် မလိုတော့ပါဘူးတဲ့။

ယူအက်စ်ရဲ့ ရန်သူတွေဟာ ဒီ Joint strike fighter ပူးတွဲတိုက်ခိုက်ရေးလေယာဉ်ကနေ နျူစစ်အထိ တိုက်ခိုက်ဆင်နွှဲနိုင်တယ်ဆိုတဲ့ F-35 နဲ့ပါတ်သက်ပြီး ပူပန်နေကြပါပြီ။

JSF လေယာဉ်ဟာ ထုတ်လုပ်စဉ်ကတည်းက ရည်မှန်းချက်ကြီးမားခဲ့ပြီး အနာဂတ် ခေတ်လွန်စစ်ပွဲတွေအတွက် မျော်မှန်းဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပါတယ်တဲ့။

ဝေဟင်မှဝေဟင်၊ ဝေဟင်မှ မြေပြင်ကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ F-35 လေယာဉ် JSF ပရိုဂရမ်ကို ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပေမယ့် Lockheed Martin ဟာ ပထမဆုံး F-35 ကို ၂၀၀၆ ခုနှစ်မှသာ စတင်ပွဲထုတ်နိုင်ခဲ့ပါတယ်။

ခုထိ အစင်းရေ ၇၇၀ ကျော် ထုတ်လုပ်ခဲပြီးပါပြီ။ လေယာဉ်ရဲ့ Empty weight က ၂၉,၃၀၀ ပေါင် ရှိပြီး Maximum takeoff weight က ပေါင် ၇၀,၀၀၀ ရှိပါတယ်။

အင်ဂျင်တစ်လုံးတပ် အမျိုးအစားပါ။ ဒါပေမယ့် တွန်းကန်အားက ၄၃,၀၀၀ ပေါင် ရှိပါတယ်။ အသံထက် ၁.၆ ဆမြန်လို့ တစ်နာရီကို ၁,၂၂၈ မိုင် သွားနိုင်ပါတယ်။

ခရီးအကွာအဝေး ၁၇၀၀ မိုင်အထိသွားရောက် တိုက်ခိုက်နိုင်ပါတယ်။ တစ်မိနစ်အတွင်း အမြင့်ပေ ၄၅,၀၀၀ အထိ တက်နိုင်ပါတယ်။ အမြင့်ပေ ၅၀,၀၀၀ အထိ တက်ရောက်နိုင်ပါတယ်။

အတွင်းပိုင်း လက်နက်တပ်ဆင်ခန်း ၄ ခု၊ အပြင်ပိုင်း တပ်ဆင်ဖို့နေရာ ၆ ခုပါဝင်ပါတယ်။

လက်နက် ပေါင် ၁၈,၀၀၀ သယ်ဆောင်နိုင်ပါတယ်။ ဆုံလည်ပြောင်း ၄ ခုပါဝင်တဲ့ ၂၅ မီလီမီတာ စက်သေနတ် ၁ လက်တပ်ဆင်ထားပါသေးတယ်။

ရေဒါကတော့ AN/APG -81 ဖြစ်ပါတယ်။ သူက ပစ်မှတ် ၂၃ ခုကို ကိုးစက္ကန့်အတွင်း ချိန်ရွယ်နိုင်ပါတယ်။ ၁၉ ခုကို ၂.၃ စက္ကန့်အတွင်း လော့ချ ထားနိုင်ပါတယ်။ ဒါတွေကို မိုင် ၃၀၀ အကွာက လုပ်နိုင်တာပါ။

လေယာဉ်ဟာ ကိုယ်ပျောက်စွမ်းရည်လဲ ရှိပါတယ်။ ဒါကြောင့် ရေဒါမှာ ပေါ်မယ့် သူ့ရဲ့ ပုံရိပ်ဟာ ၀.၀၀၅ square meters သာရှိတဲ့အတွက် ရန်သူ့ရေဒါတွေသတိထားမိမှာ မဟုတ်ပါဘူး။

နျူဗုံးတပ်ဆင်ကြဲချမှု စမ်းသပ်ချက်ကို ဒီလေယာဉ်နဲ့ ၂၀၂၀ ခုနှစ်မှာ စမ်းသပ်ခဲ့ပြီးပါပြီ။ နျူ ဗုံး (အတု)ကို အမြင့်ပေ ၁၀,၅၀၀ ကနေ ပစ်ချကြည့်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်က အသံထက် အမြန်နှုန်းနဲ့ပျံသန်းနေစဉ် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျည်ထိပ်ဖူးဟာ ပစ်မှတ်ကိုတိကျစွာ ထိမှန်ခဲ့ပါတယ်။ ကြာချိန်က ၄၂ စက္ကန့်သာ ရှိပါတယ်။

အသုံးပြုခဲ့တဲ့ ဗုံးအမျိုးအစားက B-61-12 Gravity Bomb ပါ။ ဗုံးရဲ့အမြီးပိုင်းမှာ လမ်းညွှန်ကိရိယာ တပ်ထားပါတယ်။

ဒါက ပစ်မှတ်ကိုတိကျစွာ ထိမှန်စေပါလိမ့်မယ်။ စမ်းသပ်မှုကို နီးဗါးဒါး သဲကန္တာရထဲက တိုနိုပါ စမ်းသပ်ကွင်းမှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

B61-12 ဟာ နည်းပညာမြင့် နျူဗုံးအသေးစားတစ်မျိုးဖြစ်ပြီး စစ်မြေပြင်မှာသုံးဖို့ ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။

၅၀ ကီလိုတန် ပြင်းအားရှိတဲ့ နျူထိပ်ဖူးတပ်ဆင်နိုင်ပါတယ်။ ဒါဟာ TNT ယမ်း ၅၀,၀၀၀ အားနဲ့ ညီမျှပါတယ်။ ဟီရိုရှီးမားဗုံးတောင်မှ ၁၅ ကီလိုတန်ဘဲရှိတာဆိုတော့ နှိုင်းယှဉ်ကြည့်ရင်ကြောက်စရာပါ။

ပစ်မှတ်ပေါ်မူတည်ပြီး ထိပ်ဖူးပြင်းအားကို အတိုးအလျော့ လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါဆို နျူထိပ်ဖူးတပ် ဒုံးကျည်အကြီးတွေရဲ့ကဏ္ဍက ဘယ်လိုဖြစ်လာမလဲ။

သူတို့ကတော့ ဘန်ကာကြီးတွေထဲကလက်နက်ကြီးတွေအနေနဲ့ပဲ ရှိနေအုံးမှာ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဒီလေယာဉ်ဟာ ICBM သိုလှောင်ရုံကြီးတွေကိုပါ ဖျက်ဆီးနိုင်လိမ့်လို့ ယူဆရပါလိမ့်မယ်။

လက်ရှိမှာတော့ ဒီလိုနျူထိပ်ဖူးတပ်လက်နက်ကို သယ်ဆောင်စစ်ကစားနိုင်တဲ့ တိုက်လေယာဉ်မျိုး F-35 တစ်မျိုးသာ ရှိပါသေးတယ်လို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Crd

Crd

arkarta