F-35 တိုက်လေယာဉ်မှူးတွေ အသက်ရှူကြပ်မှာကြောက်နေ

F-35 တိုက်လေယာဉ်မှူးတွေ အသက်ရှူကြပ်မှာကြောက်နေ
နည်းပညာ
House Armed Services Committee လက်အောက်ခံ ဌာနခွဲကြီးတစ်ခုက F-35 တိုက်လေယာဉ်မှူးတွေရဲ့ အသက်ရှူခြင်းဆိုင်ရာနှင့်ပတ်သက်လို့ ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်စစ်ဆေးပေးဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို တောင်းဆိုလိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဘာကြောင့်လဲဆိုတော့ တိုက်လေယာဉ်မှူးတွေအနေနဲ့ အောင်ဆီဂျင်ရရှိခြင်း ဆိုင်ရာချို့တဲ့မှု့ကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်နေလို့ပါ။

ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်ခဲ့တဲ့ Tactical Air and Land Forces Subcommittee ရဲ့ ၂၀၂၂ ကာကွယ်ရေးမူဝါဒဉပဒေကြမ်းမှာလည်း Defense Department အနေနဲ့ အက်ဖ်-၃၅ တိုက်လေယာဉ်မှူးတွေရဲ့ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေကို ပြန်လည်စုံစမ်းစစ်ဆေးဖို့နဲ့ ဖြေရှင်းဖို့အကြောင်းအရာပါဝင်ခဲ့ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နာဆာက လော့ဟိမာတင်ထုတ် အက်ဖ်-၃၅ တိုက်လေယာဉ်ရဲ့ အသက်ရှုခြင်းဆိုင်ရာ ပြဿာနာအကြောင်းအရင်းကို ပင်တဂွန်အနေနဲ့ စစ်ဆေးဖို့အတွက် ဆောင်ရွက်သင့်တယ်လို့ ရေးသားဖော်ပြ လိုက်ပါသေးတယ်။

နာဆာက အက်ဖ်-၃၅ ၂ စီးကို မြေပြင်စစ်ဆေးမှုတွေကို ပြုလုပ်ပြီး အသုံးချခဲ့တဲ့ တိုက်လေယာဉ်မှူး ၂ ဦးကို မေးမြန်းတဲ့အခါ နာမည်ကျော် Joint Strike Fighter ကြီးဟာ တိုက်လေယာဉ်မှူးတစ်ယောက်လိုအပ်တဲ့ အောက်ဆီ ဂျင်ပမာဏာကို အဆက်မပြတ်ထောက်ပံ့နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ တိုက်လေယာဉ်မှူးတွေအနေနဲ့ သူတို့ရဲ့ အသက်ရှုခြင်းဆိုင်ရာ အခက်အခဲကို မိမိဘာသာရှုသွင်းရှုထုတ်နှုန်းနဲ့ အစားထိုးဖြေရှင်းလိုက်ရတယ်လို့တောင် ပြောကြားခဲ့ပါတယ်။

ဒီလို အသက်ရှူကြပ်တဲ့၊မဝတဲ့အခြေအနေတွေကြောင့် တိုက်လေယာဉ်မှူးတွေ ဟာ နာတည်ရှည်ရောဂါတွေတောင် ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် အမြောက်အမြားမထုတ်လုပ်မီ၊ ငွေကြေးကုန်ကျမှုများစွာနဲ့ ပြင်ဆင်မွန်းမံခြင်းမပြုလုပ်မီ ကော်မတီအနေနဲ့ သေသေချာချာလေး နည်းပညာဆိုင်ရာ ပြဿနာကို အဖြေရှာသင့်တယ်လို့လည်း တိုက်တွန်းနေ ကြပါတယ်။

ကံဆိုးစေတာက ဒါမျိုးတွေဖြစ်လာရင် ကွန်ဂရက်က ဌာနကိုပဲ အရေးယူပြီး ဖြေရှင်းမှုကို တိုက်ရိုက်ဆောင်ရွက်ပေးတာမရှိတာပါပဲလို့ဆိုပါတယ်။
ဖြစ်စေချင်တာက လေယာဉ်မှူးလိုအပ်ချက်ကို တိုက်လေယာဉ်က ဆောင်ရွက် ပေးစေချင်တာပါ၊ ခုက လေယာဉ်လိုအပ်ချက်ကို လေယာဉ်မှူးတွေက ပြန်လည်အလိုက်သင့်နေရတဲ့ အခြေအနေလို့ ပြင်းပြင်ထန်ထန်ကို ဝေဖန်ထားပါတယ်။ နည်းဗျူဟာအစား သဘာဝအတိုင်းလေး လို လိုက်လျောညီထွေဖြစ်စေချင်တာပါ။

တကယ်တော့ ဒီပြဿနာက ၂၀၁၇ ခုနှစ်က စနေခဲ့တာပါ။ အရီဇိုးနားပြည်နယ် Luke Air Force Base ရဲ့ အမှတ် ၅၆ တိုက်လေယာဉ်အုပ်က F-35A တိုက်လေယာဉ်မှူးတွေဟာ F-35A စနစ်တွေကို ဆင်းတက်ပျံသန်းမှု အကြိမ် အတော်ကြာကြာကြီးကို ရက်သတ္တပတ်နဲ့ယှဉ်ပြီး လုပ်ခဲ့ကြပါတယ်။ ထွက်ပေါ် လာတဲ့ တစ်ခုတည်းသော လေသံက အောက်ဆီဂျင်ရရှိမှု မလုံလောက်တာပါ။

အက်ဖ်-၃၅ တွေရဲ့ အောက်ဆီဂျင်စနစ်ကို Honeywell ကုမ္ပဏီက ထုတ်လုပ် တာဖြစ်ပြီး ဒီစနစ်ကို ချိန်းပစ်မယ်လို့ F-35 Joint Program Office က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သို့သော်လည်း Joint Program Office က ယုံကြည်တာကတော့ အောက်ဆီဂျင်ပမာဏကို ပြန်ချိန်းပစ်လိုက်ရင် အဆင်ပြေလောက်တယ်လို့ ယူဆလိုက်ကြပါသေးတယ်။

လေယာဉ်မှူး ၄၀ ဦးလောက်ကိုက ဒီပြဿနာကို စောဒကတက်ထားတာပါ။ Air Force Magazine ရဲ့ အစီရင်ခံစာအရတော့ အမေရိကန်လေတပ်ရဲ့ အက်ဖ်-၃၅အေ အစီးရေ ၂၇ စီးပျက်ကျမှုမှာ ၂၀၂၀ မေလက ပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် အောက်ဆီဂျင်ပြဿနာကြောင့်ဖြစ်ပြီး တိုက်လေယာဉ်မှူးရဲ့ သိမြင်မှုဆိုင်ရာကိုပါ ကမောက်ကမဖြစ်စေခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဒီလိုပြဿနာတွေတက်နေတဲ့အပေါ် HASC အနေနဲ့ တရားဝင်ဉပဒေ တင်သွင်းပြီးဖြေရှင်းဖို့ စက်တင်ဘာ ၁ ရက်နေ့ကို သတ်မှတ်ထားပါတယ်။
ကော်မတီကသာခွင့်ပြုရင် HASC နဲ့ ၎င်းတို့ရဲ့ အဖွဲ့ဝင်တွေဟာ လွှတ်တော်ထိ တက်ပြီးဆောင်ရွက်တော့မှာပါ။ လက်ရှိအချိန်မှာတော့ အက်ဖ်-၃၅ တိုက်လေယာဉ်မှူးတွေအတွက်တော့ မျက်ခုံးလှုပ်နေရဆဲဖြစ်ပါတယ်။

ကျော်လင်း(အမိမြေ)
ကမ္ဘာ့သတင်းစုံ
worldupdate
(Like & Follow လုပ်ထားရုံဖြင့် ကမ္ဘာ့သတင်းများကို အချိန်နှင့်တစ်ပြေးညီ
အရောင်အဆင်းကင်းကင်းဖတ်ရှုနိုင်မည်ဖြစ်ပါသည်)
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

F-35 တိုက္ေလယာဥ္မႉးေတြ အသက္ရႉၾကပ္မွာေၾကာက္ေန
နည္းပညာ
House Armed Services Committee လက္ေအာက္ခံ ဌာနခြဲႀကီးတစ္ခုက F-35 တိုက္ေလယာဥ္မႉးေတြရဲ့ အသက္ရႉျခင္းဆိုင္ရာႏွင့္ပတ္သက္လို႔ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ျပန္လည္စစ္ေဆးေပးဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ေတာင္းဆိုလိုက္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ တိုက္ေလယာဥ္မႉးေတြအေနနဲ႔ ေအာင္ဆီဂ်င္ရရွိျခင္း ဆိုင္ရာခ်ိဳ႕တဲ့မႈ႔ေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာထိခိုက္မႈေတြ ျဖစ္ေပၚေနလို႔ပါ။

ၿပီးခဲ့တဲ့ အပတ္က ထုတ္ျပန္ခဲ့တဲ့ Tactical Air and Land Forces Subcommittee ရဲ့ ၂၀၂၂ ကာကြယ္ေရးမူဝါဒဉပေဒၾကမ္းမွာလည္း Defense Department အေနနဲ႔ အက္ဖ္-၃၅ တိုက္ေလယာဥ္မႉးေတြရဲ့ အသက္ရႉျခင္းဆိုင္ရာ ျပႆနာေတြကို ျပန္လည္စုံစမ္းစစ္ေဆးဖို႔နဲ႔ ေျဖရွင္းဖို႔အေၾကာင္းအရာပါဝင္ခဲ့ပါတယ္။
ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး နာဆာက ေလာ့ဟိမာတင္ထုတ္ အက္ဖ္-၃၅ တိုက္ေလယာဥ္ရဲ့ အသက္ရႈျခင္းဆိုင္ရာ ျပႆာနာအေၾကာင္းအရင္းကို ပင္တဂြန္အေနနဲ႔ စစ္ေဆးဖို႔အတြက္ ေဆာင္ရြက္သင့္တယ္လို႔ ေရးသားေဖာ္ၿပ လိုက္ပါေသးတယ္။

နာဆာက အက္ဖ္-၃၅ ၂ စီးကို ေျမျပင္စစ္ေဆးမႈေတြကို ျပဳလုပ္ၿပီး အသုံးခ်ခဲ့တဲ့ တိုက္ေလယာဥ္မႉး ၂ ဦးကို ေမးျမန္းတဲ့အခါ နာမည္ေက်ာ္ Joint Strike Fighter ႀကီးဟာ တိုက္ေလယာဥ္မႉးတစ္ေယာက္လိုအပ္တဲ့ ေအာက္ဆီ ဂ်င္ပမာဏာကို အဆက္မျပတ္ေထာက္ပံ့နိုင္ျခင္းမရွိဘူးလို႔ သိရပါတယ္။ တိုက္ေလယာဥ္မႉးေတြအေနနဲ႔ သူတို႔ရဲ့ အသက္ရႈျခင္းဆိုင္ရာ အခက္အခဲကို မိမိဘာသာရႈသြင္းရႈထုတ္ႏႈန္းနဲ႔ အစားထိုးေျဖရွင္းလိုက္ရတယ္လို႔ေတာင္ ေျပာၾကားခဲ့ပါတယ္။

ဒီလို အသက္ရႉၾကပ္တဲ့၊မဝတဲ့အေျခအေနေတြေၾကာင့္ တိုက္ေလယာဥ္မႉးေတြ ဟာ နာတည္ရွည္ေရာဂါေတြေတာင္ ျဖစ္လာနိုင္တယ္လို႔ဆိုပါတယ္။
ဒါ့ေၾကာင့္ အေျမာက္အျမားမထုတ္လုပ္မီ၊ ေငြေၾကးကုန္က်မႈမ်ားစြာနဲ႔ ျပင္ဆင္မြန္းမံျခင္းမျပဳလုပ္မီ ေကာ္မတီအေနနဲ႔ ေသေသခ်ာခ်ာေလး နည္းပညာဆိုင္ရာ ျပႆနာကို အေျဖရွာသင့္တယ္လို႔လည္း တိုက္တြန္းေန ၾကပါတယ္။

ကံဆိုးေစတာက ဒါမ်ိဳးေတြျဖစ္လာရင္ ကြန္ဂရက္က ဌာနကိုပဲ အေရးယူၿပီး ေျဖရွင္းမႈကို တိုက္ရိုက္ေဆာင္ရြက္ေပးတာမရွိတာပါပဲလို႔ဆိုပါတယ္။
ျဖစ္ေစခ်င္တာက ေလယာဥ္မႉးလိုအပ္ခ်က္ကို တိုက္ေလယာဥ္က ေဆာင္ရြက္ ေပးေစခ်င္တာပါ၊ ခုက ေလယာဥ္လိုအပ္ခ်က္ကို ေလယာဥ္မႉးေတြက ျပန္လည္အလိုက္သင့္ေနရတဲ့ အေျခအေနလို႔ ျပင္းျပင္ထန္ထန္ကို ေဝဖန္ထားပါတယ္။ နည္းဗ်ဴဟာအစား သဘာဝအတိုင္းေလး လို လိုက္ေလ်ာညီေထြျဖစ္ေစခ်င္တာပါ။

တကယ္ေတာ့ ဒီျပႆနာက ၂၀၁၇ ခုႏွစ္က စေနခဲ့တာပါ။ အရီဇိုးနားျပည္နယ္ Luke Air Force Base ရဲ့ အမွတ္ ၅၆ တိုက္ေလယာဥ္အုပ္က F-35A တိုက္ေလယာဥ္မႉးေတြဟာ F-35A စနစ္ေတြကို ဆင္းတက္ပ်ံသန္းမႈ အႀကိမ္ အေတာ္ၾကာၾကာႀကီးကို ရက္သတၱပတ္နဲ႔ယွဥ္ၿပီး လုပ္ခဲ့ၾကပါတယ္။ ထြက္ေပၚ လာတဲ့ တစ္ခုတည္းေသာ ေလသံက ေအာက္ဆီဂ်င္ရရွိမႈ မလုံေလာက္တာပါ။

အက္ဖ္-၃၅ ေတြရဲ့ ေအာက္ဆီဂ်င္စနစ္ကို Honeywell ကုမၸဏီက ထုတ္လုပ္ တာျဖစ္ၿပီး ဒီစနစ္ကို ခ်ိန္းပစ္မယ္လို႔ F-35 Joint Program Office က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ သို႔ေသာ္လည္း Joint Program Office က ယုံၾကည္တာကေတာ့ ေအာက္ဆီဂ်င္ပမာဏကို ျပန္ခ်ိန္းပစ္လိုက္ရင္ အဆင္ေျပေလာက္တယ္လို႔ ယူဆလိုက္ၾကပါေသးတယ္။

ေလယာဥ္မႉး ၄၀ ဦးေလာက္ကိုက ဒီျပႆနာကို ေစာဒကတက္ထားတာပါ။ Air Force Magazine ရဲ့ အစီရင္ခံစာအရေတာ့ အေမရိကန္ေလတပ္ရဲ့ အက္ဖ္-၃၅ေအ အစီးေရ ၂၇ စီးပ်က္က်မႈမွာ ၂၀၂၀ ေမလက ပ်က္က်ခဲ့တဲ့ ျဖစ္စဥ္မွာဆိုရင္ ေအာက္ဆီဂ်င္ျပႆနာေၾကာင့္ျဖစ္ၿပီး တိုက္ေလယာဥ္မႉးရဲ့ သိျမင္မႈဆိုင္ရာကိုပါ ကေမာက္ကမျဖစ္ေစခဲ့တာလို႔ ေဖာ္ျပထားပါတယ္။

ဒါ့ေၾကာင့္ ဒီလိုျပႆနာေတြတက္ေနတဲ့အေပၚ HASC အေနနဲ႔ တရားဝင္ဉပေဒ တင္သြင္းၿပီးေျဖရွင္းဖို႔ စက္တင္ဘာ ၁ ရက္ေန႔ကို သတ္မွတ္ထားပါတယ္။
ေကာ္မတီကသာခြင့္ျပဳရင္ HASC နဲ႔ ၎တို႔ရဲ့ အဖြဲ႕ဝင္ေတြဟာ လႊတ္ေတာ္ထိ တက္ၿပီးေဆာင္ရြက္ေတာ့မွာပါ။ လက္ရွိအခ်ိန္မွာေတာ့ အက္ဖ္-၃၅ တိုက္ေလယာဥ္မႉးေတြအတြက္ေတာ့ မ်က္ခုံးလႈပ္ေနရဆဲျဖစ္ပါတယ္။

ေက်ာ္လင္း(အမိေျမ)
ကမၻာ့သတင္းစုံ
worldupdate
(Like & Follow လုပ္ထား႐ုံျဖင့္ ကမၻာ့သတင္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ
အေရာင္အဆင္းကင္းကင္းဖတ္ရႈနိုင္မည္ျဖစ္ပါသည္)
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။