F-22 Raptor ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်အကြောင်း (ဆောင်းပါးရှည်)

F-22 Raptor ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်အကြောင်း (ဆောင်းပါးရှည်)



Post Views:
9

F-22 Raptor ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်အကြောင်း (ဆောင်းပါးရှည်)

F22 သည် အဘယ်ကြောင့် ကမ္ဘာပေါ်တွင် အ‌ကောင်းဆုံး တိုက်လေယာဉ် ဖြစ်‌ နေရဆိုတာကို အချက်အလက်အပြည့်အစုံ စုစည်းတင်ပြလိုက်ပါတယ်။

F-22A Raptor တိုက်လေယာဉ်သည် အမေရိကန်လေတပ်အတွက် ဒီဇိုင်းထုတ်ထားသော နည်းပညာမြင့် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် ဖြစ်သည်။

F-15 တိုက်လေယာဉ်များကို အစားထိုးရန်အတွက် ပဉ္စမမျိုးဆက် တိုက်လေယာဉ် F-22 ကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်လေတပ်သို့ မိတ်ဆက်ခဲ့သည်။

F-22A Raptor သည် အိုဟိုင်းယိုးပြည်နယ် Wright-Patterson လေတပ်အခြေစိုက်စခန်းရှိ Aeronautical Systems Center တွင် တီထွင်ထားသည့် အသံထက်မြန်ပြီး အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အမေရိကန်အမျိုးသားလေကြောင်းပျံသန်းရေးအသင်း၏ Robert J Collier Trophy ဆုကို ရရှိခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က လော့ခ်ဟိဒ်မာတင်က ထုတ်လုပ်သည့် F-22 အစီအစဉ်ကို ရပ်ဆိုင်းကာ F-35 ပူးတွဲ တိုက်ခိုက်ရေး တိုက်လေယာဉ်များ ထုတ်လုပ်မှုကို တိုးမြှင့်မည်ဟု ပင်တဂွန်မှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ကြေညာပြီးနောက် F-22 တိုက်လေယာဉ်များ ထုတ်လုပ်မှုကို တရားဝင် ရပ်ဆိုင်းခဲ့သည်။

နောက်ဆုံး F-22 များကို ၂၀၁၂ ခုနှစ်တွင် ပေးပို့ခဲ့ပြီး လက်ရှိတွင် USAF တွင် F-22 အစီရေ ၁၈၃ စီး ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် Lockheed Martin သည် အမေရိကန်လေတပ်၏ F-22 Raptor ကိုယ်ပျောက်ဂျက်လေယာဉ်များကို ပြုပြင်ရန်အတွက် ငါးနှစ်စာချုပ်ဖြင့် ဒေါ်လာ ၇ ဘီလီယံ ရရှိခဲ့သည်။

F-22A Raptor ၏ ဖွံ့ဖြိုးတိုးတက်မှု

၁၉၉၀ ခုနှစ်တွင် Lockheed Martin သည် Boeing နှင့် General Dynamics တို့ ပူးပေါင်း၍ YF-22 သရုပ်ပြလေယာဉ်ကို တီထွင်ပြီး ပျံသန်းခဲ့သည်။

F-22 Raptor တိုက်လေယာဉ်ကို ၁၉၉၇ ခုနှစ်၊ဧပြီလတွင် ထုတ်ဖော်ပြသခဲ့ပြီးနောက်ထုတ်လုပ်ရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသည်။

USAF မှ F-22 လေယာဉ်အား ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလတွင် ပြန်လည်ဒီဇိုင်းထုတ်ရန် ရွေးချယ်ခဲ့ပြီး မြေပြင်တိုက်ခိုက်မှုနှင့် ဝေဟင်မှ လေကြောင်းစစ်ဆင်ရေးမစ်ရှင်ပေါင်းများစွာကို ပုံဖော်ဆင်နွှဲနိုင်ခဲ့သည်။

၂၀၀၁ ခုနှစ်၊ဩဂုတ်လတွင် ကနဦးထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး လော့ခ်ဟိမာတင်သည် LRIP စာချုပ်များအောက်တွင် လေယာဉ် ၄၉ စီးကို ပေးအပ်ခဲ့သည်။

ကနဦး စစ်ဆင်ရေး စမ်းသပ်ခြင်းနှင့် အကဲဖြတ်ခြင်းအား ၂၀၀၄ ခုနှစ်၊ဧပြီလတွင် စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ် ၊ဖေဖော်ဝါရီလတွင် ကျေနပ်ဖွယ်ရာ ပြီးစီးခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် F-22 Raptor သည် အပြည့်အဝ လည်ပတ်နိုင်စွမ်းကို ရရှိခဲ့ပါသည်။ နောက်ထပ် Raptor အစီး ၆၀ ကို ၂၀၀၇ ခုနှစ်၊ ဇူလိုင်လတွင် ဝယ်ယူခဲ့ပြီး စုစုပေါင်း Raptors အရေအတွက် ၁၈၃ စီးအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ထုတ်လုပ်ရန် စီစဉ်ထားသည်။

ပင်တဂွန် (Pentagon) သည် အပို Raptor လေးစီးအတွက် ဘဏ္ဍာငွေအဖြစ် ဒေါ်လာသန်း ၄၀ ကို ၂၀၀၈ ခုနှစ်၊နိုဝင်ဘာလတွင် ခွင့်ပြုခဲ့ပြီး စုစုပေါင်း မှာယူထားသည့် လေယာဉ်အရေအတွက်ကို ၁၈၇ အထိ တိုးမြင့်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊မေလတွင် အမေရိကန်လေတပ်၏ F-22 လေယာဉ်တပ်စုကို လေယာဉ်တင်သင်္ဘောပေါ်တွင် တာဝန်ထမ်းတောင်ရန် application development process ကို ခေတ်မီစေရန် အဆင့်မြှင့်တင်ခဲ့သည်။

အခြေစိုက်စခန်းများနှင့် F-22A Raptors များ ဖြန့်ကျက်ချထားခြင်း။

ဗာဂျီးနီးယားရှိ Langley AFB တွင် F-22A Raptors ၏ ပထမဆုံး စစ်ဆင်ရေးတပ်ဖွဲ့တွင် လေယာဉ် အစီး ၄၀ ပါရှိသည်။

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် F-22 ဂျက်တိုက်လေယာဉ် ၁၂ စင်းသည် ဂျပန်နိုင်ငံရှိ Kadena လေတပ်စခန်းတွင် ပထမဆုံးပြည်ပ ဖြန့်ကျက်ချထားမှုကို စတင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ မေလတွင် ပြန်လည်ရောက်ရှိလာသည်။

တဖန် ၂၀၀၉ ခုနှစ်၊ဇန်နဝါရီတွင် ဂျပန်နိုင်ငံရှိ Langley လေတပ်အခြေစိုက်စခန်းမှ F-22 တိုက်လေယာဉ် ၁၂ စင်းအား Kadena လေတပ်စခန်းတွင် သုံးလကြာ တပ်စွဲထားခဲ့သည်။

ပျံသန်းမှု စမ်းသပ်စဉ်တွင် F-22A သည် ‘စူပါခရုဇ်'( Super Cruise ) စွမ်းရည်ကို ပြသခဲ့ပြီး အမြန်နှုန်း အသံထက် ၁.၅ ဆအထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်းနိုင်သည့် စွမ်းရည်ကို ပြသခဲ့သည်။

Lockheed Martin သည် F-22 ၏ မျိုးကွဲ တိုက်လေယာဉ် အမျိုးအစားဖြစ်သည့် FB-22 အမျိုးအစားတွင် ပိုကြီးသော Dalta အတောင်ပံများ တပ်ဆင်ခဲ့ပြီး အကွာအဝေးနှင့် ပြင်ပဝန်အား ၄၅၀၀ ကီလိုဂရမ်နှင့် စုစုပေါင်း အလေးချိန် ၁၅၀၀၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်သည့် စစ်စွမ်းရည်ကို ပြသခဲ့ပါသည်။

F-22 Raptor ၏ ဒီဇိုင်းနှင့် အင်္ဂါရပ်များ

လေယာဉ်အရှည် ၁၈.၉ မီတာ ၊ အမြင့် ၅.၁ မီတာ နဲ့ ၁၃.၆ မီတာ ရှည်တဲ့ wingspan ရှိသည်။ အကွာအဝေး ၁၆၀၀ နော်တီကယ်မိုင်အထိ ပျံသန်းနိုင်သည်။

အလေးချိန် ပေါ့ပါးဖို့အတွက် F-22 မှာ ၃၉ ရာနှုန်း တိုင်တေနီယမ်သတ္တု ထည့်သွင်းတည်ဆောက်ထားပါသည်။၂၄ ရာနှန်းက composite ဖြစ်ပြီး ၁၆ ရာခိုင်နှုန်းက အလူမီနီယမ်ဖြစ်သည်။ thermoplastic ကတော့ ၁ ရာခိုင်နှုန်းသာပါသည်။

တိုင်တေနီယမ်ကို အထူးဒါဏ်ခံနိုင်ဖို့ထည့်သွင်းတည်‌ဆောက်တာ ဖြစ်ပါသည်။ တိုင်တေနီယမ်ဟာ မာကျောပြီး ပေါ့ပါးသလို အပူဒါဏ်ကိုလဲ ခံနိုင်ရည်ရှိပါသည်။ ကာဗွန်ဖိုက်ဘာ ပေါင်းစပ်ပစ္စည်းတွေကိုတော့ ကိုယ်ထည်မှာသုံးပါတယ်။

F-22 cockpit (လေယာဉ် ခေါင်းခန်း)

Stick ခေါ် မောင်းတန်နဲ့ လွယ်ကူစွာ ထိန်းချုပ် မောင်းနှင်နိုင်သည်။အရောင် ၆ ခုပါတဲ့ LCD display ဒိုင်ခွက် နှစ်ခုတပ်ဆင်ထားပါသည်။ Kaiser Electronics က ထုတ်လုပ်တာ ဖြစ်ပါသည်။

ဝေဟင် မြေပြင် မြင်ကွင်း‌ ကောင်းစွာရရှိနိုင်ပါတယ်။ ပစ်မှတ် ရှာဖွေသတ်မှတ်ခြင်း၊ လမ်း‌ကြောင်းရှာ‌ခြင်း၊ ဆက်သွယ်ခြင်း လမ်းညွှန်ခြင်းနှင့်ပျံသန်းမှုဆိုင်ရာ အချက်အလက်အားလုံး ဒီဒိုင်ခွက် ဖန်သားပြင်မှာ ပြသပါသည်။

HUD ( Head up Display ) လည်း ပါဝင်ပြီး ခေါင်းဆောင်း Halmet နဲ့ လက်နက်ပစ်ခတ်မှုကို ထိမ်းချုပ်နိုင်ပါသည်။

HUD ဟာ ပစ်မှတ်များ တည်နေရာ တွက်ချက်မှု အတွက် အလွန်ကောင်းမွန်ပါသည်။ BAE ( British Aerospace Engineering) က ထုတ်လုပ်တာ ဖြစ်ပါသည်။

F-22 မှာတပ်ဆင်နိုင်တဲ့ လက်နက်မျးာ

ညာဖက်လေဝင်ပေါက် အပေါ်ဖက်မှာ M61A2 Vulcan gun version ကို တပ်ဆင်ထားသည်။ i General Dynamics ကထုတ်တဲ့ 480 rounds of 20mm စက်သေနတ်ဟာ တစက္ကန့်ကို ပါတ်ရေ ၁၀၀ လည်ပါတ် ပစ်ခတ်နိုင်သည်။

F-22 Raptor အတောင်ပံမှာ hardpoints ၄ ခုပါဝင်ပြီး တစ်ခုကို ၂၂၇၀ ကီလိုဂရမ်အထိ တပ်ဆင်နိုင်သည်။ AIM-120A AMRAAM ဒုံးကျည် ဒါမှမဟုတ် အပိုဆီတိုင်ကီ external fuel tanks လည်း တပ်ဆင်နိုင်ပါတယ်။

အတွင်းပိုင်းမှာ လက်နက်သိုလှောင်ဖို့ ၃ နေရာ ပါရှိပြီး AMRAAM AIM-120C missiles ၆ ခု သို့မဟုတ် AMRAAM ၂ ခုနဲ့ ပေါင် ၁၀၀၀ လေးသည့် GBU-32 joint direct attack ဗုံး တပ်ဆင်ထားပါသည်။

Raytheon ကထုတ်တဲ့ AMRAAM air-to-air missile ဟာ ၅၀ နော်တီကယ်မိုင် အကွာအဝေးက ပစ်မှတ်ကို ပစ်ခတ်နိုင်ပြီး သူက all-weather short- to a medium-range radar-guided fire-and-forget missile အမျိုးအစား ဖြစ်ပါသည်။

compartment တဖက်တချက်မှာ Lockheed Martin / Raytheon AIM-9M သို့မဟုတ် AIM-9X Sidewinder all-aspect short-range air-to-air missile တပ်ဆင်ထားပါသေးသည်။

၂၀၀၇ ခုနှစ်၊‌ ဖေဖော်ဝါရီလမှာ Boeing ကထုတ်တဲ့ GPS-လမ်းညွှန် ဗုံးအသေးစားတစ်မျိုးကို ထပ်ဖြည့်တပ်ဆင်ထားပါသည်။ ဒါကြောင့် စုစုပေါင်း SDB ဗုံး ၈ ခုနဲ့ AMRAAM missiles ၂ ခုပါရှိမှာ ဖြစ်ပါသည်။

ရေဒါစနစ်

Northrop Grumman ရဲ့ Electronic Sensors System‌ တွေက Raytheon Electronic Systems ရဲ့ AN/APG-77 radar ကို ထောက်ကူထားပါသည်။ ဒီအစွမ်းထက် ရေဒါကို ၂၀၀၅ ခုနှစ်မှာ ပြောင်းလဲတပ်ဆင်ထားပါသည်။

F-22 Raptor မှာ Countermeasures လို့ခေါ်တဲ့ တန်ပြန် အီလက်ထရောနစ်စနစ်ပါဝင်လို့ ရန်သူ့ ရေဒါနဲ့ လျှပ်စစ်ဆက်သွယ်ရေးစနစ်တွေကို ဟန့်တားနှောင့်ယှက်နိုင်ပါသည်။

Northrop Grumman ထုတ် LTN-100G laser gyroscope inertial reference system, GPS နဲ့ microwave landing system တွေကြောင့် လေယာဉ်ဟာ အဆင့်မြင့်လှပါသည်။

F-22 အင်ဂျင်

F-22 လေယာဉ်မှာ Pratt & Whitney F119-100 အင်ဂျင်နှစ်လုံးတပ်ဆင်ထားပါသည်။ F119-100 ဟာ 156 kN တွန်းအား ရှိပါသည်။ After burner သုံး အင်ဂျင်ဖြစ်သည်။

Hamilton Standard ရဲ့ အပြည့်အဝ အခွင့်အာဏာ ဒစ်ဂျစ်တယ် အင်ဂျင်ထိန်းချုပ်မှုစနစ် thrust vectoring (FADEC) full authority digital engine control ပါပါသည်။ဒါက အင်ဂျင်ကို ကွန်ပျူတာစနစ်နဲ့အပြည့်အဝ ထိန်းချုပ်ပေးပါသည်။

အထက်မှာ တင်ပြခဲ့တာကတော့ F-22 raptor ရဲ့ သမိုင်းနဲ့ စက်မှုအချက်အလက်များကို တတ်နိုင်သမျှစုစည်းထားတာ ဖြစ်ပါတယ်။

Knight News Team

Knight News © 2022
Crd

Crd

arkarta