
Post Views:
12
နည်းပညာသူဌေး အီလွန်မာ့ခ်ဟာ သူ့ရဲ့ တက်စ်လာကုမ္ပဏီကနေ လူတူစက်ရုပ်ကို ဖန်တီးနေကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားပြီး လက်ရှိမှာတော့ Optimus လို့အမည်ပေးထားတဲ့ လူတူစက်ရုပ်ရဲ့နောက်ဆုံးနမူနာကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အဲဒီစက်ရုပ်ကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေလုပ်နေဆဲဖြစ်ပေမယ့် နှစ်အနည်းငယ်အတွင်းမှာ အများပြည်သူကို ရောင်းချသွားမယ်လို့ အီလွန်မာ့ခ်က ပြောပါတယ်။
စက်ရုပ်ကို တက်စ်လာရဲ့ ဉာဏ်ရည်တုနေ့မှာပြသခဲ့တာဖြစ်ပြီး စင်မြင့်ပေါ်ကနေ ပရိသတ်ကို လက်ဝှေ့ယမ်းပြကာ ဒူးကိုလည်း မြှောက်ပြခဲ့ပါတယ်။
လူတူစက်ရုပ် Optimus ဟာ အသံနဲ့အမိန့်ပေးတာကို နားလည်လုပ်ဆောင်နိုင်ပြီး သူ့ရဲ့လှုပ်ရှားမှုဟာ လူတွေနီးနီး စွမ်းဆောင်နိုင်ကာ တစ်နာရီကို ငါးမိုင်နှုန်း လမ်းလျှောက်နိုင်တယ်လို့ ဆိုပါတယ်။
ခရက်ဒစ်..စံတော်ချိန်ဝက်ဘ်ဆိုက်
ယူနီကုဒ်
Elon Musk မှ တက်စ်လာ လူတူစက်ရုပ် Optimus ကို ထုတ်ဖော်ပြသ…
နည်းပညာသူဌေး အီလွန်မာ့ခ်ဟာ သူ့ရဲ့ တက်စ်လာကုမ္ပဏီကနေ လူတူစက်ရုပ်ကို ဖန်တီးနေကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားပြီး လက်ရှိမှာတော့ Optimus လို့အမည်ပေးထားတဲ့ လူတူစက်ရုပ်ရဲ့နောက်ဆုံးနမူနာကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အဲဒီစက်ရုပ်ကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေလုပ်နေဆဲဖြစ်ပေမယ့် နှစ်အနည်းငယ်အတွင်းမှာ အများပြည်သူကို ရောင်းချသွားမယ်လို့ အီလွန်မာ့ခ်က ပြောပါတယ်။
စက်ရုပ်ကို တက်စ်လာရဲ့ ဉာဏ်ရည်တုနေ့မှာပြသခဲ့တာဖြစ်ပြီး စင်မြင့်ပေါ်ကနေ ပရိသတ်ကို လက်ဝှေ့ယမ်းပြကာ ဒူးကိုလည်း မြှောက်ပြခဲ့ပါတယ်။
လူတူစက်ရုပ် Optimus ဟာ အသံနဲ့အမိန့်ပေးတာကို နားလည်လုပ်ဆောင်နိုင်ပြီး သူ့ရဲ့လှုပ်ရှားမှုဟာ လူတွေနီးနီး စွမ်းဆောင်နိုင်ကာ တစ်နာရီကို ငါးမိုင်နှုန်း လမ်းလျှောက်နိုင်တယ်လို့ ဆိုပါတယ်။
စက်ရုပ်ဟာ အမြင့်ခြောက်ပေရှိပြီး ၁၂၅ ပေါင်အလေးချိန်ရှိကာ ၄၅ ပေါင်ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။ဒါ့အပြင် စက်ရုပ်ဟာ ပန်းပင်လေးတွေကို ရေလောင်းတာ၊ သေတ္တာတွေကို
ထမ်းတာမျိုးတွေလည်းလုပ်ဆောင်နိုင်ပြီး လက်ရှိမှာတော့ စက်ရုပ်တွေကို အများအပြားထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အီလွန်မာ့ခ်က ပြောပါတယ်။
တကယ်တော့ ဒါဟာ ကျွန်တော်တို့သိရှိထားတဲ့အတိုင်း လူ့ယဉ်ကျေးမှုရဲ့ အခြေခံအသွင်ကူးပြောင်းမှုတစ်ခုဖြစ်ကြောင်း အီလွန်မာ့ခ်က ဆိုပါတယ်။
အဲဒီစက်ရုပ်တွေကို သုံးနှစ်ကနေ ငါးနှစ်အတွင်း ဈေးကွက်ကို ပို့ဆောင်မှာဖြစ်ပြီး ဒေါ်လာနှစ်သောင်းအောက်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
ခရက်ဒစ်..စံတော်ချိန်ဝက်ဘ်ဆိုက်
Crd
Crd