■■■ရေငုပ်သင်္ဘောတစ်စီးရဲ့ အမြန်နှုန်းဟာဘာကြောင့် ရေပေါ်မှာထက် ရေအောက်မှာ ပိုမြန်ရတာလဲ

ရေငုပ်သင်္ဘောတစ်စီးအား ရေအောက်တွင်သာမက ရေပေါ်တွင်ပါ မောင်းနှင်နိုင်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ပင်လယ်သမုဒ္ဒရာစစ်ပွဲများတွင် ရေငုပ်သင်္ဘောများသည် ရေအောက်ထက်ရေပေါ်တွင်သာ အချိန်ကုန်ဆုံးမှုများသည်။
ခေတ်သစ်စစ်ပွဲများအတွက်တော့ တိုးတက်လာသည့် ခေတ်မီနည်းပညာများအရ ‌ရေငုပ်သင်္ဘောတစ်စီး၏ လှုပ်ရှားစစ်ကစားမှုသည် ဖုန်းကွယ်မှုယူပြီးရေအောက်မှ မောင်းနှင်တိုက်ခိုက်ရသည့် နည်းဗျူဟာသို့ ပြောင်းလဲလာခဲ့သည်။

ထိုသို့စစ်ကစားရာတွင် ရေငုပ်သင်္ဘော၏ အမြန်နှုန်းသည်လည်း အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်လာသည်။ ရေငုပ်သင်္ဘောတစ်စီးအား စက်လည်နှုန်း(Revolutions per minute-RPM)
တစ်ခုပုံသေထားပြီး ရေမျက်နှာပြင်နှင့် ရေအောက်ထဲတွင် ယှဉ်မောင်းကြည့်လျင် အမြန်နှုန်းသည် ရေအောက်တွင်ပိုမိုမြန်ဆန်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။
ရေငုပ်သင်္ဘောတစ်စီးအား ရေမျက်နှာပြင်တွင်မောင်းနှင်သည့်အခါ ၎င်း၏ အရှိန်အားလျော့သွားစေသည့် အကြောင်းရင်း ၂ ခုရှိသည်။ Drag နှင့် Cavitation တို့ဖြစ်သည်။

ကမ္ဘာကြီး၏ရေထု/လေထုတွင် သတ်မှတ်ဖိအားနှင့် သိပ်သည်းမှုကိုယ်စီရှိကြသည်။ အဆိုပါဖိအားနှင့် သိပ်သည်းမှုကြောင့် အရာဝတ္ထုတစ်ခု အရှိန်တစ်ခုနှင့်ရွေ့လျားသည့်အခါ ရေထုထဲတွင် ရေထု၏ခုခံမှုခံရပြီး လေထုထဲတွင် လေ၏ခုခံမှုကိုခံရသည်။
တစ်နည်းအားဖြင့် Drag သည် ရေထုထဲတွင်သာမက လေထုထဲတွင်ပါဖြစ်ပေါ်သည့် ခုခံအားဖြစ်သည်။ ခေတ်သစ်ရေငုပ်သင်္ဘောများသည် ရေအောက်ထဲတွင်အပြည့်အဝ လှုပ်ရှားစစ်ကစားနိုင်ရန်အတွက် တည်ဆောက်ထားခြင်းကြောင့် ရေပြင်သွားရေယာဉ်များထက်
Drag နည်းပါးအောင်တည်ဒီဇိုင်းရေးဆွဲတည်ဆောက်ကြသည်။ ရေငုပ်သင်္ဘောများနှင့် ရေပြင်သွားရေယာဉ်များကြုံတွေ့ရသည့် Drag နှစ်မျိုးရှိသည်။ Skin drag နှင့် wave drag တို့ဖြစ်သည်။

Skin drag – Skin drag သည် ရေထု၏ခုခံမှုကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ရေငုပ်သင်္ဘောတစ်စီး ရေအောက်ငုပ်ချိန် ရေငုပ်သင်္ဘောကိုယ်ထည် ရေဖုံးလွှမ်းမှုများလေ Skin drag မြင့်လာလေဖြစ်သည်။
ထိုကြောင့် ခေတ်သစ်ရေငုပ်သင်္ဘောများ၏ ကိုယ်ထည်ဒီဇိုင်းအား အဆိုပါ Drag ကိုလျော့ချပေးနိုင်သည့် Teardrop ဒီဇိုင်းဖြင့်တည်ဆောက်လာကြသည်။
Wave drag – Wave drag သည် လှိုင်းလုံးများဖြစ်ပေါ်သည့် ရေမျက်နှာပြင်ထက်တွင်တွေ့ရှိရသည်။ ရေပြင်သွားရေယာဉ်တိုင်း Wave drag နှင့်ရင်ဆိုင်ရသည်။ ထို့ကြောင့် ရေယာဉ်၏ ဦးပိုင်းဒီဇိုင်းသည် ရေယာဉ်၏အမြန်နှုန်းအပေါ်များစွာသက်ရောက်မှုရှိသည်။
ဦးစွန်းပိုင်းရေခွင်းနေရာ ချွန်လေ(စစ်ရေယာဉ်များ၏ ဦးပိုင်း) Wave drag အားပိုမိုခွဲထွက်နိုင်လေဖြစ်ပြီး ဦးပိုင်းရှိ Bulbous bow သည်လည်း Wave drag ၏ ခုခံမှုကိုအထိရောက်ဆုံးလျော့ချပေးနိုင်သည်။

သို့သော် ရေငုပ်သင်္ဘော၏ ဦးပိုင်းသည် လုံးနေသောကြောင့်Wave drag ၏ ခုခံမှုအားပိုခံရသည်။ရေငုပ်သင်္ဘောတစ်စီး၏ လှုပ်ရှားစစ်ကစားမှုသည် ရေအောက်ထဲတွင်ဖြစ်သောကြောင့် ခေတ်သစ်ရေငုပ်သင်္ဘောများအား ရေအောက်ထဲတွင်ကြုံတွေ့ရမည့်
Skin drag ခုခံအားကို ထိထိရောက်ရောက်ခွဲထွက်နိုင်မည့် Teardrop hull ဒီဇိုင်းတည်ဆောက်ထားသည်။ သို့သော် အဆိုပါ ကိုယ်ထည်ဒီဇိုင်းသည် ရေပေါ်တွင်ကြုံတွေ့ရမည့်
Wave drag ခုခံအားအား ခွဲထွက်နိုင်အားနည်းခြင်းသည်ရေငုပ်သင်္ဘောတစ်စီးရေအောက်တွင် အရှိန်မြန်ရခြင်းအကြောင်းတစ်ခုဖြစ်သည်။
ပန်ကာသည် ရေငုပ်သင်္ဘောတစ်စီးရွေ့လျားအောင်မောင်းနှင်ရန်အတွက် အဓိကအကျဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ရေငုပ်‌သင်္ဘော ပန်ကာ၏ စွမ်းဆောက်နိုင်မှုအားကန့်သတ်ချက်ဖြစ်စေသည့်
အဓိကအကျဆုံးသောအကြောင်းအရာများထဲတွင် Cavitation သည်လည်း အပါအဝင်ဖြစ်သည်။ Cavitation ဆိုသည်မှာ ရေထဲတွင် အရာဝတ္ထုတစ်ခုအလွန်လျင်မြန်စွာ လှုပ်ရှားရွေ့လျားသည့်အခါ
(ရေပိုက်ခေါင်းမှ ရေကိုအရှိန်ပြင်းပြင်းဖွင့်ချလိုက်လျင် ရေထဲတွင် ပူစည်ဖောင်းနှင့် အသံများထွက်ပေါ်လာသည်) ဖိအားတစ်ခုကြောင့် ရေထဲတွင် ပူစည်ဖောင်းလေးများထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ပူစည်ဖောင်းလေးများကွဲသည့်အခါ အသံထွက်ပေါ်လာပြီး Shock wave များဖြစ်ပေါ်လာသည်။ Shock wave သည် စက်အစိတ်အပိုင်းများကို ထိခိုက်ပျက်‌စီးစေနိုင်စွမ်းရှိသည်။
Cavitation သည်‌ ရေငုပ်သင်္ဘောတစ်စီးအတွက် မလိုလားအပ်ပဲ ပန်ကာ၏တွန်းကန်အားကိုလျော့စေခြင်း၊ ရေရှည်တွင်ပန်ကာကိုထိခိုက်စေခြင်းနှင့် ဆူညံသံများဖြစ်ပေါ်စေသည်။ရေမျက်နှာပြင်နှင့်နီးလေ Cavitation ဖြစ်မှုပိုများလေဖြစ်သည်။ ရေငုပ်သင်္ဘောတစ်စီးရေအောက်နက်နက်ငုပ်ပြီးသွားလေ Cavitation ပိုနည်းလေဖြစ်သောကြောင့် ရေမျက်နှာပြင်တွင် မောင်းနှင်ခြင်းထက် ပန်ကာတွန်းကန်အားပိုပြင်းထန်စေသည်။

စမ်းသပ်မှုများအရ ရေအနက် မီတာ ၁၀၀ တွင် ပန်ကာလည်ရာမှ Cavitation ထုတ်ခြင်းမရှိတော့ဘဲ အင်ဂျင်မှထုတ်ပေးသည့်အားကို ပန်ကာမှ အပြည့်အဝအသုံးချနိုင်သွားပြီး ရေငုပ်သင်္ဘော၏ရွေ့အား ပိုမိုမြန်ဆန်သွားစေသည်။ထို့ကြောင့် ရေနက်လေ ရေငုပ်သင်္ဘော၏ အရှိန်ပိုမြန်ရခြင်းဖြစ်သည်။ ရေငုပ်သင်္ဘောကိုယ်ထည်ဒီဇိုင်းပိုင်းသည်လည်း အဓိကကျသည့်အချက်တစ်ခုဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလက ရေငုပ်သင်္ဘောများ၏ ရေအောက်တွင်ငုပ်နေနိုင်စွမ်းကန့်သတ်ချက်များကြောင့် ရေပါ်တွင်သာသွားလာမှုများသည်။ ထို့ကြောင့် အဆိုပါခေတ် ရေငုပ်သင်္ဘောများ၏ ကိုယ်ထည်ဒီဇိုင်းသည် အခြားရေယာဉ်များကဲ့သို့ ဖြစ်နေရခြင်းဖြစ်သည်။ကမ္ဘာပေါ်တွင် ရေငုပ်သင်္ဘောတစ်စီး၏ ရေအောက်ငုပ်နိုင်မှုစွမ်းရည်နှင့် ရေအောက်တွင် အရှိန်ပိုရအောင်မောင်းနှင်နိုင်စွမ်း မြင့်မားလာအောင် ပထမဆုံးအဆင့်မြှင်တင်တည်ဆောက်ခဲ့သောနိုင်ငံသည် ဂျာမနီနိုင်ငံဖြစ်သည်( German Type XXI Submarine)။ ယနေ့ခေတ် ရေငုပ်သင်္ဘောများ၏ကိုယ်ထည်ဒီဇိုင်းအား Skin drag ကို ပိုမိုဖောက်ထွင်းအားကောင်းသည့် Teardrop hull ဒီဇိုင်းဖြင့်တည်ဆောက်လာကြခြင်းနှင့်ရေအနက်ရေအောက်တွင်အပြည့်အဝတာဝန်ထမ်းဆောင်နိုင်သော ခံနိုင်ရည်ရှိအောင်တည်ဆောက်လာခြင်းကြောင့် ရေငုပ်သင်္ဘောတစ်စီး၏ အမြန်နှုန်းသည် ရေအောက်တွက် ပိုမိုမြန်ဆန်နေရခြင်းဖြစ်သည်။

Crd..Htoo Entertainment