ဗြိတိန် craft ship carrier တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်ပီနောက် သိသိသာသာ စစ်ရေးအရလှုပ်ခပ်နေပါပီ

တရုတ်နှင့် အမေရိကန်အကြား မလွဲမသွေ စစ်ခင်းကြရန်မရှိ။ သို့သော် တောင်တရုတ်ပင်လယ်အတွင်း စစ်ပွဲပျိုးသည့် မျိုးစေ့များရှိနေသည်ကတော့ ထိုသို့ယတိပြတ်ပြောဆိုရန် ခပ်ခက်ခက်ဟု ဆိုရမည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်၊ တနင်္လာနေ့က တီယန်ကျင်းတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းကို တရုတ်၏ ‘တားထားသော စည်းသုံးတန်’ နှင့်ပတ်သက်၍ ‘အမေရိကန်ပြည်ထောင်စုအနေနှင့်

တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား လုပ်ပုံကိုင်နည်းအပေါ် ဆီလိုအပေါက်ရှာ ဆိုရေးမရှိကြောင်း၊ တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းနှင့် တရုတ်၏အချုပ်အခြာအာဏာ သို့မဟုတ် နယ်နိမိတ်တည်တ့ံခိုင်မြဲမှုအပေါ် ချိုးဖောက်ရန် လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း’ ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့၏။ အမေရိကန်အနေနှင့် ထိုသုံးချက်ကို လိုက်နာပါမည်လော။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှီဖင်းက ‘အမေရိကန်ပြည်ထောင်စု၏ လုပ်ပုံကိုင်ပုံနှင့် မှားယွင်းသည့်မှတ်ချက်များအပေါ် တရုတ်နိုင်ငံ၏ ‘တင်းမာသော တုံ့ပြန်မှု’ ကို ဖော်ပြခဲ့သည်ဟု ဆိုပါသည်။ ဤတုံ့ပြန်ချက်တို့၏ မြစ်ဖျားခံရာ အကြောင်းအချက်များမှာ ကိုဗစ်-၁၉ ၏ မူလဇာစ်မြစ်၊ တိုင်ဝမ်၊ ရှင်ကျန်း၊ ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ်တို့နှင့်ပတ်သက်သည့် အမေရိကန်၏ အပြုအမူများပင် ဖြစ်၏။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အမေရိကန်တို့၏ အခြေခံနိုင်ငံရေးယုံကြည်ချက်နှင့် နိုင်ငံသားဘဝအပေါ် နှစ်ရှည်လများ ခြိမ်းခြောက်လျက်ရှိသည့်ကိစ္စများကို အာရုံစိုက်တတ်သူတစ်ယောက်ဟု ပြည်သူ့အမြင်တွင် ပေါ်လွင်စေရန် အားထုတ်လျက်ရှိသည်။

သူ့အပြောအရ တရုတ်နှင့် ရုရှားကဲ့သို့ အာဏာရှင်အစိုးရများက သူတို့၏နိုင်ငံရေးစနစ်ကို ဒီမိုကရေစီတန်ဖိုးများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်ကာ လောင်းကြေးထပ်နေသည့်အဖြစ်သည် ၂၁ ရာစုသို့ ရောက်ရှိချိန်၌ ရှုပ်ထွေးမြားမြောင်လှသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီဟု ဆိုလာပြန်သည်။

zawgyi

ဗြိတိန် craft ship carrier တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်ပီနောက် သိသိသာသာ စစ်ရေးအရလှုပ်ခပ်နေပါပီ

တရုတ်နှင့် အမေရိကန်အကြား မလွဲမသွေ စစ်ခင်းကြရန်မရှိ။ သို့သော် တောင်တရုတ်ပင်လယ်အတွင်း စစ်ပွဲပျိုးသည့် မျိုးစေ့များရှိနေသည်ကတော့ ထိုသို့ယတိပြတ်ပြောဆိုရန် ခပ်ခက်ခက်ဟု ဆိုရမည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်၊ တနင်္လာနေ့က တီယန်ကျင်းတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းကို တရုတ်၏ ‘တားထားသော စည်းသုံးတန်’ နှင့်ပတ်သက်၍ ‘အမေရိကန်ပြည်ထောင်စုအနေနှင့်

တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား လုပ်ပုံကိုင်နည်းအပေါ် ဆီလိုအပေါက်ရှာ ဆိုရေးမရှိကြောင်း၊ တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းနှင့် တရုတ်၏အချုပ်အခြာအာဏာ သို့မဟုတ် နယ်နိမိတ်တည်တံ့ခိုင်မြဲမှုအပေါ် ချိုးဖောက်ရန် လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း’ ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့၏။ အမေရိကန်အနေနှင့် ထိုသုံးချက်ကို လိုက်နာပါမည်လော။