App ကို သုံးပြီး ဆုံးသွားပြီဖြစ်တဲ့ ဇနီးရဲ့ဓာတ်ပုံကိုအသက်ပြန်သွင်းလာစေတဲ့အခါ ဝမ်းနည်းမျက်ရည်ကျခဲ့တဲ့ ချစ်စဖွယ်အဘိုးအို (ရုပ်သံ)

ကယ်လီဖိုးနီယားပြည်နယ်၊ Martinez မှ Jake Larson ဟာ သူရဲ့ချစ်ဇနီးကို လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်ကတည်းက ဆုံးရှုံးခဲ့ရပါတယ် ။ ဒုတိယကမ္ဘာစစ် စစ်မှုထမ်းဟောင်Jake Larson ကို သူ့မိသားစုတွေက “ Papa Jake” လို့ခေါ်ပြီး ယခုမှာ အသက် ၉၈ နှစ်ရှိပါပြီ ။

မယုံနိုင်စရာနည်းပညာအချို့ကြောင့် သူဟာ မကြာသေးမီက သူ့ရဲ့ ချစ်စဖွယ်ဇနီးရဲ့ မျက်နှာကို ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်ပြန်လည် မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ၎င်း app ကို Deep Nostalgia လို့ခေါ် ပါတယ် ။ ၎င်းကို MyHeritage လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက ပြုလုပ်ထားတာပါ ။

ဒီပရိုဂရမ်က သုံးစွဲသူတွေကို သူတို့ရဲ့အဘိုးအဘွားတို့ရဲ့ ဓာတ်ပုံဟောင်းတွေကို တင်ပြီး ဥာဏ်ရည်တုသုံးကာ အံ့သြဖွယ်ကောင်းလောက်အောင် အသက်ပြန်ရှင်စေမှာဖြစ်ပါတယ် ။ ၎င်းက “ Harry Potter” ရုပ်ရှင်များမှ ရွေ့လျားပုံများနဲ့ အနည်းငယ်တူပါတယ် ။

Papa Jake ရဲ့မြေးမလေးက သူမရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ အဘွား Lola ရဲ့ပုံကို အသက်သွင်းဖို့ Application ကို သုံးတဲ့အခါ သူမရဲ့အဖိုးက မျက်ရည်များ ကျနေခဲ့ပါတယ် ။ ပုံမှန်အားဖြင့် သူက သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို အနည်းငယ် စိတ်ခံစားမှုရခဲ့ပါတယ် ။ အဘိုးအိုဟာ သူ့ရဲ့ချစ်ဇနီးလေးဆုံးပါးသွားတာ ကြာခဲ့ပြီ ဆိုပေမဲ့ သူမအပေါ် သူ့ရဲ့အချစ်တွေက ကျန်ရှိနေသေးတယ်ဆိုတာ သိသာနေပါတယ် ။ ” ပြီးတော့ငါသူမကိုချစ်တုန်းပဲ” ဆိုပြီး အဖိုးက ဆိုပါသေးတယ် ။

JRose (KBdailynews)

Reference : inspiremore

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

ကယ္လီဖိုးနီယားျပည္နယ္၊ Martinez မွ Jake Larson ဟာ သူရဲ႕ခ်စ္ဇနီးကို လြန္ခဲ့တဲ့ အႏွစ္ ၅၀ ေက်ာ္ကတည္းက ဆုံးရႈံးခဲ့ရပါတယ္ ။ ဒုတိယကမာၻစစ္ စစ္မႈထမ္းေဟာင္Jake Larson ကို သူ႔မိသားစုေတြက “ Papa Jake” လို႔ေခၚၿပီး ယခုမွာ အသက္ ၉၈ ႏွစ္ရွိပါၿပီ ။ မယုံႏိုင္စရာနည္းပညာအခ်ိဳ႕ေၾကာင့္ သူဟာ မၾကာေသးမီက သူ႔ရဲ႕ ခ်စ္စဖြယ္ဇနီးရဲ႕ မ်က္ႏွာကို ဆယ္စုႏွစ္မ်ားအတြင္း ပထမဆုံးအႀကိမ္ျပန္လည္ ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္ ။ ၎ app ကို Deep Nostalgia လို႔ေခၚ ပါတယ္ ။ ၎ကို MyHeritage လို႔ေခၚတဲ့ ကုမၸဏီတစ္ခုက ျပဳလုပ္ထားတာပါ ။ ဒီပ႐ိုဂရမ္က သုံးစြဲသူေတြကို သူတို႔ရဲ႕အဘိုးအဘြားတို႔ရဲ႕ ဓာတ္ပုံေဟာင္းေတြကို တင္ၿပီး ဥာဏ္ရည္တုသုံးကာ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ အသက္ျပန္ရွင္ေစမွာျဖစ္ပါတယ္ ။ ၎က “ Harry Potter” ႐ုပ္ရွင္မ်ားမွ ေ႐ြ႕လ်ားပုံမ်ားနဲ႔ အနည္းငယ္တူပါတယ္ ။

Papa Jake ရဲ႕ေျမးမေလးက သူမရဲ႕ကြယ္လြန္သြားၿပီျဖစ္တဲ့ အဘြား Lola ရဲ႕ပုံကို အသက္သြင္းဖို႔ Application ကို သုံးတဲ့အခါ သူမရဲ႕အဖိုးက မ်က္ရည္မ်ား က်ေနခဲ့ပါတယ္ ။ ပုံမွန္အားျဖင့္ သူက သူ႔ဘဝရဲ႕ ခ်စ္ျခင္းေမတၱာအေၾကာင္းကို အနည္းငယ္ စိတ္ခံစားမႈရခဲ့ပါတယ္ ။ အဘိုးအိုဟာ သူ႔ရဲ႕ခ်စ္ဇနီးေလးဆုံးပါးသြားတာ ၾကာခဲ့ၿပီ ဆိုေပမဲ့ သူမအေပၚ သူ႔ရဲ႕အခ်စ္ေတြက က်န္ရွိေနေသးတယ္ဆိုတာ သိသာေနပါတယ္ ။ ” ၿပီးေတာ့ငါသူမကိုခ်စ္တုန္းပဲ” ဆိုၿပီး အဖိုးက ဆိုပါေသးတယ္ ။

JRose (KBdailynews)

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။