2022 မကုန်ခင် တရားဝင် ထုတ်ဖော်ပြသသွားမည့် ကိုယ်ပျောက် ဗုံးကြဲလေယာဉ် B-21 Raider…..

2022 မကုန်ခင် တရားဝင် ထုတ်ဖော်ပြသသွားမည့် ကိုယ်ပျောက် ဗုံးကြဲလေယာဉ် B-21 Raider…..



Post Views:
9

Northrop Grumman ကနေ US Air Force အတွက် စမ်းသပ်နေတဲ့ B-21 Raider ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကို လာမယ့် December ပထမ အပတ်ထဲမှာ ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြသသွားမယ် ကြေငြာထားပါတယ်။

အခုချိန်အထိ အင်တာနက်မှာ B-21 Raider ပုံကို စိတ်ကူးနဲ့ပုံဖော်ထားတာမျိုးပဲ ရှိပါသေးတယ်။Northrop Grumman ဆိုတာ B-2 Spirit Stealth Bomber ကို ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပီး Stealth Bomber တွေကို ထုတ်လုပ်ပေးနိုင်သလို ,

maintenance, modernize လုပ်ပေးနိုင်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော ကုမ္ပဏီအဖြစ် နေရာယူထားဆဲ ဖြစ်ပါတယ်။B -21 ကို Raider လို့နာမည်ပေးတာက ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်နိုင်ငံကို

ပထမဆုံး ဝင်ရောက် ဗုံးကြဲခဲ့တဲ့ Doolittle Raid ကို ဂုဏ်ပြုထားတာဖြစ်ပါတယ်။ပုလဲဆိပ်ကမ်းကို ဂျပန်ဘက်က တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ Lt Colonel James Doolittle ဦးဆောင်တဲ့ B-25 Mitchell

ဗုံးကြဲလေယာဉ်အဖွဲ့က ဂျပန်ကို အလစ်အငိုက်ဖမ်းပီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဂျပန်ဘက်က ထိခိုက်မှုသိပ်မများပေမယ့် ဂျပန်ထဲအထိ ဗုံးကြဲခံရနိုင်တယ်ဆိုတာ ပြသနိုင်ခဲ့လို့ ဂျပန်ဘက်က သူ့နိုင်ငံကို ကာကွယ်ဖို့ တပ်တွေပြန်ခေါ်ရတယ်။

ပုလဲဆိပ်ကမ်းအတွက် တုံ့ပြန်တာဖြစ်လို့ US ဘက်က morale တက်လာခဲ့ပါတယ်။ဒီစစ်ဆင်ရေးကို အစအဆုံး အကောင်အထည်ဖော်ပီး ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ James Doolittle ကြောင့် Doolittle Raid လို့ခေါ်ကြတယ်။

ပါဝင်ခဲ့တဲ့ လေသူရဲတွေကို Doolittle Raiders လို့ခေါ်တယ်။ သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ B-21 Raider ဆိုပီး နာမည်ရွေးလိုက်တာဖြစ်ပါတယ်။

Long Range Strike Bomber (LRS-B) program လက်အောက်ကနေ ထွက်ပေါ်လာတဲ့ B-21 Raider အစီးရေ 100 အနည်းဆုံး ဝယ်ယူသွားမယ်လို့ US Air Force ကပြောထားပါတယ်။
Crd..Tactical Raptor
RaptorOne

Unicode









Crd..Tactical Raptor
RaptorOne

Crd

Crd

arkarta