♦♦♦၂၀၂၅ ထိ ပြည်သူတွေ အစားအသောက်လျှော့စားဖို့ မြောက်ကိုးရီးယားအစိုးရ သတိပေး

♦♦♦၂၀၂၅ ထိ ပြည်သူတွေ အစားအသောက်လျှော့စားဖို့ မြောက်ကိုးရီးယားအစိုးရ သတိပေး

■နယ်စပ်ဂိတ်မဖွင့်မီ ၂၀၂၅ ထိ ပြည်သူတွေ အစားအသောက်လျှော့စားဖို့ မြောက်ကိုးရီးယားအစိုးရ သတိပေး

လာမယ့် ၂၀၂၅ အချိန်အထိ နိုင်ငံသားတွေအနေနဲ့ အစားအသောက်လျှော့စားဖို့ မြောက်ကိုးရီးယားအစိုးရက သတိပေးထားပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံရဲ့ အစားအသောက်ပံ့ပိုးထောက်ပံ့နိုင်ခြင်းဟာဆိုရင် လိုအပ်ချက်ကို ပြည့်မီနိုင်ခြင်းမရှိတာနဲ့ ဈေးနှုန်းမြင့်တက်ခြင်းတွေလည်းရှိနေတယ်လို့ သိရပါတယ်။ နောက်ပြီး ကိုဗစ် ၁၉ ကပ် ရောဂါကူးစက်မှုကို တားဆီးဖို့ရာ မဟာမိတ် တရုတ်နိုင်ငံနဲ့ နယ်ခြားဂိတ် ဝင်ထွက်ပေါက်ကို ပိတ်ထားခဲ့ ရခြင်းကြောင့် လည်းဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့် တရုတ်နဲ့ နယ်စပ်ဂိတ်ပေါက် ပြန်လည်ဖွင့်လှစ်မယ့် ၂၀၂၅ ထိတိုင်အောင် မြောက်ကိုးရီးယား နိုင်ငံသားတွေအနေနဲ့ အစားအသောက်တွေ လျှောက်ချစားသုံးဖို့ အစိုးရက သတိပေးလိုက်တာဖြစ်ပါတယ်။ မြောက်ကိုးရီးယားနိုင်ငံသားတွေဟာ အစားအသောက် ချို့တဲ့ခြင်းတွေနဲ့ ကြုံတွေလာနေခဲ့ရတာဖြစ်ကာ နောက် ထပ် ၃ နှစ်အထိလည်း လျှော့ချစားသုံးဖို့ အာဏာပိုင်တွေက ပြောကြားလိုက်ကြောင်း အာရ် အက်ဖ် အေသ တင်းစာက ရေးသားဖော်ပြထားပါတယ်။

သို့သော်လည်းပဲ ပြည်သူတွေက ရိက္ခာပြတ်တောက်ခြင်းတွေဟာ ဆောင်းရာသီမှာ သူတို့အတွက် ခက်ခက်ခဲခဲ ဖြတ်သန်းရခြင်းတွေအပေါ် မကျေနပ်ခြင်းတွေလည်း ရှိပါတယ်။ ၂၀၂၀ ဇန်နဝါရီကတည်းကစလို့ မြောက်ကိုးရီး ယားနိုင်ငံဟာ တရုတ်နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့တာဖြစ်ပြီး ကိုဗစ်ကူးစက်ဖြစ်ပွားခြင်းတွေအတွက် ကာကွယ်မှု စီမံချက်ကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစီမံချက်ဆောင်ရွက်မှုတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဆိုးဆိုးရွားရွားသက်ရောက်မှုတွေရှိလာခဲ့ ပြီး နေ့စဉ် လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေမြင့်တက်ခြင်း၊ အခြားဝယ်လိုအားကောင်းတဲ့ ကုန်ပစ္စည်းတွေမြင့်တက် ခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
.
စင်အီဂျူးမှာ နေထိုင်သူတစ်ဦးက အစိုးရရဲ့ လမ်းညွှန်ချက်အသစ်နဲ့ပတ်သက်ပြီးတော့ “ ပြည်သူတွေက တရုတ်နဲ့ နယ်စပ်ဂိတ် မဖွင့်မီ ၂၀၂၅ အထိ တပိန်ပိန် တလိမ်လိမ် နေရအုန်းမှာပါပဲ။ အခု ရိက္ခာနဲ့ အစားအ သောက်အခြေအနေက အရေးပေါ်ဖြစ်နေပါပြီ။ ရိက္ခာပြတ်တောက်ခြင်းတွေနဲ့ ကြုံရတယ်။ အာဏာပိုင်တွေက လည်း လျှော့ချစားသုံးဖို့ ပြောနေတယ်။ ဒါတွေကြောင့် စိတ်ပျက်အားငယ် နေရုံမှ တပါး ဘာမှ မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။

ကုသမဂ္ဂအစားအသောက်နဲ့ စိုက်ပျိုးရေးအဖွဲ့အစည်းရဲ့ ကြိုတင်တိုင်းတာမှုတွေမှာဆိုရင် ယခုနှစ်အတွင်း မြောက်ကိုးရီးယားနိုင်ငံဟာ အစားအသောက်တန်ချိန် ၈ သိန်းခွဲနီးပါး ပြတ်တောက်ခြင်းတွေ ရှိလိမ့်မယ်လို့ ဆိုထားပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။