♦♦♦အာကာသထဲမှာ ကမ္ဘာ့ပထမဆုံး ရုပ်ရှင်ရိုက်ကူးမယ့် ရုရှားအဖွဲ့ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိ

♦♦♦အာကာသထဲမှာ ကမ္ဘာ့ပထမဆုံး ရုပ်ရှင်ရိုက်ကူးမယ့် ရုရှားအဖွဲ့ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိ

အာကာသမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ရုရှားမင်းသမီး Yulia Peresild နဲ့ ဒါရိုက်တာ Klim Shipenko တို့ဟာ ကာဇက်စတန်မှာရှိတဲ့ Bilkonur အာကာသစခန်းကနေ အောက်တိုဘာလ ၅ ရက်နေ့က ထွက်ခွာခဲ့ပြီး ၃ နာရီအကြာမှာ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။…

The Challenge လို့ နာမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ Peresild က ဆရာဝန်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး အာကာသယာဉ်မှူးတစ်ဦးရဲ့ အသက်ကိုကယ် တင်ဖို့အတွက် အာကာသတွင်းစေလွှတ်ခံရတဲ့ နှလုံးခွဲစိတ်ဆရာန်အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။နိုင်ငံတကာအာကာသစခန်းမှာ ရုရှားအာကာသယာဉ်မှူးနှစ်ဦးရှိပြီး သူတို့နှစ်ဦးစလုံးလည်း ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ကြမှာဖြစ်ပါတယ်။အာကာသထဲမှာ ၁၂ ရက်ကြာ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးမှာဖြစ်ပြီး မင်းသမီး၊ ဒါရိုက်တာတို့နဲ့အတူ လိုက်ပါခဲ့တဲ့ အာကာသယာဉ်မှူးကတော့ ကျန်နေရစ်ခဲ့မှာဖြစ်ပါတယ်။

အခုလိုမျိုး ရုရှားက အာကာသထဲမှာ ရုပ်ရှင်ရိုက်ကူးဖို့ ပြုလုပ်ခဲ့မှုဟာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်လာမှာဖြစ်ပြီး ဒါဟာ တွမ်ခရုစ် နဲ့ နာဆာတို့က စီစဉ်နေတဲ့အချိန်မှာပဲ ရုရှားဘက်က လက်ဦးမှုအရင် ရယူသွားခဲ့တာဖြစ်ပါတယ်။အခုလိုရိုက်ကူးဖို့အတွက် ဒါရိုက်တာဖြစ်သူဟာ ကိုယ်အလေးချိန်လျှော့ချခဲ့ရပြီး နိုင်ငံ တကာအာကာသစခန်းကို ရောက်ခါနီးမှာ

အလိုအလျောက်ချိတ်ဆက်ကာ ဆိုက်ကပ်တဲ့စနစ်အလုပ်မလုပ်ခဲ့လို့ အာကာသယာဉ်မှူး Anton Shkaplero က ကိုယ်တိုင်ထိန်းချုပ်ခဲ့ရတဲ့ အခက်အခဲအနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

♦♦♦အာကာသထဲမွာ ကမၻာ့ပထမဆုံး ႐ုပ္ရွင္ရိုက္ကူးမယ့္ ႐ုရွားအဖြဲ႕ နိုင္ငံတကာအာကာသစခန္းကို ေရာက္ရွိ

အာကာသမွာ ရိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားအတြက္ ႐ုရွားမင္းသမီး Yulia Peresild နဲ႔ ဒါရိုက္တာ Klim Shipenko တို႔ဟာ ကာဇက္စတန္မွာရွိတဲ့ Bilkonur အာကာသစခန္းကေန ေအာက္တိုဘာလ ၅ ရက္ေန႔က ထြက္ခြာခဲ့ၿပီး ၃ နာရီအၾကာမွာ နိုင္ငံတကာအာကာသစခန္းကို ေရာက္ရွိခဲ့ၿပီလို႔ သိရပါတယ္။…

The Challenge လို႔ နာမည္ေပးထားတဲ့ ဒီဇာတ္ကားမွာ Peresild က ဆရာဝန္တစ္ဦးအျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားၿပီး အာကာသယာဥ္မႉးတစ္ဦးရဲ့ အသက္ကိုကယ္ တင္ဖို႔အတြက္ အာကာသတြင္းေစလႊတ္ခံရတဲ့ ႏွလုံးခြဲစိတ္ဆရာန္အျဖစ္ ပါဝင္ထားတာျဖစ္ပါတယ္။နိုင္ငံတကာအာကာသစခန္းမွာ ႐ုရွားအာကာသယာဥ္မႉးႏွစ္ဦးရွိၿပီး သူတို႔ႏွစ္ဦးစလုံးလည္း ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္ၾကမွာျဖစ္ပါတယ္။အာကာသထဲမွာ ၁၂ ရက္ၾကာ ဇာတ္ဝင္ခန္းေတြကို ရိုက္ကူးမွာျဖစ္ၿပီး မင္းသမီး၊ ဒါရိုက္တာတို႔နဲ႔အတူ လိုက္ပါခဲ့တဲ့ အာကာသယာဥ္မႉးကေတာ့ က်န္ေနရစ္ခဲ့မွာျဖစ္ပါတယ္။

အခုလိုမ်ိဳး ႐ုရွားက အာကာသထဲမွာ ႐ုပ္ရွင္ရိုက္ကူးဖို႔ ျပဳလုပ္ခဲ့မႈဟာ ပထမဆုံးအျဖစ္ မွတ္တမ္းဝင္လာမွာျဖစ္ၿပီး ဒါဟာ တြမ္ခ႐ုစ္ နဲ႔ နာဆာတို႔က စီစဥ္ေနတဲ့အခ်ိန္မွာပဲ ႐ုရွားဘက္က လက္ဦးမႈအရင္ ရယူသြားခဲ့တာျဖစ္ပါတယ္။အခုလိုရိုက္ကူးဖို႔အတြက္ ဒါရိုက္တာျဖစ္သူဟာ ကိုယ္အေလးခ်ိန္ေလၽွာ့ခ်ခဲ့ရၿပီး နိုင္ငံ တကာအာကာသစခန္းကို ေရာက္ခါနီးမွာ

အလိုအေလ်ာက္ခ်ိတ္ဆက္ကာ ဆိုက္ကပ္တဲ့စနစ္အလုပ္မလုပ္ခဲ့လို႔ အာကာသယာဥ္မႉး Anton Shkaplero က ကိုယ္တိုင္ထိန္းခ်ဳပ္ခဲ့ရတဲ့ အခက္အခဲအနည္းငယ္ရွိခဲ့တယ္လို႔ သိရပါတယ္။

crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။