♦♦♦အမေရိကန်ရေတပ်က တစ်စင်းလျှင် ဒေါ်လာ ၁ ပြားစီဖြင့် လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းကို သင်္ဘောဖျက်ကုမ္ပဏီထံ ရောင်းချ

♦♦♦အမေရိကန်ရေတပ်က တစ်စင်းလျှင် ဒေါ်လာ ၁ ပြားစီဖြင့် လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းကို သင်္ဘောဖျက်ကုမ္ပဏီထံ ရောင်းချ

ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)
အမေရိကန်ရေတပ်သည် ယခင်လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းဖြစ်သော USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁ ပြား (1 cent) စီဖြင့် တက္ကဆက်စ်မြို့ရှိ သင်္ဘောဖျက်ကုမ္ပဏီတစ်ခုထံသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း ရေတပ်အထူးတပ်ဖွဲ့ (NAVSEA) က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ စာချုပ်ချုပ်လိုက်တဲ့ကုမ္ပဏီအနေနဲ့ သင်္ဘောကို ဖျက်လိုက်တဲ့အခါမှာ ထွက်လာမယ့် သံမဏိ သံတိုသံစတွေ နဲ့ သင်္ဘောတည်ရောက်ရာမှာအသုံးပြုထားတဲ့ သတ္တုအမျိုးမျိုး(non-ferrous metal ores) ကို အကျိုးကျေးဇူးခံစားခွင့်ရမှာပါ” ဟု အမေရိကန်ရေတပ် Naval Sea Systems Command မှ ပြောရေးဆိုခွင့်ရှိသူ အလန်ဘာရီဘိုး က ဆိုသည်။

ယင်းစစ်သင်္ဘောနှစ်စင်းစလုံးသည် သက်တမ်းရင့်ရော်မှု နှင့် အိုဟောင်းပျက်စီးမှုများကြောင့် ယခုကဲ့သို့ရောင်းချလိုက်ရခြင်းဖြစ်သည်။ Kitty Hawk လေယာဉ်တင်သင်္ဘောအတွက် ဆွဲတင်သင်္ဘောနှစ်စင်း အသုံးပြုကာ တောင်အမေရိကအစွန်အဖျားပတ်၍ ဝါရှင်တန် ၊ Bremerton မှ ဆွဲယူလာမည်ဖြစ်ပြီး John F. Kennedy လေယာဉ်တင်သင်္ဘောအတွက်မူ Philadelphia ရေတပ်သင်္ဘောကျင်းမှ မောင်းနှင်လာမည်ဖြစ်ကြောင်း USA Today သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တက္ကဆက်စ်မြို့ Brownsville ကောင်တီရှိ International Shipbreaking Limited သင်္ဘောဖျက်ကုမ္ပဏီနှင့်ချုပ်ဆိုထားသော စာချုပ်အရ သင်္ဘောဆွဲရန် ၊ ဖြုတ်တပ်ရန် ၊ သင်္ဘောဖျက်ဆီးရန် နှင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရန် စသည်တို့အတွက် အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် ရေတပ်သင်္ဘောအုပ်စုမှ မကြာခင် မဖြစ်မနေ ထွက်ခွာ သွားရတော့မည် ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မည်သည့်သင်္ဘောက ဦးစွာ ထွက်ခွာပြီး တစ်စစီ ဖြုတ်ဖျက်ခံမည် ဆိုခြင်းနှင့်ပတ်သက်၍ အချိန်ဇယား သတ်မှတ်ထားခြင်းမရှိကြောင်း သတင်းက ဆိုသည်။

(Xinhua)
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

♦♦♦အေမရိကန္ေရတပ္က တစ္စင္းလၽွင္ ေဒၚလာ ၁ ျပားစီျဖင့္ ေလယာဥ္တင္သေဘၤာေဟာင္းႏွစ္စင္းကို သေဘၤာဖ်က္ကုမၸဏီထံ ေရာင္းခ်

ဟူစတန္ ၊ ေအာက္တိုဘာ ၆ ရက္(ဆင္ဟြာ)
အေမရိကန္ေရတပ္သည္ ယခင္ေလယာဥ္တင္သေဘၤာေဟာင္းႏွစ္စင္းျဖစ္ေသာ USS Kitty Hawk ႏွင့္ USS John F. Kennedy တို႔ကို တစ္စင္းလၽွင္ အေမရိကန္ေဒၚလာ ၁ ျပား (1 cent) စီျဖင့္ တကၠဆက္စ္ၿမိဳ႕ရွိ သေဘၤာဖ်က္ကုမၸဏီတစ္ခုထံသို႔ ေရာင္းခ်လိုက္ၿပီျဖစ္ေၾကာင္း ေရတပ္အထူးတပ္ဖြဲ႕ (NAVSEA) က ေအာက္တိုဘာ ၅ ရက္တြင္ ေျပာၾကားခဲ့သည္။

“ စာခ်ဳပ္ခ်ဳပ္လိုက္တဲ့ကုမၸဏီအေနနဲ႔ သေဘၤာကို ဖ်က္လိုက္တဲ့အခါမွာ ထြက္လာမယ့္ သံမဏိ သံတိုသံစေတြ နဲ႔ သေဘၤာတည္ေရာက္ရာမွာအသုံးျပဳထားတဲ့ သတၱဳအမ်ိဳးမ်ိဳး(non-ferrous metal ores) ကို အက်ိဳးေက်းဇူးခံစားခြင့္ရမွာပါ” ဟု အေမရိကန္ေရတပ္ Naval Sea Systems Command မွ ေျပာေရးဆိုခြင့္ရွိသူ အလန္ဘာရီဘိုး က ဆိုသည္။

ယင္းစစ္သေဘၤာႏွစ္စင္းစလုံးသည္ သက္တမ္းရင့္ေရာ္မႈ ႏွင့္ အိုေဟာင္းပ်က္စီးမႈမ်ားေၾကာင့္ ယခုကဲ့သို႔ေရာင္းခ်လိုက္ရျခင္းျဖစ္သည္။ Kitty Hawk ေလယာဥ္တင္သေဘၤာအတြက္ ဆြဲတင္သေဘၤာႏွစ္စင္း အသုံးျပဳကာ ေတာင္အေမရိကအစြန္အဖ်ားပတ္၍ ဝါရွင္တန္ ၊ Bremerton မွ ဆြဲယူလာမည္ျဖစ္ၿပီး John F. Kennedy ေလယာဥ္တင္သေဘၤာအတြက္မူ Philadelphia ေရတပ္သေဘၤာက်င္းမွ ေမာင္းႏွင္လာမည္ျဖစ္ေၾကာင္း USA Today သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။

တကၠဆက္စ္ၿမိဳ႕ Brownsville ေကာင္တီရွိ International Shipbreaking Limited သေဘၤာဖ်က္ကုမၸဏီႏွင့္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္အရ သေဘၤာဆြဲရန္ ၊ ျဖဳတ္တပ္ရန္ ၊ သေဘၤာဖ်က္ဆီးရန္ ႏွင့္ စြန႔္ပစ္ပစၥည္းျပန္လည္အသုံးျပဳရန္ စသည္တို႔အတြက္ အဆိုပါ စစ္သေဘၤာႏွစ္စင္းသည္ ေရတပ္သေဘၤာအုပ္စုမွ မၾကာခင္ မျဖစ္မေန ထြက္ခြာ သြားရေတာ့မည္ ျဖစ္ေၾကာင္း သတင္းတြင္ေဖာ္ျပထားသည္။

မည္သည့္သေဘၤာက ဦးစြာ ထြက္ခြာၿပီး တစ္စစီ ျဖဳတ္ဖ်က္ခံမည္ ဆိုျခင္းႏွင့္ပတ္သက္၍ အခ်ိန္ဇယား သတ္မွတ္ထားျခင္းမရွိေၾကာင္း သတင္းက ဆိုသည္။

(Xinhua)
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။