♦♦♦သာကောကိုအဆင်းဘီးတပ်ပေးလိုက်ပီး အိန္ဒိယက မြန်မာနဲ့နိုင်ငံတကာအတွက် တရုတ်ကိုလက်စားချေပေးခဲ့

♦♦♦သာကောကိုအဆင်းဘီးတပ်ပေးလိုက်ပီး အိန္ဒိယက မြန်မာနဲ့နိုင်ငံတကာအတွက် တရုတ်ကိုလက်စားချေပေးခဲ့

တရုတ်ဆိပ်ကမ်းတွေမှာပုံနေတဲ့သြစီ ကျောက်မီးသွေးတွေကို တရုတ်ကမဝယ်ဘဲ ထား ထားတာ အိန္ဒိယ ကဈေးသက်သက်သာသာနဲ့ဝယ်သွားလို့ခံလိုက်ရပြီးပြာယာခပ်နေဘီ။တရုတ်နိုင်ငံတွင် လောင်စာပြတ်တောက်တွေမှုတွေ ဖြစ်နေခြင်းကြောင့် စက်ရုံ အလုပ်ရုံများ ပိတ်ထားရသည့်သတင်းကို အားလုံးလည်း သိရှိကြမည် ထင်ပါသည်။

အောက်တွင်ပါသော အကြောင်းအရာကို ရေးသားသူက South China Morning Postတွင်ပါသောသတင်းကို မှီငြမ်းသည်ဟု ဆိုပါသည်။ပြောချင်တဲ့အကြောင်းက ဒီကိစ္စ မဟုတ်ပါဘူး။ သူ့ဖာသာ စက်ရုံ အလုပ်ရုံများ ပိတ်ထားရုံမျှမကလို့ဘာဖြစ်ဖြစ် ဒါက သူ့ပြည်တွင်းရေးပါ။တရုတ်နိုင်ငံ ဆိပ်ကမ်းတွေမှာ သြစတေသျှမှ တင်ပို့လာတဲ့ ကျောက်မီးသွေးများ ပိတ်မိနေပါတယ်။ ပိတ်မိရတဲ့အကြောင်းက ဒီကျောက်မီးသွေးများကို တရုတ်က မဝယ်ဘဲ ပစ်ထားလို့
ဖြစ်ပါတယ်။

ယခင်ကတော့ နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကြောင့် ဝင်လာသမျှ ကျောက်မီးသွေးများကို အတားအဆီးမရှိ ဝယ်ယူနေခဲ့ပါတယ်၊ ယခုအခါ သြစတေသျှအစိုးရရဲ့ နိုင်ငံရေး ပေါ်လစီ ပြောင်းလဲလာမှုများအပေါ် ဒေါသထွက်ပြီးဆိပ်ကမ်းများတွင် ရှိနေသော ကျောက်မီးသွေးများကို မဝယ်ဘဲ ထားရှိပါတယ်။

ဒီအတွက် သြစတေသျှ အနေနဲ့လည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ဖြစ်နေသော တန်ချိန် သန်းနဲ့ရှိသည့် ကျောက်မီးသွေးများကို မိမိနိုင်ငံသို့ ပြန်သယ်ဖို့ဆိုတာမလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ဒါကို သြစတေသျှနိုင်ငံအပါအဝင် လေးနိုင်ငံ မဟာမိတ် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အိန္ဒိယမှ ကူညီ ဖြေရှင်းပေးသွားပါတယ်။
တန်ချိန် သန်းနှစ်ထောင်ရှိသည့် ကျောက်မီးသွေးများကို အိန္ဒိယနိုင်ငံမှ ဝယ်ယူသွားပါသည်။

အဲဒီမှာ တရုတ်တွေ ပျာယာခတ်သွားတယ်လို့ ဆိုပါသည်။ ဒီကိစ္စက တရုတ်နိုင်ငံတွင် လောင်စာစွမ်းအင် ပြတ်တောက်သည့်အချိန်တွင် ဖြစ်သွားခြင်းကြောင့် ပျာယာခတ်မယ်ဆိုလည်း ခတ်စရာ ဖြစ်ပါသည်။တရုတ်မှာ ဒီလိုစိတ်ဓါတ် ရှိသည်မှာ ယခုမှ မဟုတ်ပါ။ မိမိတို့နိုင်ငံမှ တရုတ်နိုင်ငံသို့ အထူးသဖြင့် မူဆယ်မှ
တဆင့်သွားသော ဖရဲ၊ သခွား သီးနှံများဆိုရင် လို လိုသလို မလို မလိုသလို သူတို့တရုတ်ကုန်သည် အချင်းချင်း လက်ဝါးရိုက် ဈေးကစားခဲ့ကြလို့ မြန်မာကုန်သည်များ အထိနာခဲ့ကြပါတယ်။

အထူးသဖြင့် တပိုင် တနိုင် စိုက်ပျိုးပြီး သွားရောက် ရောင်းချသည့် တောင်သူဦးကြီးများ ပို၍ခံခဲ့ကြရပါသည်။ မိမိတို့ရဲ့ ဖရဲ သခွားများကို ပြန်လည် သယ်ယူမည် ဆိုပါက ထပ်မံ၍ သယ်ယူစားရိတ် ကုန်ကျမှာကြောင့် လမ်းဘေးမှာ စွန့်ပစ်ခဲ့ရတာမျိုးတောင် ရှိခဲ့ပါသည်။ယခု ကျောက်မီးသွေးကိစ္စမှာတော့ တရုတ်တွေ အရှိုက်မိသွားပါပြီ။ ၁၉၇၀ နောက်ပိုင်းတွင် အနောက်နိုင်ငံများမှ တရုတ် ကွန်မြူနစ်နိုင်ငံအား တံခါး ဖွင့်ပေးလိုက်ခြင်းကြောင့် စီးပွားရေးများ တဟုန်ထိုး တိုးတက်သွားပြီး ချမ်းသာလာကြတော့ ဒီအပေါ်မှာ မာန်တက်လာကြပါသည်၊

မာန်တက်လာရုံမျှမက ကမ္ဘာကြီးကို သြဇာ ချဲ့ထွင်ဖို့ ကြံစည်လာကြပါသည်။ထို့ကြောင့်လည်း တရုတ်နိုင်ငံအား ပြန်လည် တုံ့ပြန်နိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံငံများ စဉ်းစား လုပ်ဆောင်နေကြပါသည်၊ ဥပမာအားဖြင့် အမေရိကန် သြစတေသျှ ဂျပန် အိန္ဒိယတို့ပါဝင်သော လေးနိုင်ငံ Quad အဖွဲ့၊ အမေရိကန် ဗြိတိန် သြစတေသျှတို့ပါဝင်သော သုံးနိုင်ငံ စစ်ရေးမဟာမိတ်အဖွဲ့တို့ ဖွဲ့ထားခြင်းကို ကြည့်ပါက သိနိုင်ပါကြောင်း အချက်အလက်အချို့ကို ဆက်စပ်၍ တင်ပြလိုက်ရပါသည်။

အဆင်းဘီးတပ်ပေးလိုက်တဲ့ အိန္ဒိယ။

တရုတ်ပြည်မှာ ကျောက်မီးသွေးဈေးတွေတက်၊ ကာဗွန်ပေါ်လစီပြောင်းနဲ့ တနိုင်ငံလုံးမီးတွေပျက်နေချိန်မှာ၊ နိုင်ငံရေးကြောင့် မဝယ်ဘဲ ညစ်ကာပစ်ထားတဲ့
တရုတ်ဆိပ်ကမ်းက ပိတ်မိနေတဲ့ ဩစီကျောက်မီးသွေးတွေကို အိန္ဒိယဝယ်ယူလိုက်ပါတယ်။ အချိန်တိုအတွင်း ကျောက်မီးသွေးတန်ချိန် ၂ သန်းတောင်
အိန္ဒိယဖက်က ဝယ်ပေးလိုက်တာမို့ လှုပ်နေတဲ့တရုတ်ဈေးကွက်ဟာ ပျာယာခပ်သွားရပါပြီ။ တခါတရံ ရန်သူကို ကျည်တစ်တောင့်မှမသုံးရဘဲ စီးပွါးရေးနည်းလမ်းသုံးကာ အနိုင်ယူလို့ရပါတယ်။

Ref: SCMP
Crd Joseph Min
via Hayman Oo
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

♦♦♦သာေကာကိုအဆင္းဘီးတပ္ေပးလိုက္ပီး အိႏၵိယက ျမန္မာနဲ႔နိုင္ငံတကာအတြက္ တ႐ုတ္ကိုလက္စားေခ်ေပးခဲ့

တ႐ုတ္ဆိပ္ကမ္းေတြမွာပုံေနတဲ့ၾသစီ ေက်ာက္မီးေသြးေတြကို တ႐ုတ္ကမဝယ္ဘဲ ထား ထားတာ အိႏၵိယ ကေဈးသက္သက္သာသာနဲ႔ဝယ္သြားလို႔ခံလိုက္ရၿပီးျပာယာခပ္ေနဘီ။တ႐ုတ္နိုင္ငံတြင္ ေလာင္စာျပတ္ေတာက္ေတြမႈေတြ ျဖစ္ေနျခင္းေၾကာင့္ စက္႐ုံ အလုပ္႐ုံမ်ား ပိတ္ထားရသည့္သတင္းကို အားလုံးလည္း သိရွိၾကမည္ ထင္ပါသည္။

ေအာက္တြင္ပါေသာ အေၾကာင္းအရာကို ေရးသားသူက South China Morning Postတြင္ပါေသာသတင္းကို မွီျငမ္းသည္ဟု ဆိုပါသည္။ေျပာခ်င္တဲ့အေၾကာင္းက ဒီကိစၥ မဟုတ္ပါဘူး။ သူ႔ဖာသာ စက္႐ုံ အလုပ္႐ုံမ်ား ပိတ္ထား႐ုံမၽွမကလို႔ဘာျဖစ္ျဖစ္ ဒါက သူ႔ျပည္တြင္းေရးပါ။တ႐ုတ္နိုင္ငံ ဆိပ္ကမ္းေတြမွာ ၾသစေတသၽွမွ တင္ပို႔လာတဲ့ ေက်ာက္မီးေသြးမ်ား ပိတ္မိေနပါတယ္။ ပိတ္မိရတဲ့အေၾကာင္းက ဒီေက်ာက္မီးေသြးမ်ားကို တ႐ုတ္က မဝယ္ဘဲ ပစ္ထားလို႔
ျဖစ္ပါတယ္။

ယခင္ကေတာ့ နိုင္ငံရဲ့ စြမ္းအင္ လိုအပ္ခ်က္ေၾကာင့္ ဝင္လာသမၽွ ေက်ာက္မီးေသြးမ်ားကို အတားအဆီးမရွိ ဝယ္ယူေနခဲ့ပါတယ္၊ ယခုအခါ ၾသစေတသၽွအစိုးရရဲ့ နိုင္ငံေရး ေပၚလစီ ေျပာင္းလဲလာမႈမ်ားအေပၚ ေဒါသထြက္ၿပီးဆိပ္ကမ္းမ်ားတြင္ ရွိေနေသာ ေက်ာက္မီးေသြးမ်ားကို မဝယ္ဘဲ ထားရွိပါတယ္။

ဒီအတြက္ ၾသစေတသၽွ အေနနဲ႔လည္း တ႐ုတ္နိုင္ငံသို႔ ေရာက္ရွိေနၿပီး ျဖစ္ေနေသာ တန္ခ်ိန္ သန္းနဲ႔ရွိသည့္ ေက်ာက္မီးေသြးမ်ားကို မိမိနိုင္ငံသို႔ ျပန္သယ္ဖို႔ဆိုတာမလြယ္တဲ့ကိစၥ ျဖစ္ပါတယ္။ဒါကို ၾသစေတသၽွနိုင္ငံအပါအဝင္ ေလးနိုင္ငံ မဟာမိတ္ အဖြဲ႕ဝင္နိုင္ငံျဖစ္သည့္ အိႏၵိယမွ ကူညီ ေျဖရွင္းေပးသြားပါတယ္။
တန္ခ်ိန္ သန္းႏွစ္ေထာင္ရွိသည့္ ေက်ာက္မီးေသြးမ်ားကို အိႏၵိယနိုင္ငံမွ ဝယ္ယူသြားပါသည္။

အဲဒီမွာ တ႐ုတ္ေတြ ပ်ာယာခတ္သြားတယ္လို႔ ဆိုပါသည္။ ဒီကိစၥက တ႐ုတ္နိုင္ငံတြင္ ေလာင္စာစြမ္းအင္ ျပတ္ေတာက္သည့္အခ်ိန္တြင္ ျဖစ္သြားျခင္းေၾကာင့္ ပ်ာယာခတ္မယ္ဆိုလည္း ခတ္စရာ ျဖစ္ပါသည္။တ႐ုတ္မွာ ဒီလိုစိတ္ဓါတ္ ရွိသည္မွာ ယခုမွ မဟုတ္ပါ။ မိမိတို႔နိုင္ငံမွ တ႐ုတ္နိုင္ငံသို႔ အထူးသျဖင့္ မူဆယ္မွ
တဆင့္သြားေသာ ဖရဲ၊ သခြား သီးႏွံမ်ားဆိုရင္ လို လိုသလို မလို မလိုသလို သူတို႔တ႐ုတ္ကုန္သည္ အခ်င္းခ်င္း လက္ဝါးရိုက္ ေဈးကစားခဲ့ၾကလို႔ ျမန္မာကုန္သည္မ်ား အထိနာခဲ့ၾကပါတယ္။

အထူးသျဖင့္ တပိုင္ တနိုင္ စိုက္ပ်ိဳးၿပီး သြားေရာက္ ေရာင္းခ်သည့္ ေတာင္သူဦးႀကီးမ်ား ပို၍ခံခဲ့ၾကရပါသည္။ မိမိတို႔ရဲ့ ဖရဲ သခြားမ်ားကို ျပန္လည္ သယ္ယူမည္ ဆိုပါက ထပ္မံ၍ သယ္ယူစားရိတ္ ကုန္က်မွာေၾကာင့္ လမ္းေဘးမွာ စြန္႔ပစ္ခဲ့ရတာမ်ိဳးေတာင္ ရွိခဲ့ပါသည္။ယခု ေက်ာက္မီးေသြးကိစၥမွာေတာ့ တ႐ုတ္ေတြ အရွိုက္မိသြားပါၿပီ။ ၁၉၇၀ ေနာက္ပိုင္းတြင္ အေနာက္နိုင္ငံမ်ားမွ တ႐ုတ္ ကြန္ျမဴနစ္နိုင္ငံအား တံခါး ဖြင့္ေပးလိုက္ျခင္းေၾကာင့္ စီးပြားေရးမ်ား တဟုန္ထိုး တိုးတက္သြားၿပီး ခ်မ္းသာလာၾကေတာ့ ဒီအေပၚမွာ မာန္တက္လာၾကပါသည္၊

မာန္တက္လာ႐ုံမၽွမက ကမၻာႀကီးကို ၾသဇာ ခ်ဲ႕ထြင္ဖို႔ ႀကံစည္လာၾကပါသည္။ထို႔ေၾကာင့္လည္း တ႐ုတ္နိုင္ငံအား ျပန္လည္ တုံ႔ျပန္နိုင္ရန္ ကမၻာ့အင္အားႀကီးနိုင္ငံငံမ်ား စဥ္းစား လုပ္ေဆာင္ေနၾကပါသည္၊ ဥပမာအားျဖင့္ အေမရိကန္ ၾသစေတသၽွ ဂ်ပန္ အိႏၵိယတို႔ပါဝင္ေသာ ေလးနိုင္ငံ Quad အဖြဲ႕၊ အေမရိကန္ ၿဗိတိန္ ၾသစေတသၽွတို႔ပါဝင္ေသာ သုံးနိုင္ငံ စစ္ေရးမဟာမိတ္အဖြဲ႕တို႔ ဖြဲ႕ထားျခင္းကို ၾကည့္ပါက သိနိုင္ပါေၾကာင္း အခ်က္အလက္အခ်ိဳ႕ကို ဆက္စပ္၍ တင္ျပလိုက္ရပါသည္။

အဆင္းဘီးတပ္ေပးလိုက္တဲ့ အိႏၵိယ။

တ႐ုတ္ျပည္မွာ ေက်ာက္မီးေသြးေဈးေတြတက္၊ ကာဗြန္ေပၚလစီေျပာင္းနဲ႔ တနိုင္ငံလုံးမီးေတြပ်က္ေနခ်ိန္မွာ၊ နိုင္ငံေရးေၾကာင့္ မဝယ္ဘဲ ညစ္ကာပစ္ထားတဲ့
တ႐ုတ္ဆိပ္ကမ္းက ပိတ္မိေနတဲ့ ဩစီေက်ာက္မီးေသြးေတြကို အိႏၵိယဝယ္ယူလိုက္ပါတယ္။ အခ်ိန္တိုအတြင္း ေက်ာက္မီးေသြးတန္ခ်ိန္ ၂ သန္းေတာင္
အိႏၵိယဖက္က ဝယ္ေပးလိုက္တာမို႔ လႈပ္ေနတဲ့တ႐ုတ္ေဈးကြက္ဟာ ပ်ာယာခပ္သြားရပါၿပီ။ တခါတရံ ရန္သူကို က်ည္တစ္ေတာင့္မွမသုံးရဘဲ စီးပြါးေရးနည္းလမ္းသုံးကာ အနိုင္ယူလို႔ရပါတယ္။

Ref: SCMP
Crd Joseph Min
via Hayman Oo
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။