♦♦♦လုံးဝကို ပျက်စီးတဲ့အခြေအနေထိဖြစ်သွားခဲ့တဲ့ တရုတ်ရဲ့ လျှပ်စစ်မော်တော်ကား ကဏ္ဍ

♦♦♦လုံးဝကို ပျက်စီးတဲ့အခြေအနေထိဖြစ်သွားခဲ့တဲ့ တရုတ်ရဲ့ လျှပ်စစ်မော်တော်ကား ကဏ္ဍ

❌❌❌ Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

တရုတ်ရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနဲ့ နည်းပညာ ရည်မှန်းချက်တွေဟာ ရိုက်စားလုပ်မှုတစ်ခုပါပဲ၊တရုတ်ဟာ အဓိကစီမံကိန်းတွေနဲ့ နည်းပညာရည်မှန်းချက်တွေကို အလွန်အမင်းဆက်လက်၍ တည်ဆောက်လျက်ရှိပါတယ်၊ သို့သော်လည်း မကြာခဏမဟုတ်ရင်တောင် စီမံကိန်းတွေဟာ အဖတ်ဆယ်မရတဲ့ အခြေအနေအထိဖြစ်ခဲ့ပါတယ်၊ လျှပ်စစ်မော်တော်ကား ကဏ္ဍဟာ လည်း မထူးမခြားပါပဲ၊

လွန်ခဲ့သော နှစ်တွေက တရုတ်လျှပ်စစ်မော်တော်ကားရဲ့ ဓာတ်ငွေ့ထုတ်လွှင့် ဖြတ်တောက်မှုနဲ့ သန့်စင်တဲ့ နည်းပညာအကြောင်းသာမက Tesla ရဲ့မော်တော်ကားထုတ်လုပ်အောင်မြင်မှုတွေကြောင့်   အနောက်နိုင်ငံတွေမှာ ထို မော်တော်ကားများကို အစွဲအလမ်းဖြစ်ခဲ့ကြပါတယ်၊ သို့သော်လည်း ကွန်မြူနစ်နိုင်ငံတော်ဟာ ဓာတ်အားပြတ်တောက်မှု ကိုရင်ဆိုင်ခဲ့ရပြီး လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုကဏ္ဍဟာလည်း ရုတ်ချည်းဆိုသလို ပြိုပျက်ခဲ့ရပါတယ်၊

Evergrande အကြောင်း

မကြာသေးမီက တရုတ်ရဲ့ အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်တဲ့ Evergrande အကြောင်း ကမ္ဘာတဝှမ်းမှာ ကြားသိခဲ့ရပါတယ်၊Evergrande ဟာ အကြွေးတွေနဲ့ နစ်မွန်းနေတဲ့ လုပ်ငန်းတရပ်ဖြစ်ပြီး ၎င်းရဲ့ ကျဆုံးခန်းဟာ တရုတ်စီးပွာရေးနယ်ပယ်ကို ကူးစက်လာခဲ့ပါတယ်၊ 

သို့သော်လည်း လွန်ခဲ့သော နှစ်က Evergrandeဟာ ကျရှုံးခဲ့တဲ့ လျှပ်စစ်မော်တော်ကားလုပ်ငန်းနဲ့ပတ်သက်ပြီး အခက်အခဲတွေ ကျော်လွန်နိုင်ခဲ့တယ်လို့ဆိုပါတယ်၊ဧပြီလတွင် Bloomberg ရဲ့ဖော်ပြချက်အရ Evergrande New Energy Vehicle Group Ltd ဟာ Ford Motor Co. ထက် ဒေါ်လာ 87ဘီလံယံ ပိုများတဲ့ လျှပ်စစ် မော်တော်ယာဉ်ကို စတင်တည်ဆောက်ခဲ့သလို General Motors Co.ကလည်း မော်တော်ကားတစ်စီးရောင်းထွက်ဖို့တောင်ခက်ခဲခဲ့ကြောင်း သိရပါတယ်၊ 

ရှန်ဟိုင်းရှိ Automobility Ltd. အကြံပေးကုမ္ပဏီတည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ် Bill Russo က“ ဒါဟာထူးဆန်းတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်” လို့ပြောကြားခဲ့ပါတယ်၊ဒါ့အပြင် Russoက “သူတို့ကဘာမှပြန်မရနိုင်တဲ့ အရာတွေမှာ ပိုက်ဆံတွေအများအပြားသုံးတဲ့အပြင် သေချာနားမလည်တဲ့ စက်မှုလုပ်ငန်းထဲကိုလည်း ဝင်ရောက်လာခဲ့တယ်၊ နောက်ပြီး သူတို့ဟာ Nio သို့မဟုတ် Xpeng နည်းပညာတွေကို အသုံးပြုသလားဆိုတာလည်း ကျွန်တော်သေချာမသိဘူး” လို့ ဆိုပါတယ်၊

တနင်္လာနေ့ တွင် China Evergrande Group ရဲ့ လျှပ်စစ်မော်တော်ကား ကဏ္ဍဟာ မူလ လျှပ်စစ်မော်တော်ကား ကုမ္ပဏီရဲ့ စိုးရိမ်စရာတွေကြားက ကမ်းလှမ်းမှုတွေကြောင့် အစီအစဉ်တွေကိုရပ်စဲလိုက်ရပါတယ် လို့ Nikkei က ဖော်ပြထားပါတယ်၊

တရုတ်ရဲ့ လျှပ်စစ်မော်တော်ကား ကဏ္ဍ ကျရှုံးမှုဟာ မကြာခဏဖြစ်လေ့ရှိတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်၊

Russo ဟာ Evergrandeရဲ့ EV စတင်တည်ထောင်မှုကို ထူးဆန်းတယ်လို့ဖော်ပြခဲ့ပါတယ်၊ သို့သော်လည်း တရုတ်ရဲ့ EV ပြတ်တောက်မှုဟာ သာမာန် ယေဘူယျဖြစ်စဉ် တစ်ခုထက်ပိုပါတယ်၊ နိုင်ငံတွင်း စွမ်းအင်ပြတ်လပ်မှုကြောင့် တရုတ်ရဲ့ လျှပ်စစ်မော်တော်ကား စက်မှုလုပ်ငန်းဟာ ပျက်စီးခဲ့ရပါတော့တယ်၊နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည်နိုင်ငံရဲ့လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွင်အဟန့်အတားဖြစ်စေနိုင်ကြောင်း SCMP ကအစီရင်ခံခဲ့ပါတယ်၊ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ အားသွင်းဌာနများရပ်ဆိုင်းခြင်းဟာလည်း ဘက်ထရီပါဝါသုံးကားအချို့ကိုလမ်းများပေါ်တွင်ပိတ်ဆို့စေခဲ့ပါတယ်၊

တရုတ်ရဲ့ အဓိကအရှက်ရစေတဲ့အချက်မှာ ပြီးခဲ့အပတ်က နိုင်ငံတွင်း လျှပ်စစ်ပြက်တောက်မှုကြောင့် အားသွင်းဌာနများရပ်တိုင်းခဲ့ရပြီး လျှပ်စစ်သုံးမော်တော်ကားများလည်း လမ်းမပေါ် မောင်းနှင်ခြင်းရပ်စဲခဲ့ရတာကြောင့်ဖြစ်ပါတယ်၊

ထို့ပြင်တရုတ်ပြည်မကြီးတစ်ဝှမ်းရှိပြည်နယ် ၁၀ ခုကျော်တွင် ဖြစ်ပွားခဲ့သော ဓာတ်အားပြတ်တောက်မှုသည် တရုတ်ပြည်သူများကို EVs သို့ကူးပြောင်းမှုအား ရပ်တန့်စေခဲ့ပါတယ်၊ Jilin ပြည်နယ်ရှိကားအာမခံပွဲစားတစ် ဦး ဖြစ်သူ Zhang Fan က“ တရုတ်အရှေ့မြောက်ပိုင်းမှာလျှပ်စစ်ကားတွေကိုနှစ်အတော်ကြာအထိ စိတ်ဝင်စားမှု နည်းခဲ့ကြတယ်” လို့ဆိုပါတယ်၊

Fan က “ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုသည်လျှပ်စစ်ဓာတ်အားသုံးယာဉ်များ ဝယ်ယူခြင်းကိုပိုမိုဆုတ်ယုတ်စေနိုင်ပါတယ်၊ ရယ်စရာကောင်းတာက  EV ဟာ မသန့်ရှင်းသောစွမ်းအင်နှင့်လောင်စာများလောင်ကျွမ်းခြင်းရဲ့အဖြေ လို့ ယူဆရသော်လည်းကွန်မြူနစ်နိုင်ငံမှာတော့ ကျောက်မီးသွေး လုံလောက်စွာမရှိသောကြောင့် အပူစွမ်းအင်အလုံအလောက်မထုတ်လုပ်နိုင်ခဲ့တဲ့ အတွက် ၎င်းနည်းလမ်းဟာ တရုတ်တွင်မအောင်မြင်ခဲ့ပါဘူး၊”လို့ဆိုပါတယ်၊

တရုတ်လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှားပါလာလိမ့်မည်

တစ်ချိန်တည်းမှာပင် New York စာရင်းဝင် China Upstart Nio Inc. ကဲ့သို့ တရုတ် EV စီးပွါးရေးလုပ်ငန်းများသည်၎င်းတို့စတင်တည်ထောင်စဉ်ကတည်းကအကျိုးအမြတ်မရခဲ့ပါ။ Tesla နှင့်တရုတ် EV များရဲ့ ရေရှည်အကျိုးဖြစ်ထွန်းမှုကိုလည်း သင်နှိုင်းယှဉ် လို့ မရပါဘူး၊ Tesla ဟာ လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းတွင်ရှေ့ဆောင်တစ် ဦး ဖြစ်ခဲ့ပြီးသူ့ကိုယ်သူအမှတ်တံဆိပ်ပုံရိပ်တစ်ခုဖန်တီးခဲ့သည်ကိုသတိရသင့်ပါတယ်၊ အခြားတစ်ဖက်တွင်မူတရုတ် EV များသည်လူများ၏ယုံကြည်မှုကိုရရှိရန်လိုအပ်လျက်ရှိပါတယ်၊

BMW AG၊ Volkswagen AG နှင့် Mercedes-Benz AG -owner Daimler AG ကဲ့သို့သောဂျာမန်အဓိကမော်တော်ယာဉ် များသည်လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းတွင် ၎င်းတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်များကိုအရှိန်အဟုန်မြှင့်တင်ခဲ့‌ပေးပါတယ်၊ နောက်ဆုံးတွင် Nio, XPeng နှင့် Li Auto Inc ကဲ့သို့တရုတ်လုပ်ငန်းများဟာ Tesla (သို့) အထင်ကရဂျာမန်မော်တော်ယာဉ်အမှတ်တံဆိပ်များနဲ့ တစ်ထပ်တည်းကျမယ်လို့ တော့ သင်မျှော်လင့်နိုင်လို့မရနိုင်ပါဘူး၊

တရုတ်နိုင်ငံရဲ့ အဓိက EVပြဿနာမှာ  တွင် တရုတ်နိုင်ငံတွင်း ပါဝါပြတ်တောက်မှုဖြစ်ပြီး ၎င်းဟာ ကျယ်ပြန့်တဲ့ လျှပ်စစ်ယာဉ် စက်မှုလုပ်ငန်းကိုဆက်လက်ထိန်းသိမ်းထားဖို့အတွက် ၎င်းရဲ့ စွမ်းရည်နှင့်အခြေခံအဆောက်အဦများ ပျက်စီးမှုဖြစ်စေနိုင်ပါတယ်၊ ရုတ်တရက်တရုတ်ရဲ့ EV လုပ်ငန်းဟာ ပျက်စီးသွားပြီး‌ နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှုံသူတွေကို တရုတ်ရဲ့ လျှပ်စစ်‌ မော်တော်ကား ကနဦးတည်ဆောက်မှုများနှင့်ဝေးကွာသွားစေပါတယ်၊

Ref : TFIGlobal

Trans : Evelyn