♦♦♦နောက်ဆုံးပေါ်နေတဲ့ ရာဘာထိပ်ဖူးတပ် တော်ပီဒိုနဲ့ သတိပေးတာလား ရေမြုပ်တုံးတိုက်မိတာလားမသိရတဲ့ အမေရိကန်ရေငုပ်သဘ်ော

♦♦♦နောက်ဆုံးပေါ်နေတဲ့ ရာဘာထိပ်ဖူးတပ် တော်ပီဒိုနဲ့ သတိပေးတာလား ရေမြုပ်တုံးတိုက်မိတာလားမသိရတဲ့ အမေရိကန်ရေငုပ်သဘ်ော

အမေရိကန်ရေတပ်က နျူကလီးယားပါဝါသုံး ရေငုပ်သင်္ဘော တစ်စင်းဟာ အင်ဒိုပစိဖိတ်ဒေသက
နိုင်ငံတကာရေပြင်မှာ ငုပ်လျှိုးခုတ်မောင်းသွားနေစဥ် ရေအောက်အရာဝတ္ထုတခုနဲ့တိုက်မိခဲ့ပြီး
စစ်သည်အချို့ ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောခဲ့ပါတယ်

USS Connecticut ရေငုပ်သင်္ဘောပေါ်က စစ်သည်တွေဟာ အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ ဒဏ်ရာရတာမျိုးတော့မရှိဘူးလို့ ရေတပ်ကကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်
အဖြစ်အပျက်တွေဟာပြီးခဲ့တဲ့ စနေနေ့က ဖြစ်ခဲ့တာပါ

” ရေငုပ်သင်္ဘောရဲ့ နျူကလီးယားပါဝါစနစ်နဲ့ မောင်းနှင်မှုစနစ် ဘာတစ်ခုမှမထိခိုက်မပျက်စီး ခဲ့ပါဘူး
သင်္ဘောဟာ ဘာမှမချို့ယွင်းခဲ့ပဲ တာဝန်တွေ အပြည့်အဝထမ်းဆောင်နိုင်နေပါ တယ်”
လို့ထုတ်ပြန်ချက်မှာပါပါတယ်

လူ့အသက်တွေ လုံခြုံမှုဟာ ရေတပ်ရဲ့ဦးစားပေး အလေးထားတဲ့ အချက်ပဲ သေလောက်တဲ့ဒဏ်ရာဘယ်သူမှမရပါဘူး အဖြစ်အပျက်ကိုစစ်ဆေးနေတုန်းပဲလို့ လည်းပြောပါတယ် ရေအောက်မှာဘာနဲ့ တိုက်မိတယ်ထိခိုက်မိတယ်ဆိုတာရယ် ဘယ်နေရာမှာဖြစ်တယ်ဆိုတာရယ် စစ်သည်ဘယ်နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်ဆိုတာကို တော့ထုတ်ဖော်မပြောပါဘူး

တောင်တရုပ်ပင်လယ်ဟာ ကမ္ဘာမှာ အငြင်းပွားမှု အများဆုံးနဲ့ စီးပွားရေးအရအချက်အချာကျတဲ့ရေကြောင်းလမ်းမလည်း ဖြစ်ပါတယ် တရုပ်တို့က ရေပြင်ဧရိယာ အကုန်လုံးနီးပါးကို သူတို့ရဲ့ 9 dashline နဲ့ဖော်ပြပြီး ပိုင်ဆိုင်တယ်လို့ ကြေညာထားပါတယ် ကျွန်းအတုတွေကိုလည်း ဒေသရေပြင်ထဲမှာတည်ဆောက်ပြီး စစ်စခန်းတွေ အခြေချနေခဲ့ပါတယ်

USS Connecticut ဟာ Seawolf-class အမြန်သွားတိုက်ခိုက်ရေးရေငုပ်သင်္ဘောဖြစ်ပြီး အရာရှိ၁၄ ယောက်အပါအဝင် စစ်သည်၁၄၀ ပါရှိတဲ့နျူကလီးယားစွမ်းအင်သုံး ခေတ်မီရေယာဥ်ဖြစ်ပါတယ်
အခုအဲ့ဒိသင်္ဘောဟာ ဂူအမ်ရေတပ်စခန်းကို ဦးတည်ခုတ်မောင်းသွားပြီလို့သိရပါတယ်

ရေငုပ်သင်္ဘောဟာ ရေအောက်မှာ တိုက်မိဖို့ဆိုတာဟာ ရေမြုပ်တုံးတွေ ကျောက်ဆောင်တွေ ရေအောက်မှာ မြုပ်ပြီးပေါလောမြောနေတဲ့အရာဝတ္ထုတွေနဲ့ သာထိခိုက်နိုင်စရာရှိပါတယ်

ကျောက်ဆောင်တွေ နဲ့ရေအောက်သဘာဝအရာတွေနဲ့ ကတော့ တိုက်မိဖို့မဖြစ်နိုင်ပါဘူး
ဆိုနာတွေအပြင် ရေအောက်ကြမ်းပြင်အနေအထားရေပုံမြေပုံတွေ ဆင်ဆာကရိယာတွေ အစုံအလင်ပါတဲ့ အမေရိကန် နျူကလီးယားပါဝါရေငုပ်သင်္ဘောဟာ ပိုလို့မဖြစ်နိုင်ပါဘူး

ရေမြုပ်တုံး( submerged logs)တွေနဲ့ထိခိုက်ဖို့ကလည်း ဆိုနာတွေကအလကားမဟုတ်ပါ
ပြီးတော့ ရေမြုပ်တုံးတိုက်မိရင်လည်း စစ်သည်တွေ ဒဏ်ရာရလောက်တဲ့ impact အရှိန်လောက်မဖြစ်ပါဘူး သည်တော့ဘာနဲ့ထိခိုက်မိနိုင်သလဲ

နောက်ဆုံးပေါ်နေတဲ့ ရာဘာထိပ်ဖူးတပ် တော်ပီဒိုနဲ့ သတိပေးတာလား နောက်ဆုံးပေါ် ရေငုပ်ဒရုန်းနဲ့ဝင်တိုက်( collide ) မိသလား နိုင်ငံတကာရေပြင်လို့ဆိုထားပေမဲ့ ဟုတ်ပါ့မလား
တွေးမိပါတယ်
Pi Lon
Ref Aljazeers
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi











တွေးမိပါတယ်
Pi Lon
Ref Aljazeers