♦♦♦အငြင်းပွားတောင်တရုတ်ပင်လယ် ရေအောက်တွင် တစ်စုံတစ်ခုနှင့်တိုက်မိသဖြင့် အမေရိကန် နျူကလီးယားရေငုပ်သင်္ဘောထိခိုက်ပျက်စီးမှုဖြစ်

♦♦♦တောင်တရုတ်ပင်လယ် ရေအောက်တွင် တစ်စုံတစ်ခုနှင့်တိုက်မိသဖြင့် အမေရိကန် နျူကလီးယားရေငုပ်သင်္ဘောထိခိုက်ပျက်စီးမှုဖြစ်

ဝါရှင်တန်၊ အောက်တိုဘာ ၈

အာရှရေပြင်အောက်တွင် လှုပ်ရှားသွားလာနေစဉ် အမျိုးအမည် မသိသေးသော အရာတစ်ခုနှင့် ထိခိုက်မိသဖြင့် အမေရိကန်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီး ထိခိုက်ပျက်စီးမှုအချို့ဖြစ်ခဲ့ကြောင်း အောက်တိုဘာ ၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

ယင်းရေငုပ်သင်္ဘောမှာ နျူကလီးယားစွမ်းသုံ လျှင်မြန်စွာတိုက်ခိုက်ရေးဆိုင်ရာ ရေငုပ်သင်္ဘောတစ်စီးဖြစ်ပြီး၊ သင်္ဘော၏ အမည်မှာ ယူအက်စ်အက်စ် ကွန်နက်တီကပ်ဖြစ်သည်။ ယင်း ရေငုပ်သင်္ဘောသည် ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းက အင်ဒို-ပစိဖိတ်ဒေသ နိုင်ငံတကာရေပိုင်နက် ရေပြင်အောက်တွင် လှုပ်ရှားသွားလာနေစဉ် ရေအောက်ရှိ အရာဝတ္ထုတစ်ခုနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်မှ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့တိုက်မိခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာရမှုများ မရှိဟုဆိုသော်လည်း၊ အမေရိကန်ရေတပ်၏ သတင်းတွင်မူ သင်္ဘောသားတစ်ဒါဇင်ခန့် ထိခိုက်မှုရှိကြောင်း၊ အသေးစားထိခိုက်ဒဏ်ရာရရှိ်မှုများသာ့ဖစ်ကြောင်းဆိုထားသည်။

ယခုအခါတွင်မူ ယူအက်စ်အက်စ် ကွန်နက်တီကပ်သည် ဂူအမ်ကျွန်းဆီသို့ ဦးတည်ခုတ်မောင်းနေလျှက်ရှိသည်။

ထိခိုက်ပျက်စီးမှုပမာဏနှင့် ထိုသို့ တိုက်မိရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဆို၏။

US nuclear sub damaged in underwater collision
Photo: AFP
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

♦♦♦ေတာင္တ႐ုတ္ပင္လယ္ ေရေအာက္တြင္ တစ္စုံတစ္ခုႏွင့္တိုက္မိသျဖင့္ အေမရိကန္ န်ဴကလီးယားေရငုပ္သေဘၤာထိခိုက္ပ်က္စီးမႈျဖစ္

ဝါရွင္တန္၊ ေအာက္တိုဘာ ၈

အာရွေရျပင္ေအာက္တြင္ လႈပ္ရွားသြားလာေနစဥ္ အမ်ိဳးအမည္ မသိေသးေသာ အရာတစ္ခုႏွင့္ ထိခိုက္မိသျဖင့္ အေမရိကန္ေရတပ္မွ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာတစ္စီး ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ျဖစ္ခဲ့ေၾကာင္း ေအာက္တိုဘာ ၇ ရက္ေန႔က သတင္းထုတ္ျပန္သည္။

ယင္းေရငုပ္သေဘၤာမွာ န်ဴကလီးယားစြမ္းသုံ လၽွင္ျမန္စြာတိုက္ခိုက္ေရးဆိုင္ရာ ေရငုပ္သေဘၤာတစ္စီးျဖစ္ၿပီး၊ သေဘၤာ၏ အမည္မွာ ယူအက္စ္အက္စ္ ကြန္နက္တီကပ္ျဖစ္သည္။ ယင္း ေရငုပ္သေဘၤာသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂ ရက္ေန႔ မြန္းလြဲပိုင္းက အင္ဒို-ပစိဖိတ္ေဒသ နိုင္ငံတကာေရပိုင္နက္ ေရျပင္ေအာက္တြင္ လႈပ္ရွားသြားလာေနစဥ္ ေရေအာက္ရွိ အရာဝတၳဳတစ္ခုႏွင့္ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ေရတပ္မွ သတင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထိုသို႔တိုက္မိျခင္းေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရေသာ ဒဏ္ရာရမႈမ်ား မရွိဟုဆိုေသာ္လည္း၊ အေမရိကန္ေရတပ္၏ သတင္းတြင္မူ သေဘၤာသားတစ္ဒါဇင္ခန႔္ ထိခိုက္မႈရွိေၾကာင္း၊ အေသးစားထိခိုက္ဒဏ္ရာရရွိ္မႈမ်ားသာ့ဖစ္ေၾကာင္းဆိုထားသည္။

ယခုအခါတြင္မူ ယူအက္စ္အက္စ္ ကြန္နက္တီကပ္သည္ ဂူအမ္ကၽြန္းဆီသို႔ ဦးတည္ခုတ္ေမာင္းေနလၽွက္ရွိသည္။

ထိခိုက္ပ်က္စီးမႈပမာဏႏွင့္ ထိုသို႔ တိုက္မိရျခင္း အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲ ျဖစ္သည္ဆို၏။

US nuclear sub damaged in underwater collision
Photo: AFP
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။