♦♦♦အင်ဒိုနီးရှား၏ တရုတ်နှင့် ဧရာမ ရထားလမ်းသစ်တည်ဆောက်ရန် အစီအစဉ်သည် ကြွေးမြီထောင်ချောက်ဖြစ်မည်ကို စိုးရိမ်နေ

♦♦♦တရုတ်နှင့် ဧရာမ ရထားလမ်းသစ်တည်ဆောက်ရန်အင်ဒိုနီးရှား၏ အစီအစဉ်သည် ကြွေးမြီထောင်ချောက်ဖြစ်မည်ကို စိုးရိမ်နေ

အင်ဒိုနီးရှား၏ ရထားလမ်းစီမံကိန်း တွင် သီးခြား လမ်းကြောင်းနှစ်ခုဖြင့် တည်ဆောက်ရန် စီစဉ်နေပြီး ယင်းအစီအစဉ်တွင် ဂျပန်နှင့် တရုတ် ပါဝင်လုပ်ကိုင်မည်ဖြစ်ရာ

ယင်းစီမံကိန်းကြောင့် အင်ဒိုနီးရှားအနေဖြင့် တရုတ်ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းသွားစေနိုင်သလို ဂျပန်နှင့် ဆက်ဆံရေးလည်း ယိုယွင်းသွားစေနိုင်ကြောင်း လေ့လာသုံးသပ်သူများက စိုးရိမ်နေသည်။

တရုတ်အစိုးရပိုင် မီးရထားလမ်းဆောက်လုပ်ရေးကော်ပိုရေးက လုပ်ပိုင်ခွင့်ရရင် ကြိုးပမ်းနေသော်လည်း အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သော

အရှေ့ဂျာဗားရှိ ဆူရာဘာရာသို့ ဆက်သွယ်မည့် အလယ်အလတ်မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို ၂၀၁၉ခုနှစ်တွင် ဂျပန်က လုပ်ပိုင်ခွင့် ရရှိသွားခဲ့သည်ဟု South China Morning Post က သတင်းဖော်ပြခဲ့သည်။

သို့သော် တရုတ်က ငွေကြေးပံ့ပိုးပေးထားသည့် အခြားအကြီးစားမီးရထားလမ်းစီမံကိန်းကြီးဖြစ်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထားလမ်းသည် ယခင်ကထက် ၃ ပုံ ၁ပုံ မြင့်တက်သွားပြီး ၈ ဘီလီယံအထိ ကုန်ကျစရိတ်ရှိသွားခြင်းကြောင့်

၂၀၂၀ပြည့်နှစ်တွင် သမ္မတ ဂျိုကိုဝီဒိုဒိုသည် ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍ ယခုစီမံကိန်းတွင် တရုတ် ပါဝင်ဆောင်ရွက်လာရန် သူ့အနေဖြင့် မျှော်လင့်ကြောင်း ပြောကြားပြီးနောက် စီမံကိန်းကို ယမန်နှစ်က အပြောင်းအလဲ လုပ်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်သည်လည်း တရုတ် ခါးပတ်လမ်းမစီမံကိန်းအရ ထုတ်ယူထားသည့် တရုတ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ရုန်းကန်နေရသောနိုင်ငံတစ်ခု ဖြစ်လာသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

လျှပ်စစ်ကဏ္ဍအတွက်တင်ရှိနေသော ကြွေးမြီ ဒေါ်လာ ၂၂ ဘီလီယံကို ပြန်လည်ပေးဆပ်ချိန်ကို ပါကစ္စတန်က ပြောင်းလဲ ပြင်ဆင်ရန် ကြိုးပမ်းလိမ့်မည်ဟု သတင်းများထွက်ပေါ်နေသည်။

မကြာသေးမီနှစ်များအတွင်းက ပါကစ္စတန်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် တရုတ်ချေးငွေအများအပြားဝင်ရောက်ခဲ့ပြီး ယင်းကဲ့သို့ ထည့်ဝင်ပံ့ပိုးမှုကြောင့်

နှစ်ရှည် လျှပ်စစ်ဓာတ်အား ပြတ်လပ်မှု ခံစားနေရသော နိုင်ငံသည် လျှပ်စစ်ဓာတ်အားပိုလျှံလာစေခဲ့သော်လည်း တိုင်းပြည်ကို အကြွေးနွံနစ်စေကာ ပြန်ဆပ်ရန်လည်း အခက်ခဲဖြစ်နေကြောင်း Asia Times က သတင်းဖော်ပြခဲ့သည်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

♦♦♦တ႐ုတ္ႏွင့္ ဧရာမ ရထားလမ္းသစ္တည္ေဆာက္ရန္အင္ဒိုနီးရွား၏ အစီအစဥ္သည္ ေႂကြးၿမီေထာင္ေခ်ာက္ျဖစ္မည္ကို စိုးရိမ္ေန

အင္ဒိုနီးရွား၏ ရထားလမ္းစီမံကိန္း တြင္ သီးျခား လမ္းေၾကာင္းႏွစ္ခုျဖင့္ တည္ေဆာက္ရန္ စီစဥ္ေနၿပီး ယင္းအစီအစဥ္တြင္ ဂ်ပန္ႏွင့္ တ႐ုတ္ ပါဝင္လုပ္ကိုင္မည္ျဖစ္ရာ

ယင္းစီမံကိန္းေၾကာင့္ အင္ဒိုနီးရွားအေနျဖင့္ တ႐ုတ္ေႂကြးၿမီေထာင္ေခ်ာက္အတြင္း က်ဆင္းသြားေစနိုင္သလို ဂ်ပန္ႏွင့္ ဆက္ဆံေရးလည္း ယိုယြင္းသြားေစနိုင္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက စိုးရိမ္ေနသည္။

တ႐ုတ္အစိုးရပိုင္ မီးရထားလမ္းေဆာက္လုပ္ေရးေကာ္ပိုေရးက လုပ္ပိုင္ခြင့္ရရင္ ႀကိဳးပမ္းေနေသာ္လည္း အင္ဒိုနီးရွားနိုင္ငံ ၿမိဳ႕ေတာ္ ဂ်ကာတာႏွင့္ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ေသာ

အေရွ႕ဂ်ာဗားရွိ ဆူရာဘာရာသို႔ ဆက္သြယ္မည့္ အလယ္အလတ္ျမန္ႏႈန္းျမင့္ရထားလမ္းစီမံကိန္းကို ၂၀၁၉ခုႏွစ္တြင္ ဂ်ပန္က လုပ္ပိုင္ခြင့္ ရရွိသြားခဲ့သည္ဟု South China Morning Post က သတင္းေဖာ္ျပခဲ့သည္။

သို႔ေသာ္ တ႐ုတ္က ေငြေၾကးပံ့ပိုးေပးထားသည့္ အျခားအႀကီးစားမီးရထားလမ္းစီမံကိန္းႀကီးျဖစ္ေသာ ဂ်ကာတာ-ဘန္ေဒါင္း ျမန္ႏႈန္းျမင့္မီးရထားလမ္းသည္ ယခင္ကထက္ ၃ ပုံ ၁ပုံ ျမင့္တက္သြားၿပီး ၈ ဘီလီယံအထိ ကုန္က်စရိတ္ရွိသြားျခင္းေၾကာင့္

၂၀၂၀ျပည့္ႏွစ္တြင္ သမၼတ ဂ်ိဳကိုဝီဒိုဒိုသည္ ဘ႑ာေရးအေျခအေနေပၚ မူတည္၍ ယခုစီမံကိန္းတြင္ တ႐ုတ္ ပါဝင္ေဆာင္ရြက္လာရန္ သူ႔အေနျဖင့္ ေမၽွာ္လင့္ေၾကာင္း ေျပာၾကားၿပီးေနာက္ စီမံကိန္းကို ယမန္ႏွစ္က အေျပာင္းအလဲ လုပ္ခဲ့ျခင္း ျဖစ္သည္။

ပါကစၥတန္သည္လည္း တ႐ုတ္ ခါးပတ္လမ္းမစီမံကိန္းအရ ထုတ္ယူထားသည့္ တ႐ုတ္ေခ်းေငြမ်ားကို ျပန္လည္ေပးဆပ္ရန္ ႐ုန္းကန္ေနရေသာနိုင္ငံတစ္ခု ျဖစ္လာသည္ဟု မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

လၽွပ္စစ္က႑အတြက္တင္ရွိေနေသာ ေႂကြးၿမီ ေဒၚလာ ၂၂ ဘီလီယံကို ျပန္လည္ေပးဆပ္ခ်ိန္ကို ပါကစၥတန္က ေျပာင္းလဲ ျပင္ဆင္ရန္ ႀကိဳးပမ္းလိမ့္မည္ဟု သတင္းမ်ားထြက္ေပၚေနသည္။

မၾကာေသးမီႏွစ္မ်ားအတြင္းက ပါကစၥတန္၏ လၽွပ္စစ္ဓာတ္အား ထုတ္လုပ္ေရးတြင္ တ႐ုတ္ေခ်းေငြအမ်ားအျပားဝင္ေရာက္ခဲ့ၿပီး ယင္းကဲ့သို႔ ထည့္ဝင္ပံ့ပိုးမႈေၾကာင့္

ႏွစ္ရွည္ လၽွပ္စစ္ဓာတ္အား ျပတ္လပ္မႈ ခံစားေနရေသာ နိုင္ငံသည္ လၽွပ္စစ္ဓာတ္အားပိုလၽွံလာေစခဲ့ေသာ္လည္း တိုင္းျပည္ကို အေႂကြးႏြံနစ္ေစကာ ျပန္ဆပ္ရန္လည္း အခက္ခဲျဖစ္ေနေၾကာင္း Asia Times က သတင္းေဖာ္ျပခဲ့သည္။

crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။