♦♦♦တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တိုက်လေယာဉ် ပျက်ကျ

♦♦♦တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တိုက်လေယာဉ် ပျက်ကျ

29-October-2021
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၌ ပြည်သူ့လွတ်မြောက်ရေးစစ်တပ်၏ လေတပ် (PLAAF) မှ ၂ ယောက်စီးချန်ဒူ J-10S တိုက်လေယာဉ် ၁ စင်းပျက်ကျခဲ့ည့် ဗီဒီယိုဖိုင်မကြာသေးမီကထွက်ပေါ်လာသည်ဟုTaiwan News၌ ဖော်ပြထားသည်။

ဗီဒီယိုဖိုင်တွင် ဟဲနန်ပြည်နယ် ဂျီအာလူမြစ်ကမ်းပါးပေါ်သို့ တိုက်လေယာဉ် ၁ စင်းပျက်ကျခဲ့ပြီးလေယာဉ်မှုး ၂ ဦးသည် မြစ်ကမ်းအနီး၌ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သည်ဟုလည်း သတင်းတွင် ပါရှိသည်။
လေယာဉ်မှူးများသည် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း မျက်မြင်သက်သေများက ဆိုသည်။

စစ်ရေး စိတ်ဝင်စားသူ ထိုင်ဝမ်ဒေသခံများဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်သော ‘New 27 unit military discussion’ က ပုံတင်ထားရာတွင် ပျက်စီးသွားသော လေယာဉ်၏ဦးပိုင်းကို ပြသထားပြီး ကျန်စက်မှုပိုင်းဆိုင်ရာကိုယ်ထည်မှာ အထိအခိုက်လုံးဝမရှိပုံပေါ်သည်။
သို့သော် ဟဲနန်ပြည်နယ်အစိုးရနှင့် PLAAF လေတပ်တို့သည် အဆိုပါ ဖြစ်ရပ်သတင်းအပေါ် မှတ်ချက်ပြုခြင်းမရှိပေ။

By India Blooms 29 October 2021
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

♦♦♦တ႐ုတ္နိုင္ငံ ဟဲနန္ျပည္နယ္တြင္ တိုက္ေလယာဥ္ ပ်က္က်

29-October-2021
တ႐ုတ္နိုင္ငံ ဟဲနန္ျပည္နယ္၌ ျပည္သူ႔လြတ္ေျမာက္ေရးစစ္တပ္၏ ေလတပ္ (PLAAF) မွ ၂ ေယာက္စီးခ်န္ဒူ J-10S တိုက္ေလယာဥ္ ၁ စင္းပ်က္က်ခဲ့ည့္ ဗီဒီယိုဖိုင္မၾကာေသးမီကထြက္ေပၚလာသည္ဟုTaiwan News၌ ေဖာ္ျပထားသည္။

ဗီဒီယိုဖိုင္တြင္ ဟဲနန္ျပည္နယ္ ဂ်ီအာလူျမစ္ကမ္းပါးေပၚသို႔ တိုက္ေလယာဥ္ ၁ စင္းပ်က္က်ခဲ့ၿပီးေလယာဥ္မႈး ၂ ဦးသည္ ျမစ္ကမ္းအနီး၌ ေဘးကင္းစြာဆင္းသက္နိုင္ခဲ့သည္ဟုလည္း သတင္းတြင္ ပါရွိသည္။
ေလယာဥ္မႉးမ်ားသည္ ဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း မ်က္ျမင္သက္ေသမ်ားက ဆိုသည္။

စစ္ေရး စိတ္ဝင္စားသူ ထိုင္ဝမ္ေဒသခံမ်ားေဖ့စ္ဘြတ္စာမ်က္ႏွာ ျဖစ္ေသာ ‘New 27 unit military discussion’ က ပုံတင္ထားရာတြင္ ပ်က္စီးသြားေသာ ေလယာဥ္၏ဦးပိုင္းကို ျပသထားၿပီး က်န္စက္မႈပိုင္းဆိုင္ရာကိုယ္ထည္မွာ အထိအခိုက္လုံးဝမရွိပုံေပၚသည္။
သို႔ေသာ္ ဟဲနန္ျပည္နယ္အစိုးရႏွင့္ PLAAF ေလတပ္တို႔သည္ အဆိုပါ ျဖစ္ရပ္သတင္းအေပၚ မွတ္ခ်က္ျပဳျခင္းမရွိေပ။

By India Blooms 29 October 2021
crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။