■■■တရုတ်ကိုအရှက်ရစေတဲ့ တရုတ်ထောက်လှမ်းရေးဟောင်းရဲ့ ဝီဂါအရေး ထုတ်ဖော်ဖွင့်ဟမှု့

ရှင်ကျန်းဒေသ၌ နေအိမ်များသို့ စီးနင်းဝင်ရောက်ခြင်းသည် သန်းကောင်ယံလွန်အချိန်တွင် စတင်ခဲ့သည်။
ရိုင်ဖယ်လက်နက်ကိုင်ဆောင်ထားသည့် ရာနှင့်ချီသောရဲအရာရှိများသည် တရုတ်နိုင်ငံ အနောက်ဖျားပိုင်း ရှန်ကျန်းဒေသတွင် ဝီဂါလူမျိုးတို့၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း ဝင်ရောက် ဖမ်းဆီးမှုများအတွင်း အိမ်ပေါ်မှဆွဲချခြင်း၊လက်ထိပ်ခတ်ခြင်းနှင့်ခေါင်းအဝတ်စွပ်ခြင်း၊ခုခံပါကသစ်ပစ်မည်ဟုခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့ကြသည်ဟု တရုတ်ရဲထောက်လှမ်းရေးဟောင်းတစ်ဦးက CNN သို့ပြောသည်။

“သူတို့ကိုညတွင်းချင်းအတင်းအကျပ်ခေါ်သွားခဲ့ကြပါတယ်။ ဒီဒေသကကောင်တီတစ်ခုမှာ လူရာပေါင်းများစွာ ရှိမယ်ဆိုရင် အဲဒီလူရာပေါင်းများစွာကို ဖမ်းရပါတယ်” ဟု ၎င်းကဆိုသည်။
လျှိူ့ဝှက်ချက်များကို ဖော်ထုတ်သည့် ထောက်လှမ်းရေးဟောင်းက တရုတ်ပြည်၌ကျန်နေသောမိသားစုကို အန္တရာယ်မဖြစ်စေရန်၎င်းအမည်အား ကျိယန်း ဟုသုံးနှုန်းခဲ့သည်။

ကျိယန်းသည် ယခုအခါ ဥရောပ၌ ပြည်ပြေးအဖြစ်နေထိုင်နေပြီး CNNနှင့် ၃နာရီကြာအင်တာဗျူးလုပ်ခဲ့သည်။ ကျိယန်းကဒေသတွင်း ထိန်းသိမ်းရေးစခန်းများတွင် ဝီဂါလူမျိုးစုများအား စနစ်တကျနှိပ်စက်ညှင်းပန်းသည့် လုပ်ရပ်များကို အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့သည်။
ကျိယန်းနှင့်လုပ်ဖော်ကိုင်ဖက်များသည် ထိန်းသိမ်းရေးစခန်းရှိအကျဉ်းသားများအား ပွန်းပဲ့ဖူးရောင်လာပြီး ကြမ်းပြင်ပေါ်ဒူးထောက်ငိုသည်အထိ ကန်ခြင်းရိုက်ခြင်းများပြုလုပ်ကာစစ်ဆေးမေးမြန်းလေ့ရှိခဲ့ကြသည်။

ကျိယန်းသည် ရှင်ကျန်း၌တာဝန်ကျစဉ် စစ်ကြောရေးလုပ်ငန်းစဉ်အတွင်း အမျိုးသား၊အမျိုးသမီးများနှင့် အသက်၁၄နှစ်အရွယ် ကလေးအပါအဝင် အသစ်ရောက်ရှိလာသည့် ဖမ်းဆီးခံရသူတိုင်းကို ရိုက်နှက်ခဲ့သည်။
မလှုပ်ရှားနိုင်စေရန် ပုံစံပြုလုပ်ထားသော သတ္တု သို့မဟုတ် သစ်သားထိုင်ခုံ၌ ဖမ်းဆီးထားသူများအား သံကြိုးဖြင့် တွဲချည်ထားခြင်း၊ မျက်နှာကျက်၌ တွဲလောင်းဆွဲထားခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လျှပ်စစ်ဓာတ်တို့ခြင်း၊ မျက်နှာအဝတ်အုပ်ကာ ရေလောင်းခြင်း စသည့် နည်းလမ်းများဖြင့် နှိပ်စက်ကြသည်။ အကျဉ်းသားများကို ရက်ပေါင်းများစွာမအိပ်ခိုင်းဘဲ အစာနှင့်ရေလည်းမပေးဟု ဆိုသည်။

သံသယရှိသူများသည် အကြမ်းဖက်မှုများဖြင့် စွပ်စွဲခံရသော်လည်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော အကျဉ်းသား ရာပေါင်းများစွာထဲက မည်သူမျှ ပြစ်မှုမကျူးလွန်ခဲ့ကြောင်းနှင့် ၎င်းတို့သည် သာမန်ပြည်သူများဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု ကျန်းက ပြောသည်။
ရဲဘက်ထိန်းသိမ်းရေးစခန်းရှိ နှိပ်စက်မှုများသည် ဖမ်းဆီးခံထားသူကဝန်ခံသည့်အခါမှသာ ရပ်တန့်သည်ဟု ကျန်းက ပြောသည်။ ထို့နောက် ထိန်းသိမ်းခံရသူများကို အများအားဖြင့် အကျဉ်းထောင် သို့မဟုတ် ထိန်းသိမ်းရေးစခန်းကဲ့သို့သော အခြားနေရာသို့ လွှဲပြောင်းပေးကြသည်။
တစ်နှစ်အတွင်းမှာပင် ဝီဂါနှင့် အခြားတိုင်းရင်းသားလူနည်းစု ၉၀၀၀၀၀ခန့် ဖမ်းဆီးခံရသညကို ရဲအရာရှိများသိထားကြသောအရာဖြစ်သည်ဟု ကျန်းက ဆိုသည်။

သူ့အနေဖြင့် စစ်ဆေးရန် ငြင်းဆိုပါက သူပါအဖမ်းခံရလိမ့်မည်ဟု ကျန်းက ဆိုသည်။
စိတ်ဒဏ်ရာဖြင့် နာကြည်းမှု ကိန်းအောင်းလာသူအချို့
ရဲဘက်ထိန်းသိမ်းရေးစခန်းများ၏ အဓိကရည်ရွယ်ချက်မှာ ထိန်းသိမ်းခံရသူများထံမှ ဝန်ခံချက်ထွက်လာ စေရန်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုသည် နည်းဗျူဟာများ အနက်တစ်ခုဖြစ်ကြောင်း ကျန်း ကပြောပြသည်။

ကျန်းသည် စစ်ကြောရေးအတွင်း၌ ရဲဆိုးအဖြစ် ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း သူ၏ လုပ်ဖော်ကိုင်ဖက်များကဲ့သို့ မဟုတ်ဘဲ အဆိုးရွားဆုံး အကြမ်းဖက်မှုကို ရှောင်ကြည်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“တချို့လူတွေက ဒါကို အလုပ်တစ်ခုလို မြင်ကြတယ်။ တချို့ကတော့ တကယ့်ကို စိတ်ဒဏ်ရာ ရရှိထားသူတွေပါပဲ” ဟု ကျန်းက ဆိုသည်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■■■တ႐ုတ္ကိုအရွက္ရေစတဲ့ တ႐ုတ္ေထာက္လွမ္းေရးေဟာင္းရဲ့ ဝီဂါအေရး ထုတ္ေဖာ္ဖြင့္ဟမႈ႔

ရွင္က်န္းေဒသ၌ ေနအိမ္မ်ားသို႔ စီးနင္းဝင္ေရာက္ျခင္းသည္ သန္းေကာင္ယံလြန္အခ်ိန္တြင္ စတင္ခဲ့သည္။
ရိုင္ဖယ္လက္နက္ကိုင္ေဆာင္ထားသည့္ ရာႏွင့္ခ်ီေသာရဲအရာရွိမ်ားသည္ တ႐ုတ္နိုင္ငံ အေနာက္ဖ်ားပိုင္း ရွန္က်န္းေဒသတြင္ ဝီဂါလူမ်ိဳးတို႔၏ ေနအိမ္မ်ားသို႔ တစ္အိမ္တက္ဆင္း ဝင္ေရာက္ ဖမ္းဆီးမႈမ်ားအတြင္း အိမ္ေပၚမွဆြဲခ်ျခင္း၊လက္ထိပ္ခတ္ျခင္းႏွင့္ေခါင္းအဝတ္စြပ္ျခင္း၊ခုခံပါကသစ္ပစ္မည္ဟုၿခိမ္းေျခာက္ျခင္းမ်ားလုပ္ေဆာင္ခဲ့ၾကသည္ဟု တ႐ုတ္ရဲေထာက္လွမ္းေရးေဟာင္းတစ္ဦးက CNN သို႔ေျပာသည္။

“သူတို႔ကိုညတြင္းခ်င္းအတင္းအက်ပ္ေခၚသြားခဲ့ၾကပါတယ္။ ဒီေဒသကေကာင္တီတစ္ခုမွာ လူရာေပါင္းမ်ားစြာ ရွိမယ္ဆိုရင္ အဲဒီလူရာေပါင္းမ်ားစြာကို ဖမ္းရပါတယ္” ဟု ၎ကဆိုသည္။
လၽွိဴ႕ဝွက္ခ်က္မ်ားကို ေဖာ္ထုတ္သည့္ ေထာက္လွမ္းေရးေဟာင္းက တ႐ုတ္ျပည္၌က်န္ေနေသာမိသားစုကို အႏၲရာယ္မျဖစ္ေစရန္၎အမည္အား က်ိယန္း ဟုသုံးႏႈန္းခဲ့သည္။

က်ိယန္းသည္ ယခုအခါ ဥေရာပ၌ ျပည္ေျပးအျဖစ္ေနထိုင္ေနၿပီး CNNႏွင့္ ၃နာရီၾကာအင္တာဗ်ဴးလုပ္ခဲ့သည္။ က်ိယန္းကေဒသတြင္း ထိန္းသိမ္းေရးစခန္းမ်ားတြင္ ဝီဂါလူမ်ိဳးစုမ်ားအား စနစ္တက်ႏွိပ္စက္ညႇင္းပန္းသည့္ လုပ္ရပ္မ်ားကို အေသးစိတ္ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
က်ိယန္းႏွင့္လုပ္ေဖာ္ကိုင္ဖက္မ်ားသည္ ထိန္းသိမ္းေရးစခန္းရွိအက်ဥ္းသားမ်ားအား ပြန္းပဲ့ဖူးေရာင္လာၿပီး ၾကမ္းျပင္ေပၚဒူးေထာက္ငိုသည္အထိ ကန္ျခင္းရိုက္ျခင္းမ်ားျပဳလုပ္ကာစစ္ေဆးေမးျမန္းေလ့ရွိခဲ့ၾကသည္။

က်ိယန္းသည္ ရွင္က်န္း၌တာဝန္က်စဥ္ စစ္ေၾကာေရးလုပ္ငန္းစဥ္အတြင္း အမ်ိဳးသား၊အမ်ိဳးသမီးမ်ားႏွင့္ အသက္၁၄ႏွစ္အရြယ္ ကေလးအပါအဝင္ အသစ္ေရာက္ရွိလာသည့္ ဖမ္းဆီးခံရသူတိုင္းကို ရိုက္ႏွက္ခဲ့သည္။
မလႈပ္ရွားနိုင္ေစရန္ ပုံစံျပဳလုပ္ထားေသာ သတၱဳ သို႔မဟုတ္ သစ္သားထိုင္ခုံ၌ ဖမ္းဆီးထားသူမ်ားအား သံႀကိဳးျဖင့္ တြဲခ်ည္ထားျခင္း၊ မ်က္ႏွာက်က္၌ တြဲေလာင္းဆြဲထားျခင္း၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ျခင္း၊ လၽွပ္စစ္ဓာတ္တို႔ျခင္း၊ မ်က္ႏွာအဝတ္အုပ္ကာ ေရေလာင္းျခင္း စသည့္ နည္းလမ္းမ်ားျဖင့္ ႏွိပ္စက္ၾကသည္။ အက်ဥ္းသားမ်ားကို ရက္ေပါင္းမ်ားစြာမအိပ္ခိုင္းဘဲ အစာႏွင့္ေရလည္းမေပးဟု ဆိုသည္။

သံသယရွိသူမ်ားသည္ အၾကမ္းဖက္မႈမ်ားျဖင့္ စြပ္စြဲခံရေသာ္လည္း ဖမ္းဆီးရာတြင္ ပါဝင္ခဲ့ေသာ အက်ဥ္းသား ရာေပါင္းမ်ားစြာထဲက မည္သူမၽွ ျပစ္မႈမက်ဴးလြန္ခဲ့ေၾကာင္းႏွင့္ ၎တို႔သည္ သာမန္ျပည္သူမ်ားျဖစ္ေၾကာင္း ထြက္ဆိုခဲ့ၾကသည္ဟု က်န္းက ေျပာသည္။
ရဲဘက္ထိန္းသိမ္းေရးစခန္းရွိ ႏွိပ္စက္မႈမ်ားသည္ ဖမ္းဆီးခံထားသူကဝန္ခံသည့္အခါမွသာ ရပ္တန႔္သည္ဟု က်န္းက ေျပာသည္။ ထို႔ေနာက္ ထိန္းသိမ္းခံရသူမ်ားကို အမ်ားအားျဖင့္ အက်ဥ္းေထာင္ သို႔မဟုတ္ ထိန္းသိမ္းေရးစခန္းကဲ့သို႔ေသာ အျခားေနရာသို႔ လႊဲေျပာင္းေပးၾကသည္။
တစ္ႏွစ္အတြင္းမွာပင္ ဝီဂါႏွင့္ အျခားတိုင္းရင္းသားလူနည္းစု ၉၀၀၀၀၀ခန႔္ ဖမ္းဆီးခံရသညကို ရဲအရာရွိမ်ားသိထားၾကေသာအရာျဖစ္သည္ဟု က်န္းက ဆိုသည္။

သူ႔အေနျဖင့္ စစ္ေဆးရန္ ျငင္းဆိုပါက သူပါအဖမ္းခံရလိမ့္မည္ဟု က်န္းက ဆိုသည္။
စိတ္ဒဏ္ရာျဖင့္ နာၾကည္းမႈ ကိန္းေအာင္းလာသူအခ်ိဳ႕
ရဲဘက္ထိန္းသိမ္းေရးစခန္းမ်ား၏ အဓိကရည္ရြယ္ခ်က္မွာ ထိန္းသိမ္းခံရသူမ်ားထံမွ ဝန္ခံခ်က္ထြက္လာ ေစရန္ျဖစ္ၿပီး လိင္ပိုင္းဆိုင္ရာညႇင္းပန္းႏွိပ္စက္မႈသည္ နည္းဗ်ဴဟာမ်ား အနက္တစ္ခုျဖစ္ေၾကာင္း က်န္း ကေျပာျပသည္။

က်န္းသည္ စစ္ေၾကာေရးအတြင္း၌ ရဲဆိုးအျဖစ္ ပါဝင္ခဲ့ေၾကာင္း ဝန္ခံခဲ့ေသာ္လည္း သူ၏ လုပ္ေဖာ္ကိုင္ဖက္မ်ားကဲ့သို႔ မဟုတ္ဘဲ အဆိုးရြားဆုံး အၾကမ္းဖက္မႈကို ေရွာင္ၾကည္ခဲ့သည္ဟု ေျပာၾကားခဲ့သည္။
“တခ်ိဳ႕လူေတြက ဒါကို အလုပ္တစ္ခုလို ျမင္ၾကတယ္။ တခ်ိဳ႕ကေတာ့ တကယ့္ကို စိတ္ဒဏ္ရာ ရရွိထားသူေတြပါပဲ” ဟု က်န္းက ဆိုသည္။

crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။