♦♦♦စစ်လေယာဉ် ၌တပ်ဆင်ရန် Lockheed Martin တီထွင်လိုက်တဲ့ လေဆာလက်နက်အသစ်♦♦♦

♦♦♦စစ်လေယာဉ် ၌တပ်ဆင်ရန် Lockheed Martin တီထွင်လိုက်တဲ့ လေဆာလက်နက်အသစ်♦♦♦

❌❌❌ Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

လေယာဉ်လေဆာ

အာကာသနှင့်ကာကွယ်ရေးကန်ထရိုက်တာ Lockheed Martin သည်အထူး ပစ္စည်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်၊

ကုမ္ပဏီသည် Airborne High Energy Laser (AHEL) ဟုအမည်ပေးထားသော လေဆာလက်နက်ကို Lockheed AC-130 ဖြစ်တဲ့ တာရှည်ခံ လက်နက်ကြီးတပ်ဆင်ထားသည့် လေယာဉ်ကို အစပျိုးရန် လေတပ်သို့ ပေးပို့ခဲ့ပါတယ်၊

Lockheed Martin Advanced Production Solutions ရဲ့ ဒုတိယဥက္ကဋ္ဌ Rick Cordaro က “ ယနေ့နည်းပညာဟာဆိုရင် ချပြဖို့အဆင်သင့်ဖြစ်နေပြီ” ဟု ပြောကြားခဲ့ပါတယ်၊

တောင်ပံလေယာဉ်တွေမှာ ပါဝင်တဲ့ လက်နက်ကြီးများကို လေယာဉ်တွင်မတပ်ဆင်ခင် AHELကို မြေပြင်တွေ ဦးစွာ စမ်းသပ်မှု ပြုလုပ်ရမည်ဖြစ်ပါတယ်၊

Defense Daily သတင်းစာ အရ လေယာဉ်စမ်းသပ်တဲ့အခါ 60 ကီလိုဝပ် ရှိတဲ့ HELIOS (High Energy Laser and Integrated Optical-dazzler and Surveillance)  လက်နက်အမျိုးအစားကို အစကနဦး အသုံးပြုမယ်ဆိုတာ မသေချာသေးပါဘူး၊သို့ပေမယ့် စီမံကိန်းရဲ့ အဆင့်ဆင့်ကိုတော့ 2022ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် စီမံထားပါတယ်လို့ သိရပါတယ်၊

နှောင့်နှေးမှု

အမေရိကန်ကြည်းတပ် ဟာ စက်သေနတ်ကဲ့သို့အငွေ့ပျံစေ‌ လောက်အောင် လျင်မြန်စွာပစ်ခတ်နိုင်သော အစွမ်းထက် လေဆာလက်နက်အသစ်တစ်ခုကိုတီထွင်နေကြောင်းကြေငြာပြီးနောက်မှာ သတင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်၊

၎င်းဟာ အမေရိကန်လေတပ်အရဲ့ လျှို့ဝှက်လက်နက်အသစ်တစ်ခုဖြစ်ပြီး လေယာဉ်များကိုအသံမပြုပဲ တိုက်ခိုက်နိုင်ပါတယ်၊ထိုလက်နက်သာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါက စစ်တပ်အတွက် ဗျူဟာမြောက်နည်းပညာရဲ့ အကျိုးကျေးဇူးအဖြစ် အသိအမှတ်ပြုလာနိုင်ပါတယ်၊ 

အမေရိကန်အထူးစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့သည် Lockheed Martin [LMT] AC-130J လေယာဉ်အား“ လေယာဉ်အမှုထမ်းများပိုမိုအဆင်ပြေစေရန်” နှင့် AI စက်သင်ယူမှုမှတဆင့်လေယာဉ်အမှုထမ်း အချိုးအစား ကိုလျှော့ချရန်လိုကြောင်း SOCOM မှ ဝန်ထမ်းဖြစ်သူ James Smith က ၃၀ ကြိမ်မြောက်နှစ်ပတ်လည်အထူးစစ်ဆင်ရေး ဖေဖော်ဝါရီ ၆ ရက်၊ အာလင်တန်၊ Low-Intensity Conflict (SO/LIC) ဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါတယ်၊

SOCOM အတွက် တာဝန်ရှိသည့် အစီအစဉ်အမှုဆောင်အရာရှိချုပ်လေတပ်ဗိုလ်မှူး Melissa Johnson က သူမရဲ့ ရည်ရွယ်ချက်မှာ အမှုထမ်းအင်အားနှင့်အလုပ်ချိန်ကိုလျှော့ချရန်ဖြစ်ပြီး သူဟာ AC-130J လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍  လြပ်သားနေရာမှာ စက်အင်အား အစားထိုးဖို့နဲ့ ထိုကိစ္စကို ဘယ်လို လုပ်ကိုင်ရမလဲဆိုတာ စဉ်းစားနေတယ်လို့ ပြောပါတယ်၊ 

“ကျွန်မတို့အခု လုပ်ရမှာက ဝန်ထမ်းတွေအပေါ် ထားတဲ့ ဖိအားကို လျှော့ချဖို့ပါပဲ”လို့ သူမက ဆိုပါတယ်၊ လေကြောင်းကာကွယ်ရေး နယ်ပယ်ထဲမှာ ရှိနေရင်တောင်မှ SOCOM ဟာ AC-130Jအမှုထမ်းများကို တိုက်ခိုက်ရေး မစ်ရှင်အပေါ်မှာသာ အာရုံစိုက်စေပြီး လေယာဉ်တွေကို ‌ရေရှည် ထိန်းသိမ်းထားရှိနိုင်ရေးအတွက်အလေးချိန်ကိုလျှော့ချဖို့ဆန္ဒရှိကြပါတယ်၊

SOCOM ဟာ 2022ခုနှစ်တွင် Airborne High Energy Laser (AHEL) လို့ခေါ်တဲ့ AC-130 လေယာဉ်မှ လေဆာကို အစိုင်အခဲ အခြေအနေဖြင့် စမ်းသပ်ချင်ပေမယ့် ရန်ပုံငွေဟာ မလောက်အငှဖြစ်နေခဲ့ပါတယ်၊

၂၀၁၆ ခုနှစ်တွင် လေတပ်သိပ္ပံအကြံပေးဘုတ်အဖွဲ့က AC-130 ပေါ်တွင်တပ်ဆင်ထားသောလေဆာကိုတိုက်အဆောက်အဦးများ၊ ဆဲလ်တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေးစက်များနှင့်ယာဉ်များကို တိုက်ခိုက်ရန်နှင့် ပုခုံးတင်ဒုံးကျည်များကို အဆင့်မြှင့်တင်ရာ‌တွင် အသုံးပြုနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်၊

Ref : The Byte

Trans : Evelyn