♦♦♦စစ်လေယာဉ်ကြီးများ နှင့် အတူတွဲဖက် ကြုံးနိုင်မည့်မောင်းသူမဲ့ တိုက်လေယာဉ်♦♦♦

♦♦♦စစ်လေယာဉ်ကြီးများ နှင့် အတူတွဲဖက် တိုက်ပွဲဝင်နိုင်မည့်မောင်းသူမဲ့ တိုက်လေယာဉ်♦♦♦

တေိုက်လယာဉ်မှူးများမောင်းနှင်သည့်စစ်လေယာဉ်ကြီးများနှင့်တန်းတူလိုက်ပါပျံသန်းနိုင်မည့်ဘိုးအင်းကုမ္ပဏီ၏မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကို2023ပြည့်နှစ်တွင်စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။

LoyalWingmanဟုအမည်ရသည့်ထိုမောင်းသူမဲ့လေယာဉ်သည်အရှည်၃၈ပေရှိပြီးရေမိုင်၂၀၀၀အထိပျံသန်းနိုင်စွမ်းရှိကာထောက်လှမ်းခြင်း၊ကင်းထောက်ခြင်းနှင့်စောင့်ကြည့်ခြင်းတို့ကိုလုပ်ဆောင်နိုင်စွမ်းရှိသောဆင်ဆာများလည်းတစ်ပါတည်းပါဝင်သည်။

ထို့ပြင်အီလက်ထရွန်နစ်စစ်ဆင်ရေးကိုလည်းဆင်နွှဲနိုင်မည်ဖြစ်သည်။အထူးသဖြင့်လူသားများပုံမှန်အတိုင်းမစွမ်းဆောင်နိုင်သောတာဝေးကင်းထောက်ခြင်းအတွက်သင့်လျော်မည်ဖြစ်သည်။

ထိုမျှပင်မကသေးဘဲအနာဂတ်တွင်ဒုံးကျည်များသို့မဟုတ်ဗုံးများချိတ်ဆွဲကာပစ်ခတ်နိုင်စွမ်းရှိသည့်တိုက်လေယာဉ်တစ်စင်းဖြစ်လာမည်ဖြစ်ကြောင်းဘိုးအင်းကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုမောင်းသူမဲ့လေယာဉ်ကိုဘိုးအင်းလေကြောင်းစွမ်းပကားပူးပေါင်းစနစ်ဟုအမည်ပေးထားသည့်မောင်းသူမဲ့စနစ်အသစ်တစ်မျိုးအပေါ်အခြေခံ၍ထုတ်လုပ်ထားခြင်းဖြစ်သည်။

ယင်းလေယာဉ်သည်သြစတြေးလျနိုင်ငံ၏လျှို့ဝှက်အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းထိုနိုင်ငံ၏ပထမဆုံးပြည်တွင်းဖြစ်တိုက်ခိုက်ရေးလေယာဉ်ထုတ်လုပ်မှုဖြစ်သည်။

အဆိုပါတိုက်လေယာဉ်အတွက်ရှေ့ပြေးပုံစံကိုထုတ်လုပ်နိုင်ရန်သြစတြေးလျအစိုးရကအမေရိကန်ဒေါ်လာ၂၈ဒသမ၇၅သန်းရင်းနှီးမြှုပ်နှံထားသည်။ထိုလေယာဉ်သည်သြစတြေးလျတော်ဝင်လေတပ်၌လက်ရှိအသုံးပြုနေသည့်

P-8APoseidonကဲ့သို့သောလေယာဉ်များနှင့်အတူပူးတွဲ၍အသုံးပြုနိုင်မည်ဖြစ်သည်။ကမ္ဘာမြေဆွဲအားကိုကြံ့ကြံ့ခံတွန်းလှန်နိုင်ပြီးများပြားလှသောအချက်အလက်များကိုပေါင်းစပ်စီစစ်နိုင်ကာတိကျသောသတင်းများကိုထုတ်ပေးနိုင်သည့်စွမ်းဆောင်ရည်အလွန်မြင့်သည့်

ကွန်ပျူတာများလည်းပါဝင်သောထိုမောင်းသူမဲ့တိုက်လေယာဉ်သည်သာမန်လူသားများမောင်းနှင်သည့်လေယာဉ်ထက်ပိုမိုဝေးကွာသောခရီးကိုသွားနိုင်စွမ်းရှိသည်။လေယာဉ်၏

တန်ဖိုးမှာသမားရိုးကျတိုက်လေယာဉ်တစ်စင်းတန်ဖိုး၏အစွန်းထွက်မျှသာကျသင့်မည်ဖြစ်သော်လည်းမည်မျှကျသင့်မည်ကိုဘိုးအင်းကုမ္ပဏီကအတိအကျထုတ်ပြန်ထားခြင်းမရှိပေ။

သို့သော်ဝယ်ယူသူရွေးချယ်သောမောင်းသူမဲ့လေယာဉ်တွင်ထည့်သွင်းပေးရမည့်အချက်အလက်များအပေါ်မူတည်၍ဈေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်းသိရသည်။

ထိုမောင်းသူမဲ့တိုက်လေယာဉ်လေးစင်းမှခြောက်စင်းသည်F/A-18E/FSuperHornetတိုက်လေယာဉ်တစ်စင်းနှင့်အတူယှဉ်တွဲ၍တိုက်ပွဲဝင်နိုင်သည်ဟုဘိုးအင်းကုမ္ပဏီမှညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့်ရှိန်းအာနော့ကပြောကြားခဲ့သည်။
Crd..MYANMAR CELE