♦♦အမေရိကားမှ အသက်အငယ်ဆုံး ဘီလျံနာ ၁၅ယောက်

♦♦♦အမေရိကားမှ အသက်အငယ်ဆုံး ဘီလျံနာ ၁၅ယောက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

❌❌❌ Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

အဆိုပါဖော်ပြချက်တွေထဲကမှ Facebook ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ဟာဆိုရင် အချမ်းသာဆုံး ဘီလျံနာဖြစ်ပါတယ်။

၁၅။Ben Silbermann, CEO of Pinterest

Age: 39, Net worth: $3.3 Billion , Industry(လုပ်ငန်း): Tech(နည်းပညာ)
Ben Silbermann ဟာ Pinterestရဲ့ CEO ဖြစ်ပြီး ၂၀၁၀မှာတည်ထောင်ခဲ့တဲ့ ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူတစ်ယောက်လဲ ဖြစ်ပါတယ်။ သူဟာ Iowa ပြည်နယ်သားတစ်ယောက်ဖြစ်ပြီးတော့ ၂၀၁၉ခုနှစ် ဧပြီလမှာ Pinterest ကိုတရားဝင်မိတ်ဆက် အသုံးပြုခွင့်ပေးလိုက်တဲ့အချိန်ကနေစပြီး သူ့ရဲ့အနာဂတ်ဟာ အကြီးအကျယ်ပြောင်းလဲ သွားတာပဲဖြစ်ပါတယ်။

၁၄။Lynsi Snyder,president of In-n-Out Burger

Age:39, Net worth: $4.2 Billion, Industry(လုပ်ငန်း): Food service(စားသောက်ကုန်ဝင်ဆောင်မှု)
In-n-Out Burger ရဲ့ဥက္ကဌဖြစ်သူ Lynsi Snyder ဟာဆိုရင် သူမအဖွားလက်ထက်ကတည်းက စတင်ခဲတဲ့ ဘာဂါလုပ်ငန်းကို တိုးချဲ့လိုက်တာပဲဖြစ်တယ် ၂၀၁၀ခုနှစ်ကတည်းက ဥက္ကဌရာထူးကို တာဝန်ယူထားပြီး Snyder ဟာအနောက်ပိုင်း ကမ်းခြေတစ်လျှောက် ခြေဆန့်လို့ရသမျှ လုပ်ငန်းတိုးချဲ့ထားတာ စားသောက်ဆိုင်ပေါင်း ၁၀၀ကျော်နဲ့ ကောင်တာပေါင်း မြောက်မြားစွာရှိပါတယ်။

၁၃။Ernest Garcia III,Carvana Founder

Age: 39, Net worth:$9.3 billion, Industry(လုပ်ငန်း): Automotive (ကားနဲ့သက်ဆိုင်သောဝင်ဆောင်မှု)
Ernest Garcia III ဟာဆိုရင် Carvana တည်ထောင်သူဖြစ်ပါတယ်။ Carvana ဟာပြည်ပကကားတွေကို ပြည်တွင်းကို ဝယ်ယူဖို့နဲ့ပတ်သက်ပြီး ဝင်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုပါ။ Garcia နှင့်အတူ သူ့ရဲဖခင်ဖြစ်သူပါ အဆိုပါကုပ္မဏီကြောင့် ဘီလျံနာတွေဖြစ်လာကြပါတယ်။ ကမ္ဘာပေါ်က ကားချစ်သူများရဲ့ ဝယ်လိုမှုတိုးတက်လာတာနှင့်အမျှ သူတို့ရဲ့အကျိုးအမြတ် တွေဟာ တရှိန်ထိုးတိုးတက်နေတာပဲဖြစ်ပါတယ်။

၁၂။R.J Scaringe, Rivian founder and CEO

Age: 38, Net worth:$3.4 billion, Industry(လုပ်ငန်း): Automotive (ကားနဲ့သက်ဆိုင်သောဝင်ဆောင်မှု)
အီလက်ထရောနစ်ကား ဈေးကွက်မှာ ထိပ်ဆုံးကနေရှိနေတာ Rivian ဖြစ်ပါတယ် Rivian ဟာ သူရဲ့Product လူသိများဖို့အတွက် မာကတ်တင်းတွေ အများကြီးလုပ်စရာမလို့ပါဘူး လို့ Founder နဲ့ CEO ဖြစ်သူ R.J Scaringe ကပြောလေ့ရှိပါတယ် အဲဒီကနေပြီး ဒေါ်လာ ၈၀ ဘီလျံလောက်ရှာဖွေလို့ရနေပါတယ်။

၁၁။Scott Duncan ,Heir to Oil fortune (ဆီလုပ်ငန်းရဲ့ အမွေဆက်ဆံသူ)

Age: 38, Net worth:$6.2 billion, Industry(လုပ်ငန်း): Oil (ဆီလုပ်ငန်း)
ချမ်းသာကြွယ်ဝလှတဲ့ Walton မိသားစုရဲ့ အမွေဆက်ခံသူဖြစ်တဲ့ Scott Duncan ဟာဆိုရင် မြောက်မြားလှစွာသော ချမ်းသာကြွယ်ဝမှုတွေနဲ့ ဥစ္စာပစ္စည်းတွေကို အမွေဆက်ခံရမှာဖြစ်ပါတယ်။ သူနဲ့သူ့မွေးချင်း၃ယောက်ဟာ သူတို့ရဲ့ဖခင်ဆီက အမွေတွေကို ပိုင်ဆိုင်ရမှာဖြစ်ပြီး Dan ဟာဆိုရင် ဓါတ်ငွေ့နဲ့ ဆီပိုက်လိုင်းကုမ္ပဏီဖြစ်တဲ့ Enterprise Products Partners ရဲ့တည်ထောင်သူလဲဖြစ်ပါတယ်။ အငယ်ဆုံးလေးဖြစ်တဲ့ Daucan တစ်ယောက်ကတော့ အဲဒီကုမ္ပဏီနဲ့ ပတ်သက်မှုမရှိပါဘူး။

၁၀။Nathan Blecharczyk, Airbnb cofounder

Age: 38, Net worth:$10 billion, Industry(လုပ်ငန်း): Tech, Hospitality
Brian Chesky , Joe Gebbia နဲ့ Nathan Blecharczyk တို့ဟာဆိုရင် Airbnb ကုမ္ပဏီလို့ခေါ်တဲ့ ဝန်ဆောင်မှုလုပ်ငန်း App ကိုအတူတကွ တည်ထောင်ထားကြတာဖြစ်ပါတယ်။ Nathan Blecharczyk ဟာ ကုမ္ပဏီရဲ့ နည်ဗျူဟာအရာရှိခေါင်းဆောင် အနေနဲ့လဲ တာဝန်ယူနေပြီး ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ကပ်ရောဂါတွေကြောင့် စီးပွားရေးကျဆင်းနေခြင်းကို ကူညီဦးဆောင် နေတာပဲဖြစ်ပါတယ်။

၉။Brian Armstrong , CEO of Coinbase

Age: 38, Net worth:$11.5 billion, Industry(လုပ်ငန်း): Tech, Finance (နည်းပညာ, ငွေကြေး)
Brian Armstrong ဟာဆိုရင် Coinbase ရဲ့ CEO ပဲဖြစ်ပါတယ်။ Coinbase ဆိုတာ US အခြေဆိုက် အကြီးမားဆုံး ငွေကြေးလဲလှယ်ဖောက်ကားမှု အဖွဲ့အစည်းတစ်ခုပါ ။ သူ့ရဲ့ကုမ္ပဏီကနေ အကျိုးအမြတ်တော်တော်များများကို ရရှိနေတာပါ။ နောက်ပြီးသူဟာ Coinbase ရဲ့ရှယ်ယာ ငါးပုံတစ်ပုံကိုပိုင်ဆိုင်ထားတာလဲဖြစ်ပါတယ်။ အရင်နှစ်ဧပြီက Coinbase ရဲ့တန်ကြေးဟာဆိုရင် ဒေါ်လာ ၁၀၀ဘီလျံအထိကိုပေါက်ကြေးရှိနေပါတယ်။

၈။Dustin Moskovitz, Facebook cofounder and CEO of Asana

Age: 37, Net worth:$24.1 billion, Industry(လုပ်ငန်း): Tech (နည်းပညာ)
Dustin Moskovitz ဟာဆိုရင် facebook တည်ထောင်သူတွေထဲက ပါဝင်သူတစ်ယောက်လဲဖြစ်ပါတယ် ရှယ်ယာ ၂ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်ဝန်ထမ်းတွေလဲရှိခဲ့ပါတယ်။ facebook ကထွက်ခဲ့တဲ့နောက်မှာတော့ Asana ကိုတည်ထောင်ခဲ့ပြီး ဆော့ဖ်ဝဲလ်တွေ ရေးဆွဲရောင်းချတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ် ယခုဆိုရင် သူဟာအဆိုပါကုမ္ပဏီရဲ့ ရှယ်ရာသုံးပုံးတစ်ပုံနီးပါး ကိုပိုင်ဆိုင်ထားပြီး facebook လိုရိုးရှင်းပြီးကြီးမားတဲ့အဖွဲ့အစည်းအတွက် သူ့ရဲ့ရှယ်ယာဟာ မပြောပလောက်ပေမယ့် နည်းပညာပိုင်းဆိုင်ရာအရည်အသွေးကတော့ တော်တော်လေးကို တန်ဖိုးရှိလှပါတယ်။

၇။Mark Zuckerberg, Facebook CEO and cofounder

Age: 37, Net worth:$134 billion, Industry(လုပ်ငန်း): Tech (နည်းပညာ)
Mark Zuckerberg ကတော့ဒီစာရင်းမှာ အငယ်ဆုံးဘီလျံနာမဟုတ်ပါဘူး ဒါပေမယ့် သူကဒီစာရင်းရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။သင်တို့ခန့်မှန်းထားတဲ့အတိုင်း Zuckerberg ဟာ facebook ရဲ့ပိုင်ဆိုင်သူဖြစ်လာတာကြောင့် ဘီလျံနာဖြစ်လာ တာပါ။ သူဟာ ဆိုရှယ်မီဒီယာ ကွန်ရက်ရဲ့ ၁၃ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားပါတယ်။

၆။Baiju Bhatt,Robinhood cofounder

Age: 37, Net worth:$2.9 billion, Industry(လုပ်ငန်း): Tech,Finance (နည်းပညာ,ငွေကြေးလုပ်ငန်း)
Baiju Bhattဟာဆိုရင် Robinhood ရဲ့ပူးပေါင်းတည်ထောင်သူတစ်ယောက်ပါ အဆိုပါကုမ္ပဏီက ၂၀၁၃ လောက်မှာ အဲဒီနာမည်နဲ့ပဲ စတော့အရောင်းအဝယ် app လုပ်ငန်းကိုလုပ်တာဖြစ်ပြီး ၈နှစ်ကြာပြီးတဲ့နောက်မှာတော့ Baiju Bhatt ဟာ မိုဘိုင်းစတော့အရောင်းအဝယ် လုပ်ငန်းအဖြစ်ကို မြင့်တင်လိုက်ပါတယ်။ဒီနှစ်နွေရာသီအစောပိုင်းမှာ တရားဝင်ချပြခဲ့ပြီး အဲဒါကြောင့် ဝေဖန်ရေးအဖွဲ့အစည်းကြား တော်တော်လေးဂရက်ရိုက်သွားပါသေးတယ်။

၅။Lukas Walton, Walmark fortune heir

Age: 35, Net worth:$17.2 billion, Industry(လုပ်ငန်း): Retail (လက်လီအရောင်းအဝယ်)
Lukas Walton ချမ်းသာလာရခြင်းအကြောင်းကတော့ အမွေမြောက်မြားစွာရရှိလို့ပဲဖြစ်ပါတယ် သူဟာ Walmarkတည်ထောင်သူ Sam Walton ရဲ့မြေးဖြစ်ပါတယ်။ သူကတော့မိသားစု လုပ်ငန်းကိုဦးစီးလုပ်ကိုင်မယ့်အစား ပရဟိတလုပ်ငန်းတွေမှာပဲ ပျော်မွေ့နေ သူတစ်ယောက်ပါ။

၄။Fred Ehrsam, Coinbase cofounder

Age: 33, Net worth:$3.5 billion, Industry(လုပ်ငန်း): Tech, Finance (နည်းပညာ, ငွေကြေး)
Coinbase ကိုတည်ထောင်အပြီးမှာတော့ ဒီဂျစ်တယ်ငွေကြေး လှဲလှယ်ခြင်းအတွက် အကြီးမားဆုံးငွေလှဲလှယ်ရာ နေရာကြီး ဖြစ်လာပါတယ်။ Ehrsam ဟာ ရင်းနှီးမြုပ်နှံရေး ကုမ္ပဏီဖြစ်တဲ့ Paradigm ကိုတည်ထောင်လိုက်ပါတယ်။ အဲဒီငွေကြေး မြုပ်နှံမှုတွေထဲ ပါဝင်တာတွေကတော့ Coinbase နဲ့ FTX ဖြစ်ပြီး ငွေကြေးလဲလှယ်ဖို့အများဆုံးအသုံးပြုကြတဲ့ ၂ခုပဲဖြစ်ပါတယ်။

၃။Bobby Murphy, Snap CTO

Age: 33, Net worth:$15.2 billion, Industry(လုပ်ငန်း): Tech (နည်းပညာ)
Bobby Murphy ဟာဆိုရင် Snap ကုမ္ပဏီရဲ့ နည်းပညာအကြီးအကဲ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာအဆိုပါ ဆိုရှယ်မီဒီယာ ကုမ္ပဏီကိုပူးပေါင်းတည်ထောင်ပြီး ရှယ်ယာပိုင်ဆိုင်သူလဲဖြစ်တာကြောင့် တစ်စတစ်စ ကြွယ်ဝချမ်းသာလာ တာဖြစ်ပါတယ်။ အခုဆိုရင် ကုမ္ပဏီလည်ပတ်ဖို့အတွက်လဲ သူကိုယ်တိုင်ဦးဆောင်နေတာပါ Snap ရဲ့ရှယ်ယာဈေးကွက်ဟာ ဆိုရင် ၂၀၁၇မှာ ပထမဆုံးတရားဝင်ချပြပြီးကတည်းက တစ်စနဲ့တစ်စဈေးအမြောက်အမြားတက်လာတာပဲ ဖြစ်ပါတယ်။

၂။Evan Spiegel, Snap CEO

Age: 31, Net worth:$13.8 billion, Industry(လုပ်ငန်း): Tech (နည်းပညာ)
Bobby Murphy နဲ့အတူတူပါပဲ Snap ရဲ့ CEO ဖြစ်တဲ့ Evan Spiegel ဟာဆိုရင် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Snapchat ကိုပူးပေါင်းတည်ထောင်ပြီး ရှယ်ယာပိုင်ဆိုင်မှုတွေကြောင့် ချမ်းသာလာတာပဲဖြစ်ပါတယ်။ Zuckerberg လိုမျိုးပဲ သူဟာ သူတည်ထောင်ထားတဲ့ ဆိုရှယ်မီဒီယာဝန်ဆောင်မှုတွေ လစ်ဟင်းမှုမဖြစ်အောင် ထိန်းချုပ်ထားလေ့ရှိပါတယ်။

၁။Sam Bankman-Fried, cryptoentrepreneur

Age: 29, Net worth:$22.5 billion, Industry(လုပ်ငန်း): Tech, Finance (နည်းပညာ, ငွေကြေး)
အသက်၂၉နှစ်သာရှိသေးတဲ့ Sam Bankman-Fried ဟာဆိုရင် ကမ္ဘာပေါ်ကဘီလျံနာတွေထဲက အသက်အငယ်ဆုံး ဘီလျံနာဖြစ်ပါတယ်။ သူကဒီအများကအသိအမှတ်ပြုမှုကို FTX ကိုတည်ထောင်ပြီး ငွေအမြောက်အမြားရှာဖွေနိုင်ခြင်းကြောင့် ရရှိလာတာပါ ဒီဂျစ်တယ်ငွေကြေးလဲလှယ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ FTX ဆိုရင် Coinbase နဲ့အပြိုင်ဖြစ်ပါတယ်။

Source: Business Insider
Translator:ACP(BlueTomato)