♦လူတွေသတ်ခဲ့လို့ထောင်ထဲဝင်မယ်လိူ့ ဖိလစ်ပိုင် သမ္မတဒူတာတေးပြောကြား

မူးယစ်ဆးဝါးနှိမ်နင်းမှုကြောင့် လူတွေပစ်ခဲ့လို့ထောင်ထဲဝင်ရမယ်ဆို အဲဒီလူက ကျွန်တော်ပါပဲ အပြည့်အဝ တာဝန်ယူပါတယ်လို့ သမ္မတဒူတာတေးပြောကြား

မူးယစ်ဆးဝါးနှိမ်နင်းမှု စစ်ဆင်ရေးနဲ့ပတ်သက်ပြီး အပြည့်အဝတာဝန်ယူမယ်ဆိုတဲ့ အကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့တုန်းက ပြောကြားလိုက်ပါတယ်။

အဲ့ဒီ မူးယစ် ဆဝါးနှိမ်နင်းမှု စစ်ပွဲမှာ လူထောင်နဲ့ချီကို သ စေခဲ့ပါတယ်။“ အဲ့ဒီမှာ တစ်စုံတစ်ယောက်က ထောင်ကိုသွားဖို့ ရှိတယ်ဆိုရင် အဲ့ဒီလူက

ကျွန်တော်ပါပဲ” လို့ အစိုးရရဲ့မကောင်းမှုတန်

ပြန်နှိမ်နင်းရေး အဖွဲ့ကပြုလုပ်တဲ့ ပွဲအခမ်းအနားတွင်း သမ္မတ ဒူတာတေးက သူ့ရဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “ ကျွန်တော် အပြည့်အဝ တာဝန်ယူပါတယ်” လို့ ထပ်လောင်းဆိုပါတယ်။

နိုင်ငံထဲက မူးယစ် ဆဝါးသုံးစွဲနေတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က နှိမ်နင်းစဉ်အတွင်း ဒါဇင်နဲ့ ချီ သကြေညာခဲ့မှုနဲ့ပတ်သက်ပြီးတော့ ပထမတစ်သုတ်အနေနဲ့ ဖြစ်စဉ်အကြောင်းအရာ အသေးစိတ်ကို ထုတ်ပြန်ပြီးတဲ့နောက်

တရားရေးဝန်ကြီးဌာနက ငါးနှစ်တာ လှုပ်ရှားမှုမှာ လူထောင်နဲ့ချီ သေခဲ့ရတယ်ဆိုတဲ့ အကြောင်း ပြန်လည်ပြောကြားခဲ့ပြီးတဲ့ နောက် တစ်ရက်မှာပဲ ဒူတာတေးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုလို့ ယူဆပြီး စနစ်တကျ ရှင်းလင်းမှုအပေါ် ကုလသမဂ္ဂနိုင်ငံတွေကနေ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ဖို့ ဖိလစ်ပိုင်နိုင်ငံအပေါ် ဖိအားပေးခြင်းတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးတော်ကနေလည်း မကြာသေးမီတုန်းက ကြေညာချက်ထဲ ဒူတာတေးရဲ့ မူးယစ်

ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ စုံစမ်းစစ်ဆေးဖို့ သင့်တယ်လို့ ဆိုပါတယ်။

ဒူတာတေးအစိုးရလက်ထက် မူးယစ်ဆဝါးနှိမ်နင်းမှု စစ်ဆင်ရေးမှာ လူပေါင်း ၆၀၀၀ ကျော်

ဆုံးခဲ့ပြီး ဆေးသုံးစွဲသူ လူပေါင်းထောင်နဲ့ချီနဲ့ရောင်းချသူ အများပြားတို့ဟာ

လျို့ဝှက်ဆန်းကြယ်တဲ့ သေနတ်သမားတွေရဲ့ ပစ်ခတ်ခြင်းကြောင့်

ဆုံးခဲ့ရတယ်လို့ ဆန့်ကျင်ဆန္ဒပြသူတွေက ဆိုပါတယ်။ အဆိုပါ လူပေါင်းများ စွာကြေမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲချက်တွေအပေါ် ရဲတပ်ဖွဲ့ကတော့ ငြင်းဆိုထားပါတယ်။

Crd..International