◾️◾️◾️အမေရိကန်နဲ့တောင်ကိုရီးယားကိုကြောင်သူတော်ကြွက်သူခိုးအဖြစ် မြောက်ကိုရီးယားခေါင်းဆောင်ကအပြစ်တင်

တင်းမာမှုတွေအတွက် အမေရိကန်ကို မြောက်ကိုရီးယား ခေါင်းဆောင် အပြစ်တင်
13-Oct-2021

ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေအတွက် အမေရိကန်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်က အပြစ်တင်ပြီး တောင်ကိုရီးယားကိုလည်း သီလကြောင်အဖြစ် စွပ်စွဲပြောဆိုခဲ့တာကို နိုင်ငံပိုင်မီဒီယာကနေ အင်္ဂါနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားရဲ့ လက်နက်တွေကို ခင်းကျင်းပြသပွဲကို တက်ရောက်ဖွင့်လှစ်ချိန်မှာ ကင်ဂျုံးအွန်က ပြောလာတာပဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ‘လွဲမှား စီရင်ဆုံးဖြတ်မှုနဲ့ လုပ်ရပ်မှားတွေ’ ကြောင့် ဖြစ်ရတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်နိုင်မှာ မဟုတ်ဘူးလို့ “၂၀၂၁ ကိုယ်ကိုကို ကာကွယ်ခြင်း” စစ်လက်နက်ပြပွဲမှာ ကင်ဂျုံးအွန်က မိန့်ခွန်းပြောဆိုကြောင့် KCNA သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွေကြောင့် ဘက်ပေါင်းစုံ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံနေရတာဖြစ်ပြီး ကင်ဂျုံးအွန်လက်ထက်မှာ လက်နက်စီမံကိန်းတွေဟာ ရုတ်ခြည်းတိုးတက်လာခဲ့ပါတယ်။

၂၀၁၇ အတွင်းက မြောက်ကိုရီယားဟာ အမေရိကန်နိုင်ငံအထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့သလို လက်ရှိအထိ နိုင်ငံရဲ့ အားအပြင်းဆုံး နျူကလီးယား ဖောက်ခွဲမှုတွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ဖို့ ကိုယ်တိုင်ကာကွယ်ရေးအတွက် ဒီ လက်နက်တိုက်တွေ လိုအပ်တယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား အင်အားနိုင်ငံတစ်နိုင်ငံအဖြစ်တဲ့ ပုံမှန်ရပ်တည်နိုင်ရေး ကြိုးစားနေတာဖြစ်တယ်လို့ သုတေသီတွေက ပြောကြပါတယ်။

မြောက်ကိုရီးယားကို ရန်လိုစိတ် မရှိဘူးလို့ ဂျိုးဘိုင်ဒင် အစိုးရက အထပ်ထပ် ပြောဆိုထားပေမယ့် ကင်ဂျုံးအွန်ကတော့ “အမေရိကန်ရဲ့ အပြုအမူတွေဟာ ကျွန်တော်တို့က သူတို့ကို ဘာကြောင့် ယုံကြည်ရမှာလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းရင်းခံကို မပြနိုင်ပါဘူး”ဆိုပြီး ပြောပါတယ်။

“လူပုဂ္ဂိုလ် တစ်ယောက်ယောက် နိုင်ငံတစ်နိုင်ငံက ဒီ အပြောတွေကို ယုံကြည်နေတယ်ဆိုရင် ကျွန်တော် အံ့ဩမိမှာပဲ၊ ဒီလို ယုံကြည်နေပါတယ်ဆိုရင် သူတို့က ဘယ်သူတွေများလဲဆိုတာ ကျွန်တော်တော့ စူးစမ်းရမှာပဲ”လို့ ကင်ဂျုံးအွန်က ပြောကြောင်း KCNA သတင်းက ဖော်ပြပါတယ်။

ဒါပေမဲ့ ကင်ဂျုံးအွန်ဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေဟာ ကိုယ်ပိုင်ကာကွယ်ရေးအတွက်ပဲ ဖြစ်ပြီး ဘယ်နိုင်ငံကိုမျှ မရည်ရွယ်ဘူးလို့ အလေးအနက်ထား ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ညပိုင်းစစ်ရေးပြပွဲမှာ ထုတ်ပြဖူးတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ICBM ရဲ့ ရှေ့က ပြပွဲမှာ ကင်ဂျုံးအွန်ကို ကြည့်ရှုစစ်ဆေးနေတာကို နိုင်ငံပိုင်သတင်းကနေ ထုတ်လွှင့်ခဲ့ပါတယ်။

ဒါအပြင် ပြပွဲခန်းမအတွင်း စစ်ယူနီဖောင်းနဲ့ ကင်ဂျုံးအွန်ရဲ့ ဓာတ်ပုံကြီးကိုလည်း ဖော်ပြခဲ့သလို ကင်ဂျုံးအွန်ဟာ အကြီးတန်း အရာရှိတွေ၊ တာဝန်ရှိသူတွေနဲ့ ထိုင်ရင်း စီးကရက်သောက်နေပုံတွေကိုပါ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

ကင်ဂျုံးအွန် အခု မိန့်ခွန်း မပြောခင် သီတင်းပတ်တွေအလိုမှာ မြောက်ကိုရီးယားဟာ တာဝေးပစ် ခရုစ်ဒုံးကျည်တွေ၊ ယာဉ်တင်ပစ်လွှတ်ဒုံးကျည်နဲ့ အသံထက်မြန် ဒုံးကျည်ကိုပါ စမ်းသပ်ပစ်လွှတ်ထားခဲ့တာ ဖြစ်ပါတယ်။

By AFP 13 October 2021

Crd