◾️◾️◾️မြန်မာ့ရေပိုင်နက်အနီးဘင်ဂလားပင်လယ်အော်မှာ Quad စစ်ရေးလေ့ကျင့်မှု စတင်

◾️◾️◾️မြန်မာ့ရေပိုင်နက်အနီးဘင်ဂလားပင်လယ်အော်မှာ Quad စစ်ရေးလေ့ကျင့်မှု စတင်

၁၃ အောက်တိုဘာ ၂၀၂၁

Malabar 21 လို့အမည်ပေးထားတဲ့ အမေရိကန် ဂျပန် ဩစတေးလျနဲ့ အိန္ဒိယ the Quad (၄) နိုင်ငံအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ဘင်ဂလားပင်လယ်အော်မှာ ဒီကနေ့ စတင်ပြုလုပ်နေပါတယ်။

ပထမအဆင့်လေ့ကျင့်မှုကို ဩဂုတ်လ အတွင်းက ဖိလစိပိုင်ပင်လယ်မှာ ပြုလုပ်ခဲ့အပြီး အခု ဒုတိယအဆင့်စစ်ရေးလေ့ကျင့်မှုကို ဘင်ဂလားပင်လယ်အော်မှာ ပြုလုပ်တာပါ။

အခု စစ်ရေးလေ့ကျင့်မှုကို အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson က ဦးဆောင်ပြီး ကျန်အဖွဲ့ဝင် ၃ နိုင်ငံက ရေတပ်စစ်သင်္ဘောတွေပါဝင်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ရေငုပ်သင်္ဘောတွေပါ ပါဝင်လေ့ကျင့်မယ်လို့ အမေရိကန်နဲ့ အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

Burma News Network

Crd