■Squid Game ကို အခြေခံကာ The Crying Game ကို app ဖန်တီးပြီး ဘဏ်အကောင့်တွေကို ဖောက်ထွင်းနေတဲ့ ဟက်ကာများ

■Squid Game ကို အခြေခံကာ The Crying Game ကို app ဖန်တီးပြီး ဘဏ်အကောင့်တွေကို ဖောက်ထွင်းနေတဲ့ ဟက်ကာများ

The Crying Game ရဲ့ လူကြိုက်များမှုပေါ်မှာ အခွင့်ကောင်းယူကာ ဟက်ကာတွေဟာ Netflix က ဖြန့်ချိခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ Squid Game ကို နမူနာယူပြီး Google Play Store မှာ apps တွေ အများအပြားကို အတုဖန်တီးခဲ့ပါတယ်။

အဆိုပါ အပလီကေးရှင်းတွေက အန်းဒရွိုက်ဖုန်းတွေမှာ Joker ဆိုတဲ့ ဗိုင်းရပ်စ်ကို ဖြစ်ပေါ်စေပြီး သုံးစွဲသူတွေရဲ့ ဘဏ်အကောင့်တွေကို ဖောက်ထွင်းနေကြတယ်လို့ သိရပါတယ်။ The Crying Game ကလည်း Netflix ရဲ့ လူကြည့်အများဆုံးစီးရီးတစ်ခုအဖြစ် မှတ်တမ်းဝင်ထားတာဖြစ်ပေမယ့်

တရားဝင်ဂိမ်း ဒါမှမဟုတ် အက်ပလီကေးရှင်းအဖြစ် မရှိပါဘူး။ ဒါပေမယ့်လည်း ကွန်ပျူတာလုံခြုံရေးကုမ္ပဏီ ESET ရဲ့ malware ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ကျွမ်းကျင်သူ Lukas Stefanko က သူ့ရဲ့တွစ်တာမှာ ဖော်ပြခဲ့ရာမှာတော့ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကိုရီးယားစီးရီးဇာတ်လမ်းနဲ့ပတ်သက်တဲ့ အပလီကေးရှင်း ၂၀၀ ကျော်အထိ မှတ်ပုံတင်ခဲ့ကြောင်း ဆိုပါတယ်။

သူ့ရဲ့ပြောဆိုချက်အရ အဆိုပါအပလီကေးရှင်းတွေထဲက တစ်ခုဟာ Squid Game ရဲ့ နောက်ခံပုံတွေပါဝင်နေပေမယ့် လက်တွေ့မှာတော့ အန္တရာယ်များတဲ့ Joker malware ပါရှိနေတယ်လို့ သိရပါတယ်။ ဟက်ကာတွေဟာ မိုဘိုင်းစီးရီးနဲ့ ရုပ်ရှင်တွေအတွက် နောက်ခံပုံတွေ ဖန်တီးတဲ့ ကုမ္ပဏီတစ်ခုရဲ့ နာမည်ကိုတောင် သုံးစွဲခဲ့ပြီး အသုံးပြုသူတွေက ယုံကြည်ခဲ့ကြကာ

တရားဝင်အပလီကေးရှင်းလို့ ယူဆပြီး ဒေါင်းလုဒ်ဆွဲယူခဲ့ကြပါတယ်။ဒီအပလီကေးရှင်းဟာ အန္တရာယ်ရှိတာကြောင့် Google Play Store က ဖော်ထုတ်ပြီး ဖယ်ရှားခဲ့ပေမယ့် အသုံးပြုတွေကတော့ တရားဝင်မဟုတ်တဲ့ Channel တွေကနေ ဒေါင်းလုဒ်ဆွဲနိုင်သေးတယ်လို့ ဆိုပါတယ်။ Joker ဗိုင်းရပ်စ်ကတော့ ၂၀၁၇ မှာ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး ရိုးရှင်းပေမယ့်

အန္တရာယ်ရှိတဲ့လုပ်ဆောင်ချက်တွေကို လုပ်နိုင်စွမ်းရှိနေတာဖြစ်ပါတယ်။Bread လို့ လူသိများတဲ့ malware မိသားစုမှာပါဝင်တဲ့ Trojan ဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်ပြီး ဆဲလ်ဖုန်းဘေလ်တွေကို hack ဖို့နဲ့ အသုံးပြုသူရဲ့ ခွင့်ပြုချက်မပါဘဲ ဒါမှမဟုတ် အသိပညာမပါဘဲ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။

ဖုန်းအတွင်းထည့်သွင်းပြီးတာနဲ့ Joker က စာသားမက်ဆေ့၊ Contacts တွေနဲ့ အခြားအချက်တွေကို ဝင်ရော က်ကြည့်ရှုနိုင်ပြီး အဆိုးဝါးဆုံးအချက်ကတော့ ပိုင်ရှင်မသိရှိဘဲ အခကြေးငွေပေးချေတာတွေ၊ ငွေကြေးကိစ္စတွေကို ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။Joker စတင်ထွက်ပေါ်ကတည်းက Google Play Store ရဲ့ ကာ ကွယ်ရေးစနစ်ဟာ သုံးစွဲသူတွေ ဒေါင်းလုဒ်မလုပ်ခင်

app ပေါင်း ၁၇၀၀ ကျော်ကို ဖယ်ရှားခဲ့ရပါတယ်။ ၂၀၂၀ စက်တင်ဘာလအတွင်း အန်းဒရွိုက်အပလီကေးရှင်း၂၄ ခုမှာ Joker Virus ကို တွေ့ခဲ့ရပြီး ဒေါင်းလုဒ်ဆွဲထားမှုပေါင်း ၅ သောင်းကျော်ရှိခဲ့ကာ ပြန်ဖယ်ရှားခဲ့ရပြီး ဟက်ကာတွေဟာ suscription တစ်ခုအတွက် ၇ ဒေါ်လာအထိ ခိုးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi










crd