■Facebook ကုမ္ပဏီ Meta အမည်ပြောင်း

■Facebook ကုမ္ပဏီ Meta အမည်ပြောင်း

ဖေဘုတ်အနေနဲ့ သူ့ရဲ့အမည်ကို Meta လို့အမည်ပြောင်းလဲမှည့်ခေါ်လိုက်တာဟာ အနာဂတ်မှာ အွန်လိုင်းကနေတွေ့မြင်ရတာတွေကို တကယ့်အစစ်အမှန်တွေလိုမြင်တွေ့ရအောင် ဖန်တီးဖို့ အတွက်ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ CEO အကြီးအကဲ ဇူကာဘတ်က ပြောဆိုလိုက်ပါတယ်။

Facebook အနေနဲ့ သူ့ရဲ့စာမျက်နှာပေါ်ကဖေါ်ပြချက်တွေဟာ ကမ္ဘာအနှံပြည်သူတွေနဲ့ လူအဖွဲ့အစည်း တွေအတွက် ထိခိုက်မှုတွေရှိနေတာကို လစ်လျူရှုခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေထွက်ပေါ်နေချိန်မှာ ကုမ္ပဏီရဲ့အမည်ကို အခုလို Metaverse လို့အမည်ပြောင်းလိုက်တာပါ။

Facebook ကြောင့် အသုံးပြုသူတွေ ထိခိုက်နစ်နာမှုတွေရှိ နေတာကို ကုမ္ပဏီအတွင်း သတိပေးမှုတွေကို လစ်လျှရှုခဲ့တယ်ဆိုပြီးပြီးခဲ့တဲ့ လပိုင်းက ကုမ္ပဏီဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Frances Haugen က အထောက်အထားတွေကို ဖွင့်ချခဲ့ပါတယ်။

ဇူကာဘတ်ကတော့ Metaverse ဟာ ပိုမိုအဆင့်မြင့်ကောင်းမွန်ပြီး ရုပ်ပုံတွေကို အစစ်အမှန်တွေလိုမြင်တွေ့ရမယ့် 3D နည်းပညာ တွေနဲ့ဖေါ်ဆောင်မှာဖြစ်ပြီး အွန်လိုင်းကတွေမြင်နိုင်တဲ့ပတ်ဝန်းကျင်တခုကို ဖန်တီးပြမှာဖြစ်တယ်လို့ဆိုပါတယ်။ ရုပ်ပုံတွေကို ဖန်သားပြင်ပေါ်မှာ ကြည့်နေရတာမျိုး မဟုတ်ဘဲ၊ အဲဒီ အထဲကို သင်ကိုယ်တိုင်ဝင်ရောက်သွားသလိုမျိုးတွေ့မြင်ရမယ်လို့ပြောဆိုထားပါတယ်။

အခုလို Facebook ကို Metaverse လို့အမည်ပြောင်းတာဟာ ဟိုအရင် ပင်လယ်ပြင်ထဲမှာ ပေါက်ကွဲမီးလောင်ခဲ့တဲ့ ဗြိတိသျှရေနံကုမ္ပဏီ BP ကိုဝေဖန်မှုတွေကနေလွတ်အောင် Beyound Petroleum လို့အမည်ပြောင်းတာနဲ့ဆင်တူတယ်လို့ ဈေးကွက်ကျွမ်းကျင်သူအကြံပေး Laura Ries ကဝေဖန်လိုက်ပါတယ်။

VOA

zawgyi

■Facebook ကုမၸဏီ Meta အမည္ေျပာင္း

ေဖဘုတ္အေနနဲ႔ သူ႔ရဲ့အမည္ကို Meta လို႔အမည္ေျပာင္းလဲမွည့္ေခၚလိုက္တာဟာ အနာဂတ္မွာ အြန္လိုင္းကေနေတြ႕ျမင္ရတာေတြကို တကယ့္အစစ္အမွန္ေတြလိုျမင္ေတြ႕ရေအာင္ ဖန္တီးဖို႔ အတြက္ျဖစ္တယ္လို႔ ကုမၸဏီရဲ့ CEO အႀကီးအကဲ ဇူကာဘတ္က ေျပာဆိုလိုက္ပါတယ္။

Facebook အေနနဲ႔ သူ႔ရဲ့စာမ်က္ႏွာေပၚကေဖၚျပခ်က္ေတြဟာ ကမၻာအႏွံျပည္သူေတြနဲ႔ လူအဖြဲ႕အစည္း ေတြအတြက္ ထိခိုက္မႈေတြရွိေနတာကို လစ္လ်ဴရႈခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြထြက္ေပၚေနခ်ိန္မွာ ကုမၸဏီရဲ့အမည္ကို အခုလို Metaverse လို႔အမည္ေျပာင္းလိုက္တာပါ။

Facebook ေၾကာင့္ အသုံးျပဳသူေတြ ထိခိုက္နစ္နာမႈေတြရွိ ေနတာကို ကုမၸဏီအတြင္း သတိေပးမႈေတြကို လစ္လၽွရႈခဲ့တယ္ဆိုၿပီးၿပီးခဲ့တဲ့ လပိုင္းက ကုမၸဏီဝန္ထမ္းေဟာင္းတဦးျဖစ္တဲ့ Frances Haugen က အေထာက္အထားေတြကို ဖြင့္ခ်ခဲ့ပါတယ္။

ဇူကာဘတ္ကေတာ့ Metaverse ဟာ ပိုမိုအဆင့္ျမင့္ေကာင္းမြန္ၿပီး ႐ုပ္ပုံေတြကို အစစ္အမွန္ေတြလိုျမင္ေတြ႕ရမယ့္ 3D နည္းပညာ ေတြနဲ႔ေဖၚေဆာင္မွာျဖစ္ၿပီး အြန္လိုင္းကေတြျမင္နိုင္တဲ့ပတ္ဝန္းက်င္တခုကို ဖန္တီးျပမွာျဖစ္တယ္လို႔ဆိုပါတယ္။ ႐ုပ္ပုံေတြကို ဖန္သားျပင္ေပၚမွာ ၾကည့္ေနရတာမ်ိဳး မဟုတ္ဘဲ၊ အဲဒီ အထဲကို သင္ကိုယ္တိုင္ဝင္ေရာက္သြားသလိုမ်ိဳးေတြ႕ျမင္ရမယ္လို႔ေျပာဆိုထားပါတယ္။

အခုလို Facebook ကို Metaverse လို႔အမည္ေျပာင္းတာဟာ ဟိုအရင္ ပင္လယ္ျပင္ထဲမွာ ေပါက္ကြဲမီးေလာင္ခဲ့တဲ့ ၿဗိတိသၽွေရနံကုမၸဏီ BP ကိုေဝဖန္မႈေတြကေနလြတ္ေအာင္ Beyound Petroleum လို႔အမည္ေျပာင္းတာနဲ႔ဆင္တူတယ္လို႔ ေဈးကြက္ကၽြမ္းက်င္သူအႀကံေပး Laura Ries ကေဝဖန္လိုက္ပါတယ္။

VOA