■■Dispatch က Kim Seon Ho နဲ့ ရည်းစားဟောင်း CYA ကိစ္စကို သက်သေတွေနဲ့ ဖော်ထုတ်လာ

■■Dispatch က Kim Seon Ho နဲ့ ရည်းစားဟောင်း CYA ကိစ္စကို သက်သေတွေနဲ့ ဖော်ထုတ်လာ

ရည်းစားဟောင်း စွပ်စွဲခဲ့သလို ဖိအားပေး ကိုယ်ဝန် () ချခိုင်းတယ်ဆိုတာတွေ၊ လက်ထပ်မယ်လို့ ကတိပေးပြီး ပစ်သွားတယ်ဆိုတာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အပုပ်ချ‌တယ်ဆိုတာတွေဟာ တကယ့်အဖြစ်မှန်မဟုတ်ခဲ့ပါဘူး ..
Dispatch က Kim Seon Ho နဲ့ ရည်းစားဟောင်း CYA ကိစ္စကို သက်သေတွေနဲ့ ဖော်ထုတ်လာပါတယ် ..

Dispatch စာအရ ..
A နဲ့ 2019 နှစ်ကုန်လောက်မှာ ပထမဆုံးတွေ့ခဲ့ပြီး 2020 March လလောက်မှာ စတွဲခဲ့တာပါ၊
A က သူလက်ထပ်ဖူးတယ်လို့ပြောခဲ့တာတောင် Seon Ho က နားလည်ပေးပြီး နှစ်ယောက်တွဲဖြစ်ခဲ့တယ်
2020 July လလောက်မှာတော့ Kim Seon Ho နဲ့ လမ်းခွဲခဲ့တယ်

အကြောင်းကတော့ တွဲနေရက်နဲ့ တခြားယောက်ျားတွေနဲ့ ကလပ်တက်တာတွေ .. တခြားယောက်ျားတွေနဲ့ တွေ့နေတာကိုလည်း Seon Ho ကိုယ်တိုင်မိခဲ့တယ်၊ အကြိမ်ပေါင်းများစွာ Seon Ho ကို Cheat လုပ်ခဲ့တယ် .. ဒါတွေကြောင့် Seon Ho ဘက်က လမ်းခွဲခဲ့ပေမယ့် A က နောက်မလုပ်တော့ကြောင်း ပြန်တောင်းပန်တာကြောင့် ပြန်တွဲဖြစ်ခဲ့ကြတယ်

2020 July လအကုန်မှာ A က Seon ho ကို ကိုယ်ဝန်ရှိတယ်ပြောခဲ့တယ်၊ စစချင်းမှာ ဝမ်းသာကြပေမယ့် ကလေးယူဖို့မဖြစ်နိုင်သေးတာကြောင့် နှစ်ဦးသဘောတူ ကိုယ်ဝန် () ချခဲ့တယ်၊ အဲ့နောက်ပိုင်းမှာ Seon Ho က ပိုချစ်ပေးပြီး သူမကို မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်
A ကို ထမင်းဟင်းတွေ ကိုယ်တိုင်ချက်ကျွေးခဲ့သလို သောက်ရမယ့် အားဆေးကအစ စီစဉ်ပေးခဲ့တယ် .. A အထီးကျန်မှာစိုးလို့ ခွေးလေးတစ်ကောင် လက်ဆောင်ပေးခဲ့တယ် ..

2020 Sept, Oct တွေထိ Seon Ho က A ကို သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးခဲ့ပြီး Dog cafe တွေ တူတူသွားခဲ့ကြတယ်
2020 October မှာ Start Up drama စလွှင့်ခဲ့ပြီး အဲ့အချိန်ကစ Seon Ho က Schedule တွေ ပြည့်လာခဲ့တယ်
2020 December လောက်မှာ A ရဲ့ လူမှုရေးပြသနာတွေ စဖြစ်ခဲ့ပြန်တယ်

2021 January လောက်မှာထဲက A ရဲ့အကြောင်းတွေ အချက်အလက်တွေ Dispatch က အကုန်သိနေခဲ့ပါတယ်
2021 February, March တွေမှာ A ရဲ့အရှုပ်တော်ပုံတွေ ထပ်ပေါ်လာခဲ့တယ် .. ဖုန်းထဲမှာကျတော့ Seon Ho ရဲ့အကြောင်းတွေ ပုံတွေ အသေးစိတ် record လုပ်ထားတာတွေ့ခဲ့တယ် ..
လိမ်ညာခဲ့တာတွေကို အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့ပေမယ့်

အချိန်မပေးနိုင်တော့တာတွေရယ် .. ပြဿနာပေါင်းစုံနဲ့ ပျော်ရွှင်မှုမရှိတော့တာရယ်ကြောင့် နောက်ဆုံး 2021 April မှာ ရှေ့ဆက်ဖို့စဉ်းစားခဲ့ကြတယ်
2021 May မှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတယ် ..
လမ်းခွဲပြီး 4 လအကြာမှာ A က Seon Ho ကို မုန်းတယ်ဆိုပြီး စာပို့ခဲ့ပြီးနောက် 2021 October မှာ ခုလိုပြဿနာတွေ Public မှာဖြစ်လာခဲ့တာပါပဲ ..
လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ အများကြီး ဆုံးရှုံးနစ်နာခဲ့ပေမယ့် အဆုံးထိ Seon Ho ဘက်က တစ်ခွန်းမှ ပြန်မပြောဘဲ တောင်းပန်ခဲ့ပါတယ် ..

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။