■■■Apache ရဟတ်ယာဉ်များအတွက် အစ္စရေးကာကွယ်ရေးကုမ္ပဏီက အမေရိကန်စစ်တပ်အား မြင်ကွင်းစနစ်များ ထောက်ပံ့မည်

■■■Apache ရဟတ်ယာဉ်များအတွက် အစ္စရေးကာကွယ်ရေးကုမ္ပဏီက အမေရိကန်စစ်တပ်အား မြင်ကွင်းစနစ်များ ထောက်ပံ့မည်

အစ္စရေးကာကွယ်ရေး အီလက်ထရောနစ်ကုမ္ပဏီ Elbit Systems က Apache ရဟတ်ယာဉ်များအတွက် မြင်ကွင်းစနစ်များနှင့်အတူ အမေရိကန်စစ်တပ်အား ထောက်ပံ့သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။

စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၆ သန်းတန်ဖိုးရှိသည့် ယင်းသဘောတူစာချုပ်သည် ငါးနှစ်တာကာလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း Elbit Systems ကုမ္ပဏီက ပြောကြားခဲ့သည်။

ဘက်စုံပေါင်းစပ်အဆင့်မြှင့်တင်ထားသည့် ခေါင်းဆောင်းဦးထုပ် နှင့် မြင်ကွင်းပြစနစ်များ(IHADSS)သည် ဘိုးရင်း AH-64 Apache ရဟတ်ယာဉ်များအတွက် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ခေါင်းဆောင်းဦးထုပ်တပ်ဆင်ထားသည့်စနစ်သည် အရေးပါသော ပျံသန်းမှု နှင့် ပစ်မှတ်အချက်အလက်ကို ရဟတ်ယာဉ်မောင်း၏ မျက်စိရှေ့တိုက်ရိုက်ဖော်ပြပေးမည် ဖြစ်ကာ မစ်ရှင်အောင်မြင်ရေး နှင့် ရဟတ်ယာဉ်အဖွဲ့သားလုံခြုံရေးကို ပံ့ပိုးပေးကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

ဘက်စုံပေါင်းစပ်အဆင့်မြှင့်တင်ထားသည့် ခေါင်းဆောင်းဦးထုပ် နှင့် မြင်ကွင်းပြစနစ်များ(IHADSS) အစိတ်အပိုင်းများကို တက္ကဆတ်ပြည်နယ် Fort Worth မြို့ရှိ Elbit အမေရိကန် ကုမ္ပဏီခွဲ အင်ဂျင်နီယာ နှင့် ကုန်ထုတ်လုပ်မှုစက်ရုံမှ အမေရိကန်စစ်တပ်သို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Elbit Systems ကုမ္ပဏီကို ၁၉၆၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အစ္စရေးနိုင်ငံမြောက်ပိုင်း မြို့၌ အခြေစိုက်ကာ လေတပ် ၊ ကြည်းတပ် နှင့် ရေတပ်သုံးစနစ်များ နှင့် ကာကွယ်ရေးအတွက် ထုတ်ကုန်များ ၊ အမိမြေလုံခြုံရေး နှင့် စီးပွားဖြစ်အသုံးအဆောင်များ ထောက်ပံ့ထုတ်လုပ်ကြောင်း သိရသည်။

Crd..China Xinhua News

zawgyi

■■■Apache ရဟတ္ယာဥ္မ်ားအတြက္ အစၥေရးကာကြယ္ေရးကုမၸဏီက အေမရိကန္စစ္တပ္အား ျမင္ကြင္းစနစ္မ်ား ေထာက္ပံ့မည္

အစၥေရးကာကြယ္ေရး အီလက္ထေရာနစ္ကုမၸဏီ Elbit Systems က Apache ရဟတ္ယာဥ္မ်ားအတြက္ ျမင္ကြင္းစနစ္မ်ားႏွင့္အတူ အေမရိကန္စစ္တပ္အား ေထာက္ပံ့သြားမည္ ျဖစ္ေၾကာင္း ေအာက္တိုဘာ ၆ ရက္တြင္ ကုမၸဏီက ေျပာၾကားခဲ့သည္။

စုစုေပါင္း အေမရိကန္ေဒၚလာ ၇၆ သန္းတန္ဖိုးရွိသည့္ ယင္းသေဘာတူစာခ်ဳပ္သည္ ငါးႏွစ္တာကာလအတြင္း အၿပီးေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း Elbit Systems ကုမၸဏီက ေျပာၾကားခဲ့သည္။

ဘက္စုံေပါင္းစပ္အဆင့္ျမႇင့္တင္ထားသည့္ ေခါင္းေဆာင္းဦးထုပ္ ႏွင့္ ျမင္ကြင္းျပစနစ္မ်ား(IHADSS)သည္ ဘိုးရင္း AH-64 Apache ရဟတ္ယာဥ္မ်ားအတြက္ အထူးဒီဇိုင္းထုတ္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

ေခါင္းေဆာင္းဦးထုပ္တပ္ဆင္ထားသည့္စနစ္သည္ အေရးပါေသာ ပ်ံသန္းမႈ ႏွင့္ ပစ္မွတ္အခ်က္အလက္ကို ရဟတ္ယာဥ္ေမာင္း၏ မ်က္စိေရွ႕တိုက္ရိုက္ေဖာ္ျပေပးမည္ ျဖစ္ကာ မစ္ရွင္ေအာင္ျမင္ေရး ႏွင့္ ရဟတ္ယာဥ္အဖြဲ႕သားလုံျခဳံေရးကို ပံ့ပိုးေပးေၾကာင္း ကုမၸဏီ၏ ေျပာၾကားခ်က္အရ သိရသည္။

ဘက္စုံေပါင္းစပ္အဆင့္ျမႇင့္တင္ထားသည့္ ေခါင္းေဆာင္းဦးထုပ္ ႏွင့္ ျမင္ကြင္းျပစနစ္မ်ား(IHADSS) အစိတ္အပိုင္းမ်ားကို တကၠဆတ္ျပည္နယ္ Fort Worth ၿမိဳ႕ရွိ Elbit အေမရိကန္ ကုမၸဏီခြဲ အင္ဂ်င္နီယာ ႏွင့္ ကုန္ထုတ္လုပ္မႈစက္႐ုံမွ အေမရိကန္စစ္တပ္သို႔ ပို႔ေဆာင္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Elbit Systems ကုမၸဏီကို ၁၉၆၆ ခုႏွစ္တြင္ တည္ေထာင္ခဲ့ၿပီး အစၥေရးနိုင္ငံေျမာက္ပိုင္း ၿမိဳ႕၌ အေျခစိုက္ကာ ေလတပ္ ၊ ၾကည္းတပ္ ႏွင့္ ေရတပ္သုံးစနစ္မ်ား ႏွင့္ ကာကြယ္ေရးအတြက္ ထုတ္ကုန္မ်ား ၊ အမိေျမလုံျခဳံေရး ႏွင့္ စီးပြားျဖစ္အသုံးအေဆာင္မ်ား ေထာက္ပံ့ထုတ္လုပ္ေၾကာင္း သိရသည္။

Crd..China Xinhua News