■■■အသံထက်မြန်တဲ့ နူစွမ်းအင်သုံးဒုံးကျည်ကိုစမ်းသပ်တာမဟုတ်ဘူးလို့ တရုတ်ပြန်လည်ဖြေရှင်း

■■■အသံထက်မြန်တဲ့ နူစွမ်းအင်သုံးဒုံးကျည်ကိုစမ်းသပ်တာမဟုတ်ဘူးလို့ တရုတ်ပြန်လည်ဖြေရှင်း

နူကလီးယားစွမ်းအင်သုံး အသံထက်မြန်တဲ့ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့မှုအပေါ်မှာ တရုတ်ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဒါဟာ ပုံမှန်အာကာသယာဉ်စစ်ဆေးမှုတစ်ခုသာဖြစ်တယ်လို့လည်း တရုတ်ဘက်က ဖြေရှင်းခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးတွေကိုတောင် အံ့အားသင့်စေခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုမဟုတ်ဘူးလို့ ဖြေရှင်းချက်ထုတ်ခဲ့တာပါ။

Financial Times သတင်းစာရဲ့ ကနဦးအစီရင်ခံစာတွေအရ ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး ဝါရှင်တန်ဘက်က စိုးရိမ်ခဲ့တယ်လို့ သိရပါတယ်။ အသံထက်မြန်တဲ့ဒုံးကျည်စနစ်ဟာ သာမန်ဒုံးကျည်တွေထက် ပိုမိုမြန်ဆန်ပြီး ကြားဖြတ်ဖို့ ပိုမိုခက်ခဲတယ်လို့ ဆိုပါတယ်။ ဒီသတင်းတွေ ထွက်လာခဲ့ပြီးနောက် တရုတ်ရဲ့ နူကလီးယားစွမ်းရည်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။

ဒီနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Zhao Lijian က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ရာမှာ ဇူလိုင်လအတွ င်းက သူတို့ဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသ ယာဉ်အမျိုးအစားကို ပုံမှန်စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒါ ဒုံးကျည်တစ်စင်မဟုတ်ပါဘူး၊ အာကာသယာဉ်ဖြစ်ပါတယ်၊ အာသာသယာဉ်တွေအတွက် အသုံးပြုရတဲ့ စရိတ်ကို လျှော့ချပေးရာမှာ အရေးပါတဲ့အရာပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။ နိုင်ငံအများအပြားမှာလည်း အလားတူစမ်းသပ်မှုတွေကို အရင်ကပြုလုပ်ခဲ့တယ်လို့ Zhoa က ထပ်မံပြောဆိုခဲ့ပြီး Financial Times ရဲ့ အစီရင်ခံစာက မမှန်ကန်ဘူးလားဆိုတဲ့မေး ခွန်းကိုလည်း “ဟုတ်ပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။

ဒီသတင်းဟာ နာမည်ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ သတင်းရင်းမြစ် ၅ ခုကနေ ရရှိတာဖြစ်တယ်လို့ Financial Times က ရေးသားခဲ့ပြီး ဒုံးကျည်ကို ကမ္ဘာပတ်လမ်းကြောင်းအတိုင်း သယ်ဆောင်ပြီးမှ ပစ်မှတ်ဆီ ပစ်လွှတ်တဲ့ နည်းပညာပိုင်းကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး တရုတ်ဘက်က အချိန်တိုအတွင်းမှာ မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။