■■■အမေရိကန်အထူး စစ်ဆင်ရေးတပ်ဖွဲ့ဟာ လနဲ့ချီကြာ ထိုင်ဝမ်စစ်သားတွေကို တိတ်တဆိတ်စစ်ရေး လေ့ကျင့်ပေးခဲ့

■■■အမေရိကန်အထူး စစ်ဆင်ရေးတပ်ဖွဲ့ဟာ လနဲ့ချီကြာ ထိုင်ဝမ်စစ်သားတွေကို တိတ်တဆိတ်စစ်ရေး လေ့ကျင့်ပေးခဲ့

အမေရိကန်အထူး စစ်ဆင်ရေးတပ်ဖွဲ့ဟာ လနဲ့ချီကြာ ထိုင်ဝမ်စစ်သားတွေကို တိတ်တဆိတ်စစ်ရေး လေ့ကျင့် မှုတွေ ရှိခဲ့တယ်လို့ ပင်တဂွန်က ကြာသပတေးနေ့တုန်းက ပြောကြားလိုက်ပါတယ်။

အမည်မဖော်လိုတဲ့ အာဏာပိုင် အရာရှိအကြီးအကဲက အေအက်ဖ်ပီသတင်းသို့ ပြောကြားချက်ထဲအထူးစစ်ဆင်ရေး ၂၀ နဲ့ သမားရိုးကျ တပ်ဖွဲ့ အင်အားစုတို့က အချိန်ကာလ တစ်နှစ်မရှိတဲ့ လျို့ဝှက်စစ်ရေးလေ့ကျင့်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက ဝေါလ် စထွီ ဂျာနယ်ကို တရားဝင် အတည်ပြုပေးခဲ့ပြီး အမေရိကန်ရဲ့ မဟာမိတ်ကျွန်းကို တရုတ်တို့ ခြိမ်းခြောက်ပြောဆိုမှုတွေ မြင့်တက်နေတဲ့ ကြားက အမေရိကန်အထူးတပ်ဖွဲ့နဲ့ ထိုင်ဝမ်စစ်တပ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ အနည်းဆုံး တစ်နှစ်နီးပါးကြာမြင့်တယ်လို့ သိရပါတယ်။

ယင်းသို့ သတင်းထွက်ပေါ်မှုနဲ့ပတ်သက်ပြီးတော့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးပြောကြားဖို့ ငြင်းဆိုထားပါတယ်။

သို့ပေမယ့်လည်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ ဂျွန်ဆက်ပယ်လ်ကတော့ ပုံမှန် စကားပြောဆိုမှုမှာ အမေရိကန်အနေနဲ့ ထိုင်ဝမ်စစ်တပ်အတွက် ကာကွယ်ရေးလိုအပ်ချက်တွေကိုဖြည့်ဆည်း ထောက်ပံ့ပေးတဲ့ သဘောဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ရဲ့ အထောက်အပံ့နဲ့ ထိုင်ဝမ်နိုင်ငံနဲ့ ကာကွယ်ရေးဆက်ဆံရေးဟာ တရုတ်နိုင်ငံရဲ့ လက်ရှိခြိမ်း ခြောက်မှုတွေကို ဆန့်ကျင်နေဆဲပဲ ဖြစ်ပါတယ်။ ပေကျင်းကိုလည်း တိုက်တွန်းထားပါတယ်။ ငြိမ်းချမ်းရေး အဖြေရှာဖို့ ကတိကဝတ်တွေပေးဖို့အတွက်ပါ” ဆက်ပယ်လ်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကျွန်းကို ပြန်လည် အဓမ္မရယူသိမ်းပိုက်ရန်နဲ့ တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရဲ့ ပေကျင်းအစိုးရရဲ့ ခြိမ်းခြောက်မှုကြားကနေ အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်အစိုးရကို လက်နက်တွေထောက်ပံ့ပေးနေပြီး ကာကွယ်ရေးအတွက် ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေကို ထောက်ပံ့ပေးထားပါတယ်။

ထိုင်ဝမ်မှာ စစ်သင်တန်းပေးနေတဲ့ အမေရိကန်တပ်သားတွေကို ပြန်ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က အမေရိကန်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။

အမေရိကန်အစိုးရက သဘောတူထားတဲ့ တရုတ် တနိုင်ငံတည်းမူကို လေးစားလိုကိနာတဲနေနဲ့ ထိုင်ဝမ်တပ်တွေကို သင်တန်းပေးနေတဲ့ အမေရိကန်တပ်သားတွေကို ပြန်ရုပ်သိမ်းဖို့ သူကပြောပါတယ်။

ဩစတေးလျဝန်ကြီးချုပ်ဟောင်းနဲ့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟောင်းတို့ တိုင်ဝမ်ကိုရောက်နေစဉ်မှာပဲ ထိုင်ဝမ်မှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တချို့နဲ့ ရေတပ်သားတွေရောက်နေတာ (၁) နှစ်လောက်ရှိနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တရုပ်သမ္မတ Xi တို့ဖုန်းနဲ့ပြောခဲ့စဉ်က တိုင်ဝမ်နဲ့ပတ်သက်လို့ ၂ နိုင်ငံသဘောတူထားတဲ့အတိုင်းလိုက်နာကြဖို့ သဘောတူခဲ့တာမို့ အမေရိကန်တပ်သားတွေ တိုင်ဝမ်ကျွန်းပေါ်မှာ မရှိသင့်ဘူးလို့ တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

တရုတ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်ပြောဆိုမှုအပေါ် အမေရိကန်အစိုးရက တရားဝင်တုန့်ပြန်တာမရှိသေးပေမယ့် ”ဒီမိုကရေစီကျင့်သုံးတဲ့တိုင်ဝမ်ကို တရုတ်ကွန်မြူနစ်အစိုးရက တိုက်ခိုက်လာရင် ကောင်းကောင်းခုခံကာကွယ်နိုင်ဖို့ သင်တန်းပေးနေတာလို့ ”အမည်မဖေါ်လိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်အရာရှိတဦးကပြောထားပါတယ်။ သင်တန်းပေးရုံသာမက တိုင်ဝမ်မှာ အထူးတပ်ဖွဲ့တွေပါ ရောက်နေတာ ၁ နှစ်ကျော်ပြီလို့ အတည်ပြုပြောထားပါတယ်။

ထိုင်ဝမ်မှာ အမေရိကန်တပ်တွေရောက်နေတာကို တရုတ်အစိုးရက မသိခဲ့ဘူးဆိုပါတယ်။ အမေရိကန်လွှတ်တော်အမတ်တချို့က လွန်ခဲ့တဲ့ တလကျော်က တွစ်တာမှာ တိုင်ဝမ်မှာတပ်စွဲထားတဲ့အမေရိကန်တပ်တွေအကြောင်းရေးသားတော့မှ တရုတ်က သတိထားမိခဲ့တာလို့ တရုတ်အခြေစိုက်နိုင်ငံတကာသတင်းတွေကဖေါ်ပြပါတယ်။

တရုတ်အစိုးရအာဘော်သတင်း ဌာနတွေကတော့ အမေရိကန်တွေအနေနဲ့ ထိုင်ဝမ်ကျွန်းဘယ်နေရာမှတပ်စွဲထားတယ်ဆိုတာဖွင့်ပြောမယ်ဆိုရင် အဲဒီနေရာတွေကို တရုတ်ပြည်သူ့ကာကွယ်ရေးတပ်က အရင်တိုက်ခိုက်ပြမယ်လို့ ရေးသားဖေါ်ပြနေတာတွေ့ရပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■■■အေမရိကန္အထူး စစ္ဆင္ေရးတပ္ဖြဲ႕ဟာ လနဲ႔ခ်ီၾကာ ထိုင္ဝမ္စစ္သားေတြကို တိတ္တဆိတ္စစ္ေရး ေလ့က်င့္ေပးခဲ့

အေမရိကန္အထူး စစ္ဆင္ေရးတပ္ဖြဲ႕ဟာ လနဲ႔ခ်ီၾကာ ထိုင္ဝမ္စစ္သားေတြကို တိတ္တဆိတ္စစ္ေရး ေလ့က်င့္ မႈေတြ ရွိခဲ့တယ္လို႔ ပင္တဂြန္က ၾကာသပေတးေန႔တုန္းက ေျပာၾကားလိုက္ပါတယ္။

အမည္မေဖာ္လိုတဲ့ အာဏာပိုင္ အရာရွိအႀကီးအကဲက ေအအက္ဖ္ပီသတင္းသို႔ ေျပာၾကားခ်က္ထဲအထူးစစ္ဆင္ေရး ၂၀ နဲ႔ သမားရိုးက် တပ္ဖြဲ႕ အင္အားစုတို႔က အခ်ိန္ကာလ တစ္ႏွစ္မရွိတဲ့ လ်ိဳ႕ဝွက္စစ္ေရးေလ့က်င့္မႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အာဏာပိုင္ေတြက ေဝါလ္ စထြီ ဂ်ာနယ္ကို တရားဝင္ အတည္ျပဳေပးခဲ့ၿပီး အေမရိကန္ရဲ့ မဟာမိတ္ကၽြန္းကို တ႐ုတ္တို႔ ၿခိမ္းေျခာက္ေျပာဆိုမႈေတြ ျမင့္တက္ေနတဲ့ ၾကားက အေမရိကန္အထူးတပ္ဖြဲ႕နဲ႔ ထိုင္ဝမ္စစ္တပ္တို႔ရဲ့ စစ္ေရးေလ့က်င့္မႈဟာ အနည္းဆုံး တစ္ႏွစ္နီးပါးၾကာျမင့္တယ္လို႔ သိရပါတယ္။

ယင္းသို႔ သတင္းထြက္ေပၚမႈနဲ႔ပတ္သက္ၿပီးေတာ့ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက မွတ္ခ်က္ေပးေျပာၾကားဖို႔ ျငင္းဆိုထားပါတယ္။

သို႔ေပမယ့္လည္း ပင္တဂြန္စစ္ဌာနခ်ဳပ္ အႀကီးအကဲ ဂၽြန္ဆက္ပယ္လ္ကေတာ့ ပုံမွန္ စကားေျပာဆိုမႈမွာ အေမရိကန္အေနနဲ႔ ထိုင္ဝမ္စစ္တပ္အတြက္ ကာကြယ္ေရးလိုအပ္ခ်က္ေတြကိုျဖည့္ဆည္း ေထာက္ပံ့ေပးတဲ့ သေဘာျဖစ္တယ္လို႔ သိရပါတယ္။

“ ကၽြန္ေတာ္တို႔ရဲ့ အေထာက္အပံ့နဲ႔ ထိုင္ဝမ္နိုင္ငံနဲ႔ ကာကြယ္ေရးဆက္ဆံေရးဟာ တ႐ုတ္နိုင္ငံရဲ့ လက္ရွိၿခိမ္း ေျခာက္မႈေတြကို ဆန႔္က်င္ေနဆဲပဲ ျဖစ္ပါတယ္။ ေပက်င္းကိုလည္း တိုက္တြန္းထားပါတယ္။ ၿငိမ္းခ်မ္းေရး အေျဖရွာဖို႔ ကတိကဝတ္ေတြေပးဖို႔အတြက္ပါ” ဆက္ပယ္လ္ရဲ့ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

ကၽြန္းကို ျပန္လည္ အဓမၼရယူသိမ္းပိုက္ရန္နဲ႔ တ႐ုတ္နဲ႔ ျပန္လည္ေပါင္းစည္းရဲ့ ေပက်င္းအစိုးရရဲ့ ၿခိမ္းေျခာက္မႈၾကားကေန အေမရိကန္ျပည္ေထာင္စုဟာ ထိုင္ဝမ္အစိုးရကို လက္နက္ေတြေထာက္ပံ့ေပးေနၿပီး ကာကြယ္ေရးအတြက္ ဒုံးက်ည္ေတြ၊ တိုက္ေလယာဥ္ေတြကို ေထာက္ပံ့ေပးထားပါတယ္။

ထိုင္ဝမ္မွာ စစ္သင္တန္းေပးေနတဲ့ အေမရိကန္တပ္သားေတြကို ျပန္႐ုပ္သိမ္းေပးဖို႔ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္ Zhao Lijian က အေမရိကန္အစိုးရကို ေမတၱာရပ္ခံလိုက္ပါတယ္။

အေမရိကန္အစိုးရက သေဘာတူထားတဲ့ တ႐ုတ္ တနိုင္ငံတည္းမူကို ေလးစားလိုကိနာတဲေနနဲ႔ ထိုင္ဝမ္တပ္ေတြကို သင္တန္းေပးေနတဲ့ အေမရိကန္တပ္သားေတြကို ျပန္႐ုပ္သိမ္းဖို႔ သူကေျပာပါတယ္။

ဩစေတးလ်ဝန္ႀကီးခ်ဳပ္ေဟာင္းနဲ႔ ျပင္သစ္ကာကြယ္ေရးဝန္ႀကီးေဟာင္းတို႔ တိုင္ဝမ္ကိုေရာက္ေနစဥ္မွာပဲ ထိုင္ဝမ္မွာ အေမရိကန္အထူးတပ္ဖြဲ႕ဝင္တခ်ိဳ႕နဲ႔ ေရတပ္သားေတြေရာက္ေနတာ (၁) ႏွစ္ေလာက္ရွိေနၿပီဆိုတဲ့သတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။

အေမရိကန္သမၼတ ဘိုင္ဒန္နဲ႔ တ႐ုပ္သမၼတ Xi တို႔ဖုန္းနဲ႔ေျပာခဲ့စဥ္က တိုင္ဝမ္နဲ႔ပတ္သက္လို႔ ၂ နိုင္ငံသေဘာတူထားတဲ့အတိုင္းလိုက္နာၾကဖို႔ သေဘာတူခဲ့တာမို႔ အေမရိကန္တပ္သားေတြ တိုင္ဝမ္ကၽြန္းေပၚမွာ မရွိသင့္ဘူးလို႔ တ႐ုတ္ေျပာခြင့္ရပုဂၢိဳလ္ကေျပာပါတယ္။

တ႐ုတ္အစိုးရေျပာခြင့္ရပုဂၢိဳလ္ေျပာဆိုမႈအေပၚ အေမရိကန္အစိုးရက တရားဝင္တုန္႔ျပန္တာမရွိေသးေပမယ့္ ”ဒီမိုကေရစီက်င့္သုံးတဲ့တိုင္ဝမ္ကို တ႐ုတ္ကြန္ျမဴနစ္အစိုးရက တိုက္ခိုက္လာရင္ ေကာင္းေကာင္းခုခံကာကြယ္နိုင္ဖို႔ သင္တန္းေပးေနတာလို႔ ”အမည္မေဖၚလိုတဲ့ ကာကြယ္ေရးဝန္ႀကီးဌာနက စစ္အရာရွိတဦးကေျပာထားပါတယ္။ သင္တန္းေပး႐ုံသာမက တိုင္ဝမ္မွာ အထူးတပ္ဖြဲ႕ေတြပါ ေရာက္ေနတာ ၁ ႏွစ္ေက်ာ္ၿပီလို႔ အတည္ျပဳေျပာထားပါတယ္။

ထိုင္ဝမ္မွာ အေမရိကန္တပ္ေတြေရာက္ေနတာကို တ႐ုတ္အစိုးရက မသိခဲ့ဘူးဆိုပါတယ္။ အေမရိကန္လႊတ္ေတာ္အမတ္တခ်ိဳ႕က လြန္ခဲ့တဲ့ တလေက်ာ္က တြစ္တာမွာ တိုင္ဝမ္မွာတပ္စြဲထားတဲ့အေမရိကန္တပ္ေတြအေၾကာင္းေရးသားေတာ့မွ တ႐ုတ္က သတိထားမိခဲ့တာလို႔ တ႐ုတ္အေျခစိုက္နိုင္ငံတကာသတင္းေတြကေဖၚျပပါတယ္။

တ႐ုတ္အစိုးရအာေဘာ္သတင္း ဌာနေတြကေတာ့ အေမရိကန္ေတြအေနနဲ႔ ထိုင္ဝမ္ကၽြန္းဘယ္ေနရာမွတပ္စြဲထားတယ္ဆိုတာဖြင့္ေျပာမယ္ဆိုရင္ အဲဒီေနရာေတြကို တ႐ုတ္ျပည္သူ႔ကာကြယ္ေရးတပ္က အရင္တိုက္ခိုက္ျပမယ္လို႔ ေရးသားေဖၚျပေနတာေတြ႕ရပါတယ္။

crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။