■■■အတိတ်နဲ့အနာဂတ်ကို အချိန်ခရီးသွားနိုင်တယ်လို့ လူပြောများ‌နေတဲ့ နာဇီခေါင်းလောင်း

■■■အတိတ်နဲ့အနာဂတ်ကို အချိန်ခရီးသွားနိုင်တယ်လို့ လူပြောများ‌နေတဲ့ နာဇီခေါင်းလောင်း

ဂျာမဏီနိုင်ငံနဲ့ချက်နိုင်ငံကြားထဲတွင် နာဇီတို့၏သုသေသနပြု လုပ်နေသည့် နေရာတစ်ခုရှိပီး ဒီနေရာမှာ Nazi Bell နာဇီခေါင်းလောင်းလို့အမည်ရှိတဲ့ ယာဉ်ပျံတစ်ခုဖြစ်ပါတယ်။ ဒီယာဉ်ပျံတည်ဆောက်နေဆဲဖြစ်ကြောင်း သတင်းရရှိပေမဲ့ ကမ္ဘာစစ် ဖြစ်နေဆဲအချိန်မို့လို့ ဘယ်သူမှသေသေချာချာဃဂဏန မစုံစမ်းနိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပြီး ဖမ်းဆီးရမိသည့် နာဇီသိပ္ပံပညာရှင်များ၏ထွက်ဆိုချက်အရ ၎င်းယာဉ်ပျံတွင် လည်ပါတ်နေသည့် စလင်ဒါနှစ်လုံးပါဝင်ပြီး Xerum 25 အမည်ရှိသည့် အပြာရောင်မာကျူရီနှင့်တူသည့် အရည်စွမ်းအင်သုံးယာဉ်ပျံဖြစ်ပြီး လောင်စာအနေဖြင့်အခြား ဒြပ်စင်များဖြစ်သော Thorium နှင့် beryllium peroxides အရည်များ ပါဝင်ကာဖွဲ့စည်းထားသည်။

ယာဉ်ပျံသည် ကမ္ဘာ့ဆွဲအားကို ရုန်းထွက်နိုင်သည့် နည်းပညာဖြစ်သည်ဟုထွက်ဆိုကြပြီး ယာဉ်ပျံတာဝန်ယူတည်ဆောက်နေသည့် ဂျာမန်နည်းပညာရှင် ၅ ယောက်မှာလည်း မတွေ့ရတော့ပါဟုသိရပါတယ်။

ယာဉ်ပျံမှာ ၉ ပေကျယ်ပြီး ၁၅ ပေမြင့်ကြောင်းလည်း မြင်ဖူးသူဂျာမန်များက ထွက်ဆိုကြပြီး ရှာဖွေကြည့်ရာ ယာဉ်ကိုထိန်းသိမ်းသည့် ဖရိန်များသာတွေ့ရပြီး ယာဉ်ပျံမှာမည်သည့် နေရာသို့ ရောက်ရှိနေမှန်းမသိရတော့ပေ။

ရုရှားမှပိုင်ဆိုင်သွားပြီလား အမေရိကန်မှပိုင်ဆိုင်သွားပြီလား ဒါမှမဟုတ် ဘယ်ကိုရောက်သွားတာလဲဆိုတာလည်း မသိရတော့ပါဘူး။ တစ်ချို့ကလည်း အနာဂါတ်နှင့် အတိတ်ကာလကိုသွားနိုင်သည့် Time machine လို့လည်း ကောက်ချက်ချခဲ့ကြပါသေးတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi







crd