■■■အင်ဒိုပစိဖိတ်ဒေသတွင်းခြိမ်းခြောက်မှုတွေကို ဒေသတွင်းနိုင်ငံတွေနဲ့ အတူရင်ဆိုင်ဖို့ UK လေယာဉ်တင်သင်္ဘောအုပ်စု ဒီကနေ့ စင်ကာပူကိုဆိုက်မယ်

■■■အင်ဒိုပစိဖိတ်ဒေသတွင်းခြိမ်းခြောက်မှုတွေကို ဒေသတွင်းနိုင်ငံတွေနဲ့ အတူရင်ဆိုင်ဖို့ UK လေယာဉ်တင်သင်္ဘောအုပ်စု ဒီကနေ့ စင်ကာပူကိုဆိုက်မယ်

တောင်တရုတ်ပင်လယ်မှာ ဟန်ရေးပြနေခဲ့တဲ့ UK လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုဟာ ဒီကနေ့စင်ကာပူနိုင်ငံကို ဆိုက်ရောက်မယ်လို့ UK ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

UK ရေတပ်အုပ်စုဟာ အောက်တိုဘာ (၉) ရက်နေ့က ဖိလစ်ပိုင်ပင်လယ်မှာ စင်ကာပူရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့သေးတယ်ဆိုပါတယ်။ အောက်တိုဘာ (၃) ရက်နေ့ကနေ (၇)ရက်နေ့အထိ

အမေရိကန် ဂျပန် ကနေဒါ နယ်သာလန် နယူးဇီလန် စတဲ့နိုင်ငံတွေက ရေတပ်တွေနဲ့ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှုကြီးတခုလုပ်ခဲ့သေးကြောင်း UK အပါအဝင် သက်ဆိုင်ရာနိုင်ငံရေတပ်တွေက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

တိုင်ဝမ်လေပိုင်နက်အနီး တရုတ်စစ်လေယာဉ်တွေအင်အားပြနေချိန်မှာ အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်လေယာဉ်တင်သင်္ဘောကြီး (၂) စီး ဂျပန်ရဲ့ရဟတ်ယာဉ်တင်သင်္ဘောကြီးတစီး

အပါအဝင် UK ရေတပ်အုပ်စုတွေပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့ကြတာပါ။ လေယာဉ်တင်သင်္ဘောကြီး (၄) စီးပါဝင်တဲ့ အင်အားအကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုလို့ ဆိုကြပါတယ်။ တိုင်ဝမ်အပေါ်ခြိမ်းခြောက်တာကို တန်ပြန်အင်အားပြခြိမ်းခြောက်တဲ့သဘောလို့ ယူဆကြပါတယ်။

ဒီကနေ့ စင်ကာပူကို ဆိုက်ရောက်မယ့် UK လေယာဉ်တင်သင်္ဘောအုပ်စုမှာ လေယာဉ်တင်သင်္ဘောကြီး HMS Queen Elizabeth အပါအဝင် တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၁စီး တိုက်ခိုက်ရေးနဲ့ဖျက်စီးရေး သင်္ဘော ၆ စီးအပြင် အမေရိကန်နဲ့ နယ်သာလန်က စစ်သင်္ဘော ၂ စီးပါ လိုက်ပါလာမယ်ဆိုပါတယ်။

ဒီမိုကရေစီတန်ဖိုးတွေကို ကာကွယ်ဖို့နဲ့ လွတ်လပ်စွာရေကြောင်းသွားလာနိုင်ရေး ကုန်သွယ်ရေးအတွက် အင်ဒိုပစိဖိတ်ဒေသတွင်းခြိမ်းခြောက်မှုတွေကို ဒေသတွင်းနိုင်ငံတွေနဲ့ အတူရင်ဆိုင်ဖို့ UK ရေတပ်အုပ်စုကို တာဝန်ချထားတာလို့

UK တော်ဝင်ရေတပ်က ပြောထားပါတယ်။UK ရေတပ်အုပ်စုရောက်ရှိချိန်နဲ့ကိုက်ပြီး UK အာရှရေးရာဝန်ကြီး နဲ့ UK တော်ဝင်ရေတပ် ဦးစီးချုပ်တို့ ၂ ဦးလည်း စင်ကာပူကို ဒီကနေ့ရောက်ရှိမယ်လို့ သိရပါတယ်။
Crd..BurmaNewsNetwork

zawgyi

■■■အင္ဒိုပစိဖိတ္ေဒသတြင္းၿခိမ္းေျခာက္မႈေတြကို ေဒသတြင္းနိုင္ငံေတြနဲ႔ အတူရင္ဆိုင္ဖို႔ UK ေလယာဥ္တင္သေဘၤာအုပ္စု ဒီကေန႔ စင္ကာပူကိုဆိုက္မယ္

ေတာင္တ႐ုတ္ပင္လယ္မွာ ဟန္ေရးျပေနခဲ့တဲ့ UK ေလယာဥ္တင္သေဘၤာ HMS Queen Elizabeth ဦးေဆာင္တဲ့ တိုက္ခိုက္ေရး ေရယာဥ္အုပ္စုဟာ ဒီကေန႔စင္ကာပူနိုင္ငံကို ဆိုက္ေရာက္မယ္လို႔ UK ေရတပ္က သတင္းထုတ္ျပန္ထားပါတယ္။

UK ေရတပ္အုပ္စုဟာ ေအာက္တိုဘာ (၉) ရက္ေန႔က ဖိလစ္ပိုင္ပင္လယ္မွာ စင္ကာပူေရတပ္နဲ႔ ပူးတြဲ စစ္ေရးေလ့က်င့္မႈေတြလုပ္ခဲ့ေသးတယ္ဆိုပါတယ္။ ေအာက္တိုဘာ (၃) ရက္ေန႔ကေန (၇)ရက္ေန႔အထိ

အေမရိကန္ ဂ်ပန္ ကေနဒါ နယ္သာလန္ နယူးဇီလန္ စတဲ့နိုင္ငံေတြက ေရတပ္ေတြနဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ စစ္ေရးေလ့က်င့္မႈႀကီးတခုလုပ္ခဲ့ေသးေၾကာင္း UK အပါအဝင္ သက္ဆိုင္ရာနိုင္ငံေရတပ္ေတြက သတင္းထုတ္ျပန္ထားတာေတြ႕ရပါတယ္။

တိုင္ဝမ္ေလပိုင္နက္အနီး တ႐ုတ္စစ္ေလယာဥ္ေတြအင္အားျပေနခ်ိန္မွာ အျငင္းပြါးေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ထဲမွာ အေမရိကန္ေလယာဥ္တင္သေဘၤာႀကီး (၂) စီး ဂ်ပန္ရဲ့ရဟတ္ယာဥ္တင္သေဘၤာႀကီးတစီး

အပါအဝင္ UK ေရတပ္အုပ္စုေတြပူးေပါင္းစစ္ေရးေလ့က်င့္မႈေတြလုပ္ခဲ့ၾကတာပါ။ ေလယာဥ္တင္သေဘၤာႀကီး (၄) စီးပါဝင္တဲ့ အင္အားအႀကီးမားဆုံးစစ္ေရးေလ့က်င့္မႈလို႔ ဆိုၾကပါတယ္။ တိုင္ဝမ္အေပၚၿခိမ္းေျခာက္တာကို တန္ျပန္အင္အားျပၿခိမ္းေျခာက္တဲ့သေဘာလို႔ ယူဆၾကပါတယ္။

ဒီကေန႔ စင္ကာပူကို ဆိုက္ေရာက္မယ့္ UK ေလယာဥ္တင္သေဘၤာအုပ္စုမွာ ေလယာဥ္တင္သေဘၤာႀကီး HMS Queen Elizabeth အပါအဝင္ တိုက္ခိုက္ေရးေရငုပ္သေဘၤာ ၁စီး တိုက္ခိုက္ေရးနဲ႔ဖ်က္စီးေရး သေဘၤာ ၆ စီးအျပင္ အေမရိကန္နဲ႔ နယ္သာလန္က စစ္သေဘၤာ ၂ စီးပါ လိုက္ပါလာမယ္ဆိုပါတယ္။

ဒီမိုကေရစီတန္ဖိုးေတြကို ကာကြယ္ဖို႔နဲ႔ လြတ္လပ္စြာေရေၾကာင္းသြားလာနိုင္ေရး ကုန္သြယ္ေရးအတြက္ အင္ဒိုပစိဖိတ္ေဒသတြင္းၿခိမ္းေျခာက္မႈေတြကို ေဒသတြင္းနိုင္ငံေတြနဲ႔ အတူရင္ဆိုင္ဖို႔ UK ေရတပ္အုပ္စုကို တာဝန္ခ်ထားတာလို႔

UK ေတာ္ဝင္ေရတပ္က ေျပာထားပါတယ္။UK ေရတပ္အုပ္စုေရာက္ရွိခ်ိန္နဲ႔ကိုက္ၿပီး UK အာရွေရးရာဝန္ႀကီး နဲ႔ UK ေတာ္ဝင္ေရတပ္ ဦးစီးခ်ဳပ္တို႔ ၂ ဦးလည္း စင္ကာပူကို ဒီကေန႔ေရာက္ရွိမယ္လို႔ သိရပါတယ္။
Crd..BurmaNewsNetwork