■■■အချက်အလက်တွေအရ Facebook ကျသွားခြင်းဟာ အသုံးပြုသူ ၁.၅ ဘီလျံရဲ့ဒေတာတွေ ခိုးယူခြင်းခံလိုက်ရတာကြောင့်လို့သိရပါတယ်

■■■အချက်အလက်တွေအရ Facebook ကျသွားခြင်းဟာ အသုံးပြုသူ ၁.၅ ဘီလျံရဲ့ဒေတာတွေ ခိုးယူခြင်းခံလိုက်ရတာကြောင့်လို့သိရပါတယ်

❌❌❌ Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

ကြီးမားတဲ့ တစ်ခုတည်းသော သတင်းအချက်အလက်ဖြန့်ဝေပေးတဲ့ ပင်မအရင်းအမြစ်ကြီးတစ်ခု ပျက်တောက်သွားတဲ့အခါ သတင်းအချက်အလက် တွေက ဘယ်လိုဖြစ်သွားတာလဲ ဘယ်ရောက်သွားတာလဲ ။ သင်ဟာအင်တာနက်ကို အသုံးပြုလို့ရနေသေးပေမယ့်လဲ Facebook နဲ့ အခြားဆက်စပ်တဲ့ service တွေပျက်တောက်သွားတာကို သင်သတိပြုမိလိုက်မှာပါ။

လုံးဝကို ပျက်တောက်သွားတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ များသောအားဖြင့် သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေလေ့ရှိတယ် အကြီးမားဆုံး အရင်းအမြစ်ကြီးဟာ ရုတ်တရက်ပျောက်ကွယ်သွားပါတယ် ။ လူတွေဟာအခြားသော သတင်းအချက်အလက် platform တွေဖြစ်တဲ့ Twitter တို့လိုတွေမှာ စုပြုံပြီးတော့ ရောက်ရှိလာပါတယ် အကြောင်းအရင်းကတော့ ကမ္ဘာပေါ်မှာအကြီးမားဆုံး ဆိုရှယ်မီဒီယာ ပလပ်ဖောင်းကြီးက AWOL (တရားဝင်သ တင်းထုတ်ပြန်ထားခြင်းမရှိပဲ) ပျက်တောက်သွားခြင်းအပေါ် အကြောင်းပြချက်ကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။ နောက်ပြီးတော့ သတင်းအချက်အလက်အမှားတွေ အမြောက်အများ မျှဝေခြင်းဟာလေး အဲဒီလိုနဲ့ ရပ်တန့်သွားပါတယ်။

Twitter ပေါ်မှာတော့ သံသယဖြစ်စရာအကောင့်တွေက စတင်ရှင်းလင်းပြောကြားထားတာကတော့ “ ဖေ့ဘွတ်ခ် အသုံးပြုသူ ၁.၅ဘီလျံကျော်ရဲ့ ဒေတာတွေဟာ” “ နာမည်ကြီး Hucking တွေနဲ့ဆက်စပ်တဲ့ ဖိုရမ်တွေကနေ ရောင်းချပြီးဖြစ်တယ်” လို့ပြောကြားထားပြီး ရိုမေနီယံ အခြေစိုက် ဆိုက်လုံခြုံရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Privacy Affairs website ကနေပြီး ကိုးကားရေးသား ဖော်ပြထားတာကတော့ “အကြီးမားဆုံးနဲ့ အထင်ရှားဆုံးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ facebook ကတော့ တစ်နေ့တည်းနဲ့ကို အမှိုက်ပုံဖြစ်သွားပါတယ်” လို့ Privacy Affairs ကထင်မြင်ချက်ကို ချပြထားပါတယ်။ အသုံးပြုသူတွေကိုတော့ “လူသိများတဲ့ ဟက်ကာဖိုရမ်” ရဲ့ကြီးမားတဲ့ ဟက်လုပ်ခြင်းပါလို့ ကြေညာချက်ပိုစ့်တစ်ခု တင်ထားပါတယ်။

Twitter ကနေလဲ ထိထိရောက်ရောက် မရှာဖွေနိုင်သေးပဲ ကြီးမားတဲ့သဲလွန်စ တစ်ခုကိုတော့ အဆိုပါဖိုရမ်ကနေ စက်တင်ဘာ ၂၂ရက်နေ့က တင်ပြထားတယ်လို့ဆိုပါတယ်။ Twitter မှာတော့ အဆိုပါရှင်းလင်းချက်ကို like & share တစ်သောင်းကျော် လောက်လုပ်ပြီးပြီဖြစ်ပါတယ်။ ဖော်လိုဝါအမြောက်အမြားရှိတဲ့ အမှန်အကန် တွစ်တာအကောင့်တွေကပါ like & share လုပ်တဲ့ထဲပါဝင်ကြပါတယ်။ ဒါပေမယ့်လဲ hack တာဟုတ်ဟုတ် မဟုတ်ဟုတ် -နောက်ပြီး သူတို့ရဲ စစ်မှန်မှု – နောက်ပြီး facebook ရဲ့ များပြားလွန်းတဲ့ အသုံးပြုသူတွေနဲ့ ဘာမှလုပ်စရာအကြောင်းမရှိသလို အရမ်းကိုအံ့အားသင့်စရာ ကောင်းနေပါတယ်။

လူအများစုရဲ့ ထင်မြင်ချက်ကတော့ ဆိုက်ဘာလုံခြုံရေး အများစုက ဒီလိုမျိုး fackbook ပျက်ကျမှုဖြစ်တာက Hacking ထပ် လူတွေရဲ့ အမှားလုပ်မှု error တွေကြောင့်လို့ ထင်မြင်ချက်ပေးနေပါတယ်။ facebook လုံခြုံရေးအဖွဲ့ဝင်တွေက The NewYouk Time ကိုပြောကြားတာကတော့ ဒီပြဿနာတွေဖြစ်ပွားတာက ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ပုံမျိုးနဲ့ လုံးဝမတူပါဘူးလို့ ပြောထားတာကိုတွေ့ရပါတယ် “နောက်ပြီးတော့ ဒါဟာ အတွင်းရေး system ပြောင်းလဲတာ ဒါမှမဟုတ် upate လုပ်ရင်းကနေ လွဲချော်မှုရဲ့အကျိုးရလာဒ် ဖြစ်နိုင်ပါတယ်” လို့ ဂျာနယ်လစ်ဖြစ်တဲ့ Brian Kreb က တွစ်တာပေါ်မှာ ရေးသားထားပါတယ်။ “အားလုံးထင်ကြေး ပေးနေကြတာတော့ ဘာကြောင့်ဆိုတာကိုပဲ ညွှန်ပြနေကြပါတယ်။ နောက်ပြီး facebook ဟာဆိုရင် သူတို့ရဲ့ DNS (domain name system) မှတ်တမ်းကို သူတို့ကိုယ်ပိုင် ထိန်းချုပ်တာဖြစ်ပါတယ်။ နောက်ပြီးလွန်ခဲ့တဲ့ ၂နှစ်လောက်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာဆိုရင်လဲ အဲဒီလို သီအိုရီအတိုင်းပဲဖြစ်တယ် ။

ထုထည်အင်အားကြီးမားတဲ့ အသုံးပြုသူတွေဟာ France Haugen ဆိုသူဟာ Facebook ရဲ့ဒေတာအင်ဂျင်နီယာဖြစ်ပြီး “ the facebook files” လို့အမည်ရတဲ့ အချက်အလက်စာရွက်စာတန်း တွေပေါက်ကြားမှုရဲ့ သတင်းပေးသူ ဖြစ်တယ်လို့လဲ ပြောနေကြပါတယ် အဆိုပါသတင်းကတော့ CBS နဲ့ အင်တာဗျူး အပြီးမှာ ထွက်လာတာပဲဖြစ်ပါတယ်။ ဒီအချက်အလက် ပေါက်ကြားမှုဟာ facebook သုံးသူတွေရဲ့ ဒေတာအချက်အလက်တွေ ဟက်ခ် ခံရမှုနဲ့ ပတ်သက်ဆက်နွယ်မှုမရှိပါဘူးတဲ့ ။ခုထပ်ထိတော့ facebook နဲ့အခြားဆက်စပ်နေတဲ့ services တွေဘာကြောင့် ခတ္တအသုံးပြုလို့မရတော့တာလဲဆိုတာတော့ ကျွန်မတို့ မသိရှိရသေးပါဘူး နောက်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ကောလဟာလသတင်းတွေ ယခုအချိန်မှာအများအပြား ထွက်ပေါ်နေတာကတော့ အံ့သြစရာမရှိပါဘူး ။အဆိုပါ facebook ရပ်တန့်ပျက်ကျမှုပြဿနာဟာ ကမ္ဘာ့အနောက်ပိုင်း နိုင်ငံတွေအတွက် ပိုပြီးဆိုးကျိုးတွေဖြစ်နေပြီး မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပျံ့နှံ့မှုကလဲ ထိုနည်း၎င်းပါပဲ ဒါဟာကမ္ဘာကြီးမှာ facebook မရှိတော့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို ခန့်မှန်းမိနိုင်စေပါတယ်။

Source; Futurism
trans:ACP(BlueTomato)