■■■သမ္မတမွန်းဂျယ်အင်း ကိုယ်တိုင် တောင်းပန်ပြီး ပြင်းပြင်းထန်ထန်စုံစမ်းခဲ့ရတဲ့ တောင်ကိုရီးယားလေတပ်အမျိုးသမီးအရာရှိသေဆုံးမှု ပြစ်ဒဏ်ချမှတ်နိုင်ပြီ

■■■သမ္မတမွန်းဂျယ်အင်း ကိုယ်တိုင် တောင်းပန်ပြီး ပြင်းပြင်းထန်ထန်စုံစမ်းခဲ့ရတဲ့ တောင်ကိုရီးယားလေတပ်အမျိုးသမီးအရာရှိသေဆုံးမှု ပြစ်ဒဏ်ချမှတ်နိုင်ပြီ

တောင်ကိုရီးယားလေတပ်အမျိုးသမီး အရာရှိ သေဆုံးမှုနဲ့ပတ်သတ်လို့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုလို့ စွဲချက်တင်လိုက်ပြီးနောက် နိုင်ငံအတွင်းရှိ လူ ၁၅ဦးအား ဖမ်းဆီးခဲ့ပြီး လေတပ်အရာရှိ ဆယ်ယောက်ကျော်လည်း စည်းမျဉ်းစည်းကမ်းနဲ့အညီ အပြစ်ပေးခြင်းခံခဲ့ရပါတယ်။

တောင်ကိုရီးယားစစ်တပ်ဟာ အမျိုးသမီးတပ်သားများအားလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုများနဲ့ ခွဲခြားဆက်ဆံမှုများရှိတယ်လို့ စွပ်စွဲချက်တွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ယခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်အမျိုးသားဖြစ်သူက လေတပ်ဗိုလ်ကြီးဖြစ်သူ အမျိုးသမီးအား ကားအတွင်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားအနိုင်ကျင့်ခဲ့တာလို့ သိရပါတယ်။

လေတပ်အရာရှိ အမျိုးသမီးဟာ ထိုဖြစ်စဉ်ကို အထက်အရာရှိများနဲ့ တိုင်ကြားခဲ့ပေမယ့် အထက်အရှာရှိများက တိုးတိုးတိတ်တိတ်သာဖြေရှင်းရန်သာတွန်းအားပေးခံခဲ့ရပြီး လုပ်ဖော်ကိုင်ဖက်အရာရှိတွေကလည်း ဖြစ်စဉ်ကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။

မေလမှာတော့ လေတပ်အရာရှိ အမျိုးသမီးဟာ သူမတရားဝင်နေထိုင်ရာ အဆောက်အဦးတွင်းမှာပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။ လေတပ်အရာရှိ

အမျိုးသမီး ကိုယ့်ကိုကိုယ် သတ်သေခဲ့တဲ့ အမှုဟာ တောင်ကိုရီးယားနိုင်ငံအတွင်း ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပြီး အမှုအခင်းအတွက် အကြီးဆုံးတာဝန်ရှိတဲ့ လေတပ်ဦးစီးချုပ် အီဆုင်းယောင်းကို တာဝန်မှ နှုတ်ထွက်စေခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတမွန်းဂျယ်အင်း ကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ပြီး ဒီအမှုနဲ့ပတ်သတ်လို့ ပြင်းပြင်းထန်ထန်စစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။

ဇွန်လတွင်တော့ အမှုအခင်းနဲ့ပတ်သတ်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ အရာရှိကိုဖမ်းစီးကာ ဒါဇင်နဲ့ချီသော အရာရှိများအားလုံးလည်း အမှုအခင်းကို ဝိုင်းဝန်းဖုံးကွယ်ဖို့ ကြိုးစားခဲ့တာကြောင့် အရေးယူခြင်းခံခဲ့ရပါတယ်။

Crd

zawgyi

■■■သမၼတမြန္းဂ်ယ္အင္း ကိုယ္တိုင္ ေတာင္းပန္ၿပီး ျပင္းျပင္းထန္ထန္စုံစမ္းခဲ့ရတဲ့ ေတာင္ကိုရီးယားေလတပ္အမ်ိဳးသမီးအရာရွိေသဆုံးမႈ ျပစ္ဒဏ္ခ်မွတ္နိုင္ၿပီ

ေတာင္ကိုရီးယားေလတပ္အမ်ိဳးသမီး အရာရွိ ေသဆုံးမႈနဲ႔ပတ္သတ္လို႔ လိင္ပိုင္းဆိုင္ရာအနိုင္က်င့္မႈလို႔ စြဲခ်က္တင္လိုက္ၿပီးေနာက္ နိုင္ငံအတြင္းရွိ လူ ၁၅ဦးအား ဖမ္းဆီးခဲ့ၿပီး ေလတပ္အရာရွိ ဆယ္ေယာက္ေက်ာ္လည္း စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ အျပစ္ေပးျခင္းခံခဲ့ရပါတယ္။

ေတာင္ကိုရီးယားစစ္တပ္ဟာ အမ်ိဳးသမီးတပ္သားမ်ားအားလိင္ပိုင္းဆိုင္ရာအနိုင္က်င့္မႈမ်ားနဲ႔ ခြဲျခားဆက္ဆံမႈမ်ားရွိတယ္လို႔ စြပ္စြဲခ်က္ေတြကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ယခုႏွစ္ မတ္လအတြင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး လုပ္ေဖာ္ကိုင္ဖက္အမ်ိဳးသားျဖစ္သူက ေလတပ္ဗိုလ္ႀကီးျဖစ္သူ အမ်ိဳးသမီးအား ကားအတြင္းမွာ လိင္ပိုင္းဆိုင္ရာေစာ္ကားအနိုင္က်င့္ခဲ့တာလို႔ သိရပါတယ္။

ေလတပ္အရာရွိ အမ်ိဳးသမီးဟာ ထိုျဖစ္စဥ္ကို အထက္အရာရွိမ်ားနဲ႔ တိုင္ၾကားခဲ့ေပမယ့္ အထက္အရွာရွိမ်ားက တိုးတိုးတိတ္တိတ္သာေျဖရွင္းရန္သာတြန္းအားေပးခံခဲ့ရၿပီး လုပ္ေဖာ္ကိုင္ဖက္အရာရွိေတြကလည္း ျဖစ္စဥ္ကို ဖုံးကြယ္ဖို႔ႀကိဳးစားခဲ့ၾကပါတယ္။

ေမလမွာေတာ့ ေလတပ္အရာရွိ အမ်ိဳးသမီးဟာ သူမတရားဝင္ေနထိုင္ရာ အေဆာက္အဦးတြင္းမွာပဲ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ခဲ့ပါတယ္။ ေလတပ္အရာရွိ

အမ်ိဳးသမီး ကိုယ့္ကိုကိုယ္ သတ္ေသခဲ့တဲ့ အမႈဟာ ေတာင္ကိုရီးယားနိုင္ငံအတြင္း ႐ုတ္႐ုတ္သဲသဲျဖစ္ေစခဲ့ၿပီး အမႈအခင္းအတြက္ အႀကီးဆုံးတာဝန္ရွိတဲ့ ေလတပ္ဦးစီးခ်ဳပ္ အီဆုင္းေယာင္းကို တာဝန္မွ ႏႈတ္ထြက္ေစခဲ့ပါတယ္။

ေတာင္ကိုရီးယား သမၼတမြန္းဂ်ယ္အင္း ကိုယ္တိုင္ ေတာင္းပန္စကားဆိုခဲ့ၿပီး ဒီအမႈနဲ႔ပတ္သတ္လို႔ ျပင္းျပင္းထန္ထန္စစ္ေဆးဖို႔ အမိန႔္ေပးခဲ့ပါတယ္။

ဇြန္လတြင္ေတာ့ အမႈအခင္းနဲ႔ပတ္သတ္ၿပီး ျပစ္မႈက်ဴးလြန္ခဲ့တဲ့ အရာရွိကိုဖမ္းစီးကာ ဒါဇင္နဲ႔ခ်ီေသာ အရာရွိမ်ားအားလုံးလည္း အမႈအခင္းကို ဝိုင္းဝန္းဖုံးကြယ္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ အေရးယူျခင္းခံခဲ့ရပါတယ္။

Crd.