■■■ရေကြီးနေလို့ ဒန်အိုးကြီးကို စီးကာ မင်္ဂလာပွဲမဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ အိန္ဒိယစုံတွဲ

■■■ရေကြီးနေလို့ ဒန်အိုးကြီးကို ပျော်ပျော်စီးကာ မင်္ဂလာပွဲမဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ အိန္ဒိယစုံတွဲ

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်အတွင်းက စုံတွဲတစ်တွဲဟာ သူတို့မြို့မှာ ရေကြီးရေလျှံမှုကြောင့် လမ်းတွေရေနစ်မြုပ်နေချိန်မှာ မင်္ဂလာဆောင်ကျင်းပမယ့်နေရာကို သွားဖို့အခက်တွေ့ခဲ့ရပါတယ်။ ဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ရေကြီးနေတဲ့ လမ်းမတလျှောက်ကို ထမင်းဟင်းချက်တဲ့ ဒန်အိုးကြီးထဲ လိုက်ပါရင်း

မင်္ဂလာပွဲကျင်းပရာနေရာဆီ အရောက်လှမ်းခဲ့ပြီး လက်ထပ်မင်္ဂလာပွဲကို ပြုလုပ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။သူတို့ရဲ့ ဒီလိုသွားရောက်ခဲ့တဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်တွေပေါ်မှာ အကြီးအကျယ်ရေပန်းစားသွားခဲ့ပါတယ်။”အဲဒါက ကျွန်မတို့မထင်မှတ်ထားတဲ့ မင်္ဂလာ ဆောင်တစ်ခုဖြစ်သွားတာပဲ” လို့ သတို့သမီးဖြစ်သူက

ဒေသမီဒီယာ Asianet ကို မင်္ဂလာပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ Thalavady ကျေးရွာက ဘုရားကျောင်းကို ဒန်အိုးကြီးစီးပြီး သွားခဲ့ကြတာဖြစ်ပြီး ဝိုင်းဝန်းကူညီပေးခဲ့သူတွေလည်းရှိခဲ့ပါတယ်။လမ်းမတလျှောက်မှာ သူတို့ကို အိမ်နီးနားချင်းတွေက ဝိုင်းဝန်းကာ တွန်းပို့ပေးခဲ့ကြပြီး အကွာအဝေးအားဖြင့် ပေပေါင်း ၁၆၀၀ ကျော်ရှိတဲ့ ခရီးဖြစ်ခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်နေပြီး လူပေါင်း ၂၈ ဦးအထိ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ကပ်ရောဂါဆိုးအန္တရာယ်ကလည်း ရှိနေတာကြောင့် သူတို့ရဲ့မင်္ဂလာပွဲကို အကျဉ်းချုံးပြီးတော့သာ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

သူတို့နှစ်ဦးဟာ ကျန်းမာရေးလုပ်သားတွေဖြစ်ပြီး မင်္ဂ လာပွဲအတွက်နေ့ကောင်းရက်မြတ်ရွေးချယ်ပြီးမှ မကျင်းပဖြစ်မယ့်အရေးကို စိုးရိမ်ခဲ့ရတယ်လို့လည်း သူတို့ကပြောဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကြိုတင်စီစဉ်ထားတဲ့အတိုင်း မဖြစ်ဖြစ်အောင်ပြုလုပ်ဖို့ကို ကြံဖန်လုပ်ခဲ့ရတာဖြစ်ပြီး သူတို့အတွက်တင်မဟုတ်ဘဲ လူမှုကွန်ရက်အသုံးပြုသူတွေကိုပါ စိတ်ကျေနပ်ပျော်ရွှင်စရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။